လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို တောင်ကြီးမြို့ မြို့တော်ခန်းမ ၌ ကျင်းပရာ အခမ်းအနား သို့ သျှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်က အချိန်နောက်ကျရောက်လာသောကြောင့် ရောက်ရှိစောင့်ကြိုသူများ ဝန်ကြီးများ အမတ်မင်းများက အချိန်မလေးစားဟု ပြောဆိုနေကြကြောင်း ၀န်ကြီးအမတ်မင်းများအသိုင်းအဝိုင်း ကပြောပါသည်။
၂၀၁၃ စက်တင်္ဘာ ၁၃ ရက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အား သျှမ်းပြည်နယ်တောင်ကြီး၊ လားရှိုး၊ တာချီလိတ် ကျိုင်းတုံမြို့ကြီးများ၌ အခမ်းအနားကျင်းပကြကြောင်း၊ တောင်ကြီးမြို့ အခမ်းအနားအား နံနက်ကိုးနာရီ စတင် မည်ဟုဆိုသော်လည်း သျှမ်းပြည်နယ်ဝန်ကြီးချုပ်က ၉ နာရီ ၁၅ မိနစ်မှ ရောက်ရှိသဖြင့် အချိန်နောက် ကျမှ ပွဲစရ ကြောင်း အမတ်မင်းတဦးက ပြောပါသည်။
“အခုက ဒီမိုကရေစီခေတ်ကို လှမ်းနေပြီလို့ ပြောကြတယ်မဟုတ်လား။ အချိန်လေးစားရမှာပေါ့။ ဝန်ကြီးချုပ်ပဲ။ အခုက လွှတ်တော်အစည်းအဝေးမှာလဲ ၅ မိနစ် ၁၀ မိနစ်နောက်ကျတယ်။ အခုလဲ ကျနော်တို့က နံနက် ရ ခွဲကတည်း က ကားပေါ်တက်ရတာ။ စစ်ဗိုလ် ချုပ်ခေတ်က လိုဘဲ မှတ်နေတာလားမသိပါဘူး” - ဟု အခမ်းအနားတက်ရောက် သည့် အမတ်မင်းတဦးက ပြောပါသည်။
တောင်ကြီး မြို့တော်ခန်းမ ၌ ကျင်းပသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တောင်ကြီးမြို့ရှိ ပြည်နယ်အုပ်ချုပ်ရေးအရာရှိများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိ များ၊ ပြည်နယ်လွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့မဟုတ်သည့် နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့အစည်းများ လူအင်အား တစ်ရာကျော်
တက်ရောက်သည်ဟု တက် ရောက်သူ တောင်ကြီးမြို့ခံ နန်းဖြူဖြူခမ်းက ပြောသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ပထမအကြိမ် အခမ်းအနားအဖွင့်အမှာစကားပြောရန်အချိန် ၁၅ မိနစ် နောက် ကျရောက်သည့်သျှမ်းပြည်နယ်ဝန်ကြီးချုပ်စဝ်အောင်မြတ်မှာပြည်ထောင် စုကြံ့ခိုင်ရေးပါတီမှ ဖြစ်ပြီး မြန်မာစစ်တပ်၌ ဗိုလ်မှူးကြီးရာထူးအထိတာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။