သျှမ်းပြည် ဆိုကရေးတီးပြိုင်ပွဲ၌ ပထမရသော်လည်း ဗဟိုအဆင့် မတက်ရ

သျှမ်းပြည် ဆိုကရေးတီးပြိုင်ပွဲ၌ ပထမရသော်လည်း ဗဟိုအဆင့် မတက်ရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြို့တော် တောင်ကြီး၌ ပြုလုပ်ကျင်းပသည့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဆိုကရေး တီးပြိုင်ပွဲ၌ မူစယ်ခရိုင်မှ နမ့်ခမ်းမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ပထမ ရရှိခဲ့သော် လည်း ဗဟို အဆင့် နေပြည်တော်သို့ သွားရောက်ယှဉ်ပြိုင်ခွင့် မရကြောင်း သိရှိရပါသည်။

SHAN)
“အစကတော့ ပထမရတဲ့အဖွဲ့ကို သျှမ်းပြည်ကိုယ်စားပြုတဲ့အနေနဲ့ နေပြည်တော်မှာ သွားပြိုင်ရမယ်လို့ ပြောတယ်။ နောက်ဆုံးတော့ တောင်ကြီး (ယဉ်ကျေးမှုဌာန) က နေပြည်တော် သွားပြိုင်ဖို့ဆိုပြီး သျှမ်းဆိုရင် တစ်ခရိုင် ၂ ယောက်၊ တခြားတိုင်းရင်းသားကတော့ လူမျိုးတမျိုးကို ၂ ယောက်နှုန်းနဲ့ ဆိုင်ရာယဉ်ကျေး မှုအဖွဲ့ကို ရွေးခိုင်းပြီး တောင်ကြီးကို ပို့စေတယ်။ ၁၈ ရက်နေ့အထိ camp ထဲဝင်ပြီး နေပြည်တော်မှာ သွားပြိုင်ဖို့ လေ့ကျင့်ပေးနေတယ်” ဟု မူစယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ လူငယ်တစ်ဦးက ပြောပါသည်။

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲကို တောင်ကြီး၌ အောက်တိုဘာ ၅ ရက် နံနက် ၈ နာရီ မှ ၁၁ နာရီထိ ပြုလုပ်ကျင်းပခဲ့ရာ မူစယ်ခရိုင် ကိုယ်စားပြုသည့် နမ့်ခမ်းမြို့နယ် သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ပထမ၊ ဝ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသမှ ဝ ယဉ်ကျေးမှုအဖွဲ့က ဒုတိယ၊ မိုင်းဖြတ် ခရိုင်မှ လားဟူယဉ်ကျေးမှုအဖွဲ့က တတိယ ရရှိသွားကြောင်း သိရသည်။

“နေပြည်တော်မှာ သွားကိုသွားပြိုင်စေရမယ်လို့ အားခဲပြီး လူငယ်တွေက ကြိုးစားကြတာ။ ပထမ ရလာ ပေမယ့် နေပြည်တော်မှာ သွားမပြိုင်ရတော့ ဝမ်းနည်းကြတာပေါ့။ စိတ်ဘယ်ကောင်းမလဲ။ ပြည်နယ် အဆင့်ရလာတဲ့ ပထမဆုက ကျပ်ငွေနှစ်သိန်းတဲ့၊ ကျနော်တို့အဝတ်အစားဖိုးလောက်တောင်မရှိပါဘူး၊ အခုတော့ ကြိုးစားလာ သမျှ အချည်းနှီးဘဲ။  အဲဒါကြောင့် မူစယ်ခရိုင်အနေနဲ့ လူနှစ်ယောက်ပို့ဖို့ ကျနော်တို့ကို ထပ်ပြောလာတယ်။ အားလုံးမသွားရတော့ မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်” ဟု နမ့်ခမ်း သျှမ်းစာပေနှင့်ယဉ်ကျေး မှုအဖွဲ့မှ လူငယ်တစ်ဦးက ပြောပါသည်။

နမ့်ခမ်းမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သည် မူစယ်ခရိုင်အဆင့်ပြိုင်ပွဲ၌ ပထမ ရရှိခဲ့သဖြင့် ပြည်နယ်အဆင့် တောင်ကြီးသို့ သွားရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၂ ရက်(သောကြာနေ့)တွင် အဆိုပါ ပထမဆု ရရှိခဲ့သည့် နမ့်ခမ်းမြို့သျှမ်းစာပေနှင့် ယဉ်ကျေး မှုမှ လူငယ်အကအဖွဲ့အား နမ့်ခမ်းမြို့ခံများက ညစာစားပွဲဖြင့် ဂုဏ်ပြုပွဲပြုလုပ်ပေးမည်ဖြစ် ကြောင်း၊ အဆိုပါ ဂုဏ်ပြုပွဲမှလည်း ကချင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခခံနေရသည့် သျှမ်းလူမျိုးများ အတွက် အလှူငွေ ကောက်ခံသွားမည်ဖြစ်ကြောင်းဆိုသည်။

Most read this week