ဆွေးနွေးရန် ညီလာခံတက်ရောက်ခြင်းမဟုတ် လေ့လာရန်သာဖြစ် - ဝ ကိုယ်စားလှယ်ပြော

ဆွေးနွေးရန် ညီလာခံတက်ရောက်ခြင်းမဟုတ် လေ့လာရန်သာဖြစ် - ဝ ကိုယ်စားလှယ်ပြော
by -
သျှမ်းသံတော်ဆင့်

တိုင်းရင်းသားညီလာခံသို့ တက်ရောက်လာသည့် ၀ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က အထက်ခေါင်းဆောင်များအားပြန် လည်တင်ပြရန်အတွက် လာရောက်လေ့လာခြင်းသာဖြစ်ကြောင်း ပြောဆိုလိုက်ပါသည်။

ဝ တပ်ဖွဲ့၏ ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးသျှောင်းဆမ်ခွန်း

“ကျနော်တို့ လာနားထောင်တာပါ။ လာပြောဖို့မဟုတ်ပါဘူး” ဟု ဝ တပ်ဖွဲ့ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးသျှောင်းဆမ် ခွန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ထိုင်း-မြန်မာနယ်စပ် တိုင်းရင်းသားအရေးလုပ်နေသည့်အဖွဲ့များ၏ လှုပ်ရှားမှုများမှ ဖိတ်ကြားမှုကို ဝ တပ်ဖွဲ့အနေဖြင့် လက် ခံ တက်ရောက်ခဲ့သည်မှာလည်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခင်က ၄ ကြိမ် ၄ ခါ ဖိတ်ကြားစာများလက်ခံရရှိကြောင်း သို့သော်အနောက်အုပ်စုဘက်ဆီကိုဦးတည်သည့်လမ်းကြောင်းပေါ် ဝ တပ်ဖွဲ့ရောက်နေသည်ဟူ၍  တပါးသူများ စိတ်လက် မချမ်းသာဖြစ်မည်ကို ဝ တပ်ဖွဲ့ခေါင်းဆောင်ကြီးများ စိုးရိမ်သဖြင့် ဖိတ်ကြားမှုများကို မတက်ရောက်ခဲ့ခြင်းဖြစ် သည်ဟုလည်း သျှောင်းဆမ်ခွန်းက ပြောပါသည်။

၂၀၀၈ ခုနှစ်က UNODC ဖိတ်ခေါ်မှုအရ  ဝ တပ်ဖွဲ့ ကိုယ်စားလှယ်အဖြစ် ဦးသျှောင်းဆမ်ခွန်းက ထိုင်း နိုင်ငံချင်းမိုင်မြို့နှင့် ချင်းရိုင်းမြို့ လေ့လာရေးခရီးစဉ်အဖြစ်ရောက်ခဲ့ဖူးသည်ဟု ဆိုပါသည်။

မည်သို့ပင်ဖြစ်စေကာမူ အနောက်နိုင်ငံများက  ဝ တပ်ဖွဲ့အား မူးယစ်ဆေးဝါးစိုက်ပျိုးကူးသန်းရောင်းဝယ် သည်ဟု သံသယရှိနေ ဆဲဖြစ်သည်။

ငြိမ်းချမ်းရေးနှင့်အမျိုးသားရင်ကြားစေ့ရေး တိုင်းရင်းသားညီလာခံ ပထမနေ့တွင်ညီညွတ်သော တိုင်းရင်းသား များဖက်ဒရယ် ကောင်စီ UNFC ၏အဖွဲ့ဝင်များမှ လူဦးရေ ၁၂၀ ကျော်တက်ရောက်ခဲ့ကြောင်း၊ UNFC နှင့်နေပြည်တော် အစိုးရတို့ယခုထိ ငြိမ်းချမ်း ရေးအတွက်တွေ့ဆုံဆွေးနွေးခဲ့မှု ဖက်ဒရယ်ဒီမိုကရေစီ၊ ဖက်ဒရယ်တပ်မတော်၊ တပြည်လုံးအပစ်ရပ်ရေးသဘော တူညီချက်၊ ၂၀၀၈ ဖွဲ့စည်း ပုံပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက်ပြင်ဆင်ရေးအတွက်တို့ကိုပါ ဆွေးနွေးခဲ့ကြသည်။

အဆိုပါညီလာခံနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ညီလာခံပြီးဆုံးသည့် ဂျူလိုင် ၃၁ ရက် ယနေ့ညနေပိုင်းတွင် ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း မဖြစ်မြောက်ခဲ့ဘဲ ဩဂတ်စ်လ ၂ ရက်နေ့မှသာ ပြုလုပ်မည်ဖြစ်ကြောင်း ထပ်မံသတင်းရရှိ ခဲ့ပါသည်။

Most read this week