လွယ်ဂျယ် - ဗန်းမော်လမ်း တရုတ်ကုန်တင်သွင်းမှု ကျဆင်း

လွယ်ဂျယ် - ဗန်းမော်လမ်း တရုတ်ကုန်တင်သွင်းမှု ကျဆင်း
by -
သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သည့် မူစယ် - မန္တလေးလမ်းတွင် မိုဘိုင်း အဖွဲ့များက တရုတ် နယ်စပ်မှ တင်သွင်းသည့် ကုန်စည်များအပေါ် ဂျူတီခွန် ဆောင်ခိုင်းလျှက်ရှိရာ အကျိုးဆက် အနေဖြင့် ဗန်းမော် - လွယ်ဂျယ်လမ်းမှ တဆင့် တရုတ်ကုန်တင်သွင်းမှု ကျဆင်းလာကြောင်း သိရသည်။

လွယ်ဂျယ် - ဗန်းမော်လမ်း တရုတ်ကုန်တင်သွင်းမှု ကျဆင်း

“အခု လွယ်ဂျယ် - ဗန်းမော်လမ်းမှာ ဘာကုန်မှမဆင်းဘူး၊ မဆင်းသလောက်ပဲပေါ့၊ မူစယ် - မန္တလေးလမ်း ဘက်မှာ မိုဘိုင်းတွေ တအားဖမ်းလို့ မိုဘိုင်းက မန္တလေးမှာရှိတဲ့အခါကျတော့ ဗန်းမော်ကနေ မန္တလေးပြန် သယ်တဲ့အခါ အဖမ်းခံရ တယ်လေ။ ဒီကနေ ကုန်သည်နဲ့ ကာစတန်နဲ့ပေါင်းပြီး ဂျူတီလိမ်တင်တဲ့ကိစ္စ တွေရှိတယ်။ အဲဒါကြောင့် မန္တလေးသယ်ဖို့ခက်တယ်” ဟု ၄င်းကုန်သည်က ပြောသည်။

တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းတွင် လွယ်ဂျယ် - ဗန်းမော်လမ်းသည် ဒုတိယအကြီးဆုံး ကုန်သွယ်ရေး လမ်းကြောင်း တစ်ခု ဖြစ်သည်။

အဆိုပါလမ်းမှတဆင့် ပုံမှန်အားဖြင့် တရုတ်ဘက်မှ အသီးအနှံ၊ အထည်အလိပ်၊ လျှပ်စစ်ပစ္စည်း၊ ဆိုင်ကယ် ထော်လာဂျီ နှင့် စက်အပိုပစ္စည်း၊ လူသုံးအိမ်သုံးပစ္စည်း အမြောက်အများ တင်သွင်းနေသော်လည်း ယခုအခါ အသီးအနှံနှင့် လူသုံး အိမ်သုံးပစ္စည်း တချို့ တင်သွင်းမှုသာရှိတော့ကြောင်း သိရသည်။