မူးယစ်ရာဇာ စိုင်းနော်ခမ်းအတွက် ဟောင်ကောင်ရှေ့နေ အမှုလိုက်ပေးမည်

မူးယစ်ရာဇာ စိုင်းနော်ခမ်းအတွက် ဟောင်ကောင်ရှေ့နေ အမှုလိုက်ပေးမည်
by -
သျှမ်းသံတော်ဆင့်

တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တရားရုံးရောက် ရွှေတြိဂံဒေသမူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း အတွက် မိသားစုဝင်များက ဟောင်ကောင်မှရှေ့နေတဦးအား အမှုလိုက်ပေးရန်ငှားရမ်းလိုက်ကြောင်း နီးစပ်သူတဦးကပြောသည်။

တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တရားရုံးရောက် စိုင်းနော်ခမ်း
“မိသားစုဝင်က ကြောက်လို့ထွက်ပြေးကြတယ်။ အဲတာကို ထွက်မပြေးဖို့၊ ရှေ့နေငှားပေးဖို့ နော်ခမ်းနဲ့ လုပ်ဖော်ကိုင်ဖက်တချို့ကပြောလာကြတယ်လေ။ ဒါကြောင့် ဒီလထဲမှာဘဲ ဟောင်ဟောင်က ရှေ့နေ တယောက်ကို ငှားပေးလိုက်ပြီ” ဟု မိသားစုနှင့်နီးစပ်သူတဦးက သျှမ်းသံတော်ဆင့် အားပြောပြသည်။

စိုင်းနော်ခမ်းအားကူမင်းတရားရုံး၌ စက်တင်ဘာ ၂၀ ရက် မှ ၂၁ ရက်ထိ စစ်ဆေးမေးမြန်းပြီး နောက်  ပြစ်ဒဏ်စီရင်ချမှတ်ရန် တရုတ်အစိုးရက Collegiate Bench အထူးခုံရုံး ဖွဲ့ထားကြောင်း သိရှိရပါသည်။

“တရုတ်မှာ ဥပဒေ ဘယ်လိုရှိတယ်ဆိုတာ ကျနော်တို့ မသိရဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ကြီးသောအမှု ငယ်စေ၊ ငယ်သောအမှု ပပျောက်စေ ဖြစ်သွားအောင် သူ့ရဲ့မိသားစုလည်း တရုတ်ရှေ့နေရှာပြီးတတ် နိုင်သလောက် ကူညီသင့်တယ်” - ဟု ထိုင်းရှေ့နေတစ်ဦးက သျှမ်းသံတော်ဆင့်အား ပြောပြဖူးသည်။

မူးယစ်ရာဇာအမည်ရ ရွှေတြိဂံဒေသ၌ လှုပ်ရှားနေသော စိုင်းနော်ခမ်းအား ထိုင်းဒု-ဝန်ကြီးချုပ် က ဖမ်းမိန့်ကြေငြာပြီး မကြာခင် (ဧပြီ ၂၅ ရက် ၂၀၁၂ ) လောဝ်နိုင်ငံ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ တရုတ်နိုင်ငံသို့ လွဲအပ်ပေးပြီးနောက် စက်တင်္ဘာ ၂၀-၂၂ ရက်နေ့အထိ ခွန်းမင် တရားရုံး၌ ရုံးတင် စစ်ဆေးခြင်းခံရသည်။

ရွှေတြိဂံဒေသအတွင်း စိုင်းနော်ခမ်း မရှိသော်လည်း လက်ကျန် တပည့်တပန်း(ဟောင်း) တစုက လက် နက်ကိုင်ကာ ပြန်လည်လှုပ်ရှားလာနေကြောင်း ဒေသခံများက ပြောသည်။

Most read this week