ယခုလအတွင်း သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော် မတီ နှစ်ဖက် ကိုယ်စားလှယ်တို့ တွေ့ဆုံမည့် တတိယအကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အဓိကထား ဆွေးနွေးသွား မည်ဟု RCSSသတင်းရပ် ကွက်ကဆိုပါသည်။
“ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးစီမံကိန်း အကြောင်းပါမယ်။ ဆေးဖြတ်ရုံကိစ္စ၊ မူးယစ်ဆေးဝါး ရောင်း ဝယ်မှု တားဆီးနှိမ် နင်းရေးကိစ္စ၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အသိပညာ ပေးရေးကိစ္စ၊ မူးယစ်တိုက် ဖျက်ရေး အတွက်ဆက်ဆံရေးရုံးဖွင့်ဖို့ စတာတွေပါဝင်တယ်” ဟု အမည်မဖော်လိုသည့် RCSS ၏ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးကော်မတီဝင်တဦးကပြောသည်။
ယခုအကြိမ်တွင်မူ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းအတွက် ဘိန်းအစားထိုးသီးနှံ ရှေ့ပြေးစီမံကိန်း (Pilot Project) အဓိက ဆွေးမည်ဖြစ်သည့်အတွက် UNODC ကိုယ်စားလှယ်လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း ပြောပါသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းအား သျှမ်းပြည်တောင်ပိုင်း ၃ မြို့နယ် အတွင်း စတင် အကောင်အထည်ဖော်သွား မည်ဟုဆို၏။ လက်တွေ့အောင်မြင်ပါက ထပ်မံတိုးချဲ့သွားမည်ဟုလည်း ပြောပါသည်။
“မူးယစ်တိုက်ဖျက်ရေးစီမံကိန်းအပြင် ထပ်ပြီးဆွေးနွေးရမှာက အများကြီးကျန်သေးတယ်။ အစိုးရနဲ့ ကျနော်တို့ ကြားမှာ လည်း နားလည်မှု တည်ဆောက်ဖို့ ယုံကြည်မှုတည်ဆောက်ဖို့ အချက်ဟာ အဓိကဆွေးနွေးရမယ့်အထဲမှာပါဝင်နေတယ်။ ကျနော်တို့ဟာ အစိုးရကိုစင်ပြိုင်ဖို့မဟုတ်ပါဘူး။ အစိုးရကို ပံ့ပိုးဖို့ဘဲ။ ဒါကိုနားလည် စေချင်တယ်။ ကျနော်တို့ထိန်းချုပ် နယ်မြေတွေထဲမှာ လှုပ်ရှားသွားလာဖို့အတွက် တိုက်ပွဲတွေ မဖြစ်အောင် ၂ ဦး ၂ ဖက် ထိန်းထိန်းသိမ်းသိမ်းနေသွား နိုင် အောင်စတာတွေလဲပါတယ်။” ဟု ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးယွက်စစ််က ဆိုပါသည်။
ယခုလက်ရှိ RCSS ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အစိုးရသာမက ပြည်သူလူထုလည်း နားမလည်သေး ကြောင်း၊ တခြား အဖွဲ့အစည်းတွေမဆိုထားနှင့် မိမိတပ်တွင်းမှာပင် နားလည်မှု လွှဲနေတာတွေရှိနေသေး ကြောင်း အဆိုပါကော်မတီဝင်က ပြောသည်။
တွေ့ဆုံမည့် နေရာနှင့် ရက်အတိအကျကိုထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း သျှမ်းပြည် တပ်မတော် RCSS/SSA မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်သည့်အဖွဲ့၊ ဗိုလ်မှူးကြီးစိုင်းဟန်နှင့် စဝ်အွတ်ကျေးဆီး တို့ပါဝင်မည်ဖြစ်ကြောင်း၊ မြန်မာအစိုးရဘက်ကမူငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုဥက္ကဌ ၂ ဦးအောင်မင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် နှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း တို့ ပါဝင်မည်ဖြစ်ကြောင်း ကြားသိထားသည်ဟုဆိုပါသည်။
ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုက မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းကို ၂၀၁၄ မှ ၂၀၁၉ သို့ ထပ်မံပြောင်းရွှေ့လိုက်ကြောင်း ယခုလ ၅ ရက်နေ့က ကြေငြာပြီးနောက်ပိုင်း ယခုကဲ့သို့ RCSS/SSA နှင့်မြန်မာအစိုးရတို့ထပ်မံတွေ့ဆုံ ဆွေးနွေးရန်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယခုနှစ် မေလ ၁၉ ရက် ကျိုင်းတုံမြို့၌ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့ပြည်ထောင်စု အဆင့် ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးကာ လက်မှတ်ရေးထိုးခဲ့ကြသော သဘောတူညီချက် ၁၂ ချက်တွင် ပထမအချက်ဖြစ်သော RCSS/SSA ၏ မူးယစ်ဆေးဝါးပပျောက်ရေး ၆ နှစ်စီမံကိန်းကို “ ဝမ်းမြောက်ဝမ်း သာကြိုဆိုကြောင်း” နှင့် “ နိုင်ငံတော်အကြီးအကဲ” ထံပူးပေါင်းဆောင်ရွက်ရေးအတွက် တင်ပြသွားမည်ဟု ပါရှိပါသည်။