သျှမ်းရိုးရာဆီမီးပူဇော်ပွဲ ဗျူဟာမှူးရုံး အရာရှိ နှောင့်ယှက်

သျှမ်းရိုးရာဆီမီးပူဇော်ပွဲ ဗျူဟာမှူးရုံး အရာရှိ နှောင့်ယှက်
by -
သျှမ်းသံတော်ဆင့်

သံလွင်အရှေ့ခြမ်း မိုင်းတုံ မြို့နယ် ပုံပါကျင်မြို့နယ်ခွဲ ဆီမီးပူဇော်ပွဲ၌ သီချင်းမဆိုရသဖြင့် ဗျူဟာရုံးအရာရှိက ပွဲလန့် အောင်လုပ်သဖြင့်  ပွဲဖျက်လိုက်ရကြောင်း ဒေသခံများက ပြောသည်။

shan091
“မနေ့ကဆီမီးပူဇော်ပွဲ  စတဲ့နေ့ပေါ့။  ဗမာသီချင်းဆိုချင်တာကို တီးဝိုင်းကမတီးပေးလို့ဆိုပြီး စတိတ်စင်ပေါ် ပျောက်အိုးဖေါက်ပြီး ဆက်တိုက်ပစ်တင်လိုက်တယ်။ ပုံပါကျင်ဗျူဟာရုံးက ဗိုလ်ကြီးမျိုးဇော်ဝင်းပေါ့။

ယင်းကိစ္စနှင့် ပတ်သက်၍ ပွဲဖြစ်မြောက်ရေးကော်မတီက ဗျူဟာရုံးအရာရှိအား တစုံတရာ ပြောဆိုသတိပေးခြင်း မရှိသလို ပွဲဆက်ကျင်းပရန်လည်းမရှိကြောင်း သိရသည်။ ထို့အပြင်၎င်းမှ လာရောက်တောင်းပန်ခြင်းမပြုပါက လွှတ်တော် အတွင်း တင်ပြရန် စီစဉ်သွားမည်ဖြစ်ကြောင်း အဆိုပါလူငယ်ကဆက်လက်ပြောဆိုသည်။

“အဲဒီဗိုလ်ကြီးက ဒီကိုရောက်တာကြာပါပြီ။ အရင်တုန်းက သျှမ်းဘောင်းဘီဝတ်ပြီး သျှမ်းပွဲလာလေ့ရှိတယ်။ ပြဿနာမရှာဘူး။ ဒီတခေါက်အရက်သောက်ထားတာလဲပါတယ်။ ကောင်မလေးတယောက်က ဗမာသီချင်းဆိုသွားလို့ သူလည်း သီချင်းဆိုချင်စိတ်ပေါက်လာပြီး မဆိုရတော့ စိတ်ရိုင်းဝင်သွားတာနေမှာ” - ဟု ပွဲဖြစ်မြောက်ရေး အဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်ရေးဗိုလ်ကြီးက ကိုယ်တိုင် လာရောက်တောင်းပန်ကြောင်း ယနေ့ ဆီမီးပူဇော်ပွဲဆက် လက်ကျင်းပသွားမည်ဖြစ်ကြောင်း ကျားဖြူပါတီအသိုင်းအဝိုင်းက ဆိုသည်။

ဆီမီးပူဇော်ပွဲအား သီတင်းကျွတ်လ၌ နှစ်စဉ်ကျင်းပလျှက်ရှိပြီး ထိုကဲ့သို့ ပြဿနာပေါ် ပေါက်လေ့မရှိသလို ဒေသခံလူငယ်များခိုက်ရန်ဖြစ်ပွားခြင်းလည်း မရှိဖူးကြောင်း သိရသည်။

Most read this week