တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သောအဖွဲ့ ဝ နှင့် မိုင်းလား ခေါင်း ဆောင်များအား စနေနေ့က ကျိုင်းတုံ၌တွေ့ဆုံကာ မူးယစ်ဆေးဝါးကိစ္စ အဓိကထားဆွေးနွေးသွား ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါသည်။
“သီးသန့်လေယာဉ်နဲ့ လာတယ်။ ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တယ်။တိုင်းချုပ် ဒု ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် ရလခ၊ ရမခ နဲ့အတူ တြိဂံ တိုင်းမှူးလဲပါတယ်။ အစိုးရရဲ့ စစ်ခေါင်းဆောင်ပိုင်း အားလုံး ၉ ယောက် လာတယ်၊ အဓိက ကတော့ နိုင်ငံရေး စစ်ရေးဘက်သိပ်မပြောဘူး၊ မူးယစ်ယစ်ဆေးဝါး တိုက်ဖျက်ဖို့ အဓိက ပြောသွားတယ်” - ဟု ကျိုင်းတုံရှိ အပစ်ရပ် ကိုယ်စားလှယ်ရုံးအသိုင်းအဝိုင်းက ပြောပါသည်။
စက်တင်္ဘာ ၆ ရက် မွန်းလွဲ ၁၂:၃၀ နာရီ က သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နှင့်အတူ လားရှိုး၊ ခိုလမ် နှင့် ကျိုင်းတုံမှ စစ်တိုင်းမှူးတို့ ပါဝင်သောအဖွဲ့က UWSA ဝ တပ်ဖွဲ့ ဒု ဥက္ကဌ ရှောက် မင်လျှံ၊ ကျောက် ကော်အန်း၊ လီဂျူးလျဲ့ ခေါ် ဦးအောင်မြင့် ၊ ၁၄:၀၀ နာရီတွင် NDAA-ESS မိုင်းလားတပ်ဖွဲ့ မှ ဥက္ကဌ စိုင်းလင်း၊ ဒုဉက္ကဌ ဆန်းပေ နှင့် ခွန်ဆန်လူ တို့က တွေ့ဆုံဆွေးနွေးကြသည်ဟု ဆိုသည်။
“ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေပြီးတော့ ‘အခုကျနော်တို့တိုင်းပြည်မှာမူးယစ်ဆေးဝါး အရမ်းပေါများ နေတယ်။ ထိုင်း၊ တရုတ်နှင့် အမေရိကန်တွေတောင်မေးမြန်းလာတယ်ဆိုတော့၊ ခင်ဗျားတိုအပစ်ရပ် နယ်မြေတွေလဲ ၂၀၁၅ မှာ မူးယစ်ဆေးဝါးမရှိစေချင်တော့ဘူး၊ ခင်ဗျားတို့နာမည်ပျက်ရင်လဲ၊ ကျနော်တို့ နာမည် အဖျက်ခံရတာနဲ့ အတူတူဘဲ’ စတာတွေပြောတယ်” - ဟု ဝ ၊ မိုင်းလား ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူတဦးကပြောပါသည်။
မြန်မာအစိုးရသည် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး နှင့် CCDAC မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗဟိုကော်မတီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုကလည်း ‘၂၀၁၄ အပြီးလုပ် ဆောင်မည့် မြန်မာနိုင်ငံမူးယစ် ဆေးဝါးတိုက် ဖျက်ရေး စီမံကိန်းအား ၂၀၁၉ အထိ စီမံကိန်းနှစ်ဆက်တိုးထား သည်ဟု ပြောကြောင်း’ - ၆ ရက်နေ့ထုတ်အစိုးရပိုင် သတင်းစာ၌ ရေးသား၏။
ထို့အတူ အာဆီယံနိုင်ငံ အတွင်း မူးယစ်ဆေးဝါး ပပျောက်ရန် မြန်မာနိုင်ငံအပေါ်မူတည်ကြောင်း၊ မြန်မာအစိုး ရ၏ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းပြောင်းလဲမှုကြောင့် အာဆီယံမူးယစ်ကင်းစင်ရေးလည်း ၂၀၁၅ မှ၂၀၂၀ သို့ ရွှေ့သွား ဖွယ်ရှိ ကြောင်း သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းကပြောပါသည်။
ဂျူလိုင် ၁၁-၁၅ အထိ တပ်ဖွဲ့ညီလာခံမှ ဆုံးဖြတ်ချက်အရ ‘စိုက်ပျိုးခြင်း၊ ချက်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း လုံးဝမရှိရ ဆိုသည့်ဝန်ခံကတိအား အိမ်တိုင်း လက်မှတ်ရေးထိုးခိုင်း သည့်နောက် မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်သူ ၃၀၀ ကျော်အား ထိန်းချုပ်ထားပြီးချထားသော စည်းမျဉ်းဥပဒေ အရ တရားစီရင်သွားမည်ဖြစ်ကြောင်း မိုင်းလားအရှိ တဦးကလည်းပြောပါသည်။