သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် စည်ပင်သာယာစျေး ရွှေရောင်းတိုက်တန်း တွင် မနေ့က ၁၂ နာရီခွဲအချိန် ဓါးပြတိုက်မှုဖြစ်ပွားပြီး ရွှေ ၁ ပိဿာခန့်ကျော် ပါသွားကြောင်း ရွှေ အရောင်းဆိုင်များ ထံမှ သိရသည်။
“ဓါးပြ က ၃ ယောက်ပါ ၊ အားလုံးက ဖုံကာ(ပါးစပ်အုပ်) အုပ်ထားကြတယ်၊ ဗ မာလူမျိုးဘဲ။ တစ်ယောက်က ကျနော် နဖူးကို ပစ္စတိုနဲ့ ထောက်ထားတယ်၊တစ်ယောက်က ကျနော် ဇနီးကိုသေနတ်နဲ့ချိန်ထားတယ် ၊ကျန် တဲ့တစ် ယောက် ရွှေခင်းထားတဲ့ ရှိုးကေ့ဗီဒို၏ထဲကရွှေကို အိတ်နဲ့အမြန်ကောက်ထည့်တာ ၊ ကျနော်ဘယ်အော် ရဲမလဲ သေနတ်က အစစ်ဗျ” ဓါးပြတိုက်ခံရသော ဆိုင်ရှင် စိုင်းရီမွန်းက ပြောပြကြောင်း အနီးရှိရွှေ ကုန်သည်တစ်ဦးက သျှမ်းသံ တော်ဆင့်သို့ပြောသည်။
ဓါးပြတိုက်ခံရသောဆိုင် နာမည် မှာ ရွှေလင်းရောင် ဖြစ်ပြီး ပိုင်ရှင်မှာစယ်လန့်ကျေးရွာအုပ်စုနေ စိုင်းရီမွန်း နန်းအေယိမ်း ဖြစ်ကြောင်း၊ ဓါးပြထံပါသွားသောရွှေမှာ ၁ ပိဿာကျော်ခန့်ရှိပြီး ကာလတန်ဖိုးမှာ ကျပ် သိန်းပေါင်း ၁ ထောင်နီးပါးရှိကြောင်း ၄င်းကဆိုသည်။
“ဒီနေ့ ဓါးပြတိုက် တဲ့ အဖွဲ့ကတော်တော် ရဲတင်းတာပဲ ၊ မူစယ်စျေးနေ့လဲဖြစ် ၊ နေ့ခင်းကြောင်တောင် ကြီးလဲဖြစ် နေသေးတယ်၊ ဓါးပြတိုက်ပြီးတော့ မိနစ် ၂၀ လောက်မှ ရဲတွေက ရောက်လာတာ ဘယ်ဖမ်းမိ မလဲ၊ ရွှေဆိုင်တိုင်း တော့ လုံခြုံရေးကင်မရာ(CCTV) တပ်ဆင်ထားကြတယ်။ ဒါပေမဲ့တိုက်တိုက်ဆိုင်ဆိုင် ဓါးပြတိုက်ခံရတဲ့ ဆိုင်က (Memory card) ကို မနေ့ကပဲ အိမ်မှာကြည့်ဖို့ ဖြုတ်ထားပြီး ပြန်မတပ်ရသေး ဘူး၊ ဓါးပြက ဘယ်သူဘယ်ဝါဆို တာ ဘယ်မှတ်မိတော့မလဲ” ဟု အခြားသောရွှေဆိုင်ပိုင်ရှင် အမျိုးသမီးကြီး တစ်ဦး က ပြောသည်။
မူစယ်ခရိုင် တရုတ်နယ်စပ် ဂျေကောင်နှင့် ထိစပ်နေသောမြို့ ဖြစ်ပြီး ဓါးပြတိုက်မှု ၊လုယက်မှု နှင့် လူသတ် မှုတို့ သည် တစ်လ တစ်ကြိမ် ပုံမှန်ဖြစ်ပေါ်နေပြီး တရားခံများကို တစ်ကြိမ်တစ်ခါမျှ ဖမ်းဆီးအရေး ယူနိုင် ခြင်း မရှိကြောင်း ဒေသခံများကပြောပါသည်။