လက်နက်ကြီးငယ်ပစ်ခတ်၍ ရိုက်နှက်ချုပ်နှောင်မှုကြောင့် သမ္မတထံ သျှမ်းဒေသခံများတိုင်တန်း

လက်နက်ကြီးငယ်ပစ်ခတ်၍ ရိုက်နှက်ချုပ်နှောင်မှုကြောင့် သမ္မတထံ သျှမ်းဒေသခံများတိုင်တန်း
by -
သျှမ်းသံတော်ဆင့်

မြန်မာအစိုးရတပ်မှ လက်နက်ကြီးငယ်များ ပစ်ခတ်၍ ဒေသခံပြောင်းခြံလုပ်သားနှစ်ဦးအား သုံးရက်ကြာ ဖမ်းဆီးရိုက်နှက် ထားသည့်ကိစ္စအား မကျေနပ်သဖြင့် နောက်နောင်ထိုသို့ထပ်မဖြစ်ပွားအောင် ဒေသခံများက  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်သူ့လွှတ်တော်အမတ်မှတဆင့်တိုင်တန်းလိုက် ကြောင်း ကြားသိရပါသည်။

“ကလေးနှစ်ယောက်က တယောက်က ၁၈ နှစ် တယောက်က ၁၆ နှစ်ဘဲ။ အကြီးကောင်က ကျောပြင်မှာကော၊ ပါးမှာ ကော လက်နက်ကြီးကျည်စတွေ ထိမှန်တယ်၊ အငယ်ကောင်က အရိုက်ခံထားရတာမနည်းဘူး၊ အတွင်းကျေနေတယ်။ အဲဒါ ကို မကျေနပ်လို့ ပြည်သူ့လွှတ်တော်အမတ် စိုင်းအောင်လှ ကနေတဆင့် သမ္မတကြီးဆီကို တနင်္ဂနွေနေ့က တိုင်တန်းရ တာ ဖြစ်တယ်” - ဟု ကူညီလုပ်ဆောင်ပေးသည့် ကျားဖြူပါတီဝင်တဦးကပြောပါသည်။

စက်တင်္ဘာ ၂၄ ရက်နေ့၌ နမ္မတူမြို့ အခြေစိုက် ခမရ ၃၂၄ က ဆိုင်းခေါင်(ဝ်)ကျေးရွာအုပ်စုဘက် စစ်ကြောင်းလှည့် ကြောင်း၊ ပန်ဝိုးရွာနှင့် ပန်မော့ရွာအကြားရောက်၍ နားနေစဉ် လက်ပစ်ဗုံးတလုံး ကျကွဲသောကြောင့် အစိုးရတပ်သား ၂ နှင့်အတူ လမ်းပြပေါ်တာ ပန်ဝိုးရွာသား လုံးစိုင်း(စိုင်းပီး) အသက် ၅၃ နှစ် တို့သေဆုံးခဲ့ရသည်။ ဗုံးသံကြောင့် အနီးရှိ ပြောင်း ခြံလုပ် သား ညီအစ်ကိုနှစ်ဦးက လှန့်၍ ထွက်ပြေးသွားရာ တွင်လည်း အစိုးရတပ်က လက်နက်ကြီး ငယ်များ ပစ် ခတ်ကာ အဆိုပါ ညီအစ်ကိုနှစ်ဦးအားဖမ်းဆီးရိုက်နှက် စစ်ဆေးပြီး တပ်ကုန်း၌ သုံးရက်ကြာချုပ်နှောင်ထား သည့် ကိစ္စရပ်များ အား မကျေနပ်သောကြောင့် တိုင်တန်းရခြင်းဖြစ်ကြောင်း ပြောပါသည်။

ဖမ်းဆီးခံလူငယ်နှစ်ဦးအား သက်သေအထောက်အထားမရှိသောကြောင့် ပြီးခဲ့သည့် ကြာသပတေးနေ့က ပြန်လွှတ်ပေး လိုက်ကြောင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် အစ်ကိုဖြစ်သူ စိုင်းနောင့်လုံအား နမ္မတူမြို့ ပန်ဟိုင်းဆေးရုံသို့ ပို့ဆောင် ကုသရပြီး ညီဖြစ်သူ စိုင်းနောင့်အွန်မှာမူ အတွင်းကျေဝေဒနာဖြင့် အိမ်၌ ဆေးဝါးကုသမှုခံယူနေရသည်ဟု အသိုင်း အဝိုင်းကပြောပါသည်။

“ထိခိုက်နစ်နာမှုအတွက်လျော်ကြေးလဲ လာမပေးဘူး။ အဆိုးဆုံးက သေဆုံးသွားတဲ့ (ဦး)လုံးစိုင်းအတွက် ထောက်ပံ့ ကြေး ပေးမယ်လို့ပြောထားတယ်။ တနင်္ဂနွေနေ့ က ရက်လည် ဆွမ်းသွတ်တရားနာတဲ့အထိလည်း ထောက်ပံ့မှုတစုံ တရာ လာမပေးဘူး၊ မိသားစုနဲ့ ရပ်ရွာအသိုင်းအဝိုင်းရဲ့ ထောက်ပံ့ စုပေါင်းအလှူနဲ့ဘဲ လုပ်လိုက်ရတယ်” - ဟု ရွာသား တဦးကပြောပါသည်။

ခမရ ၃၂၄ အသိုင်းအဝိုင်းမှာမူ အဆိုပါညီအစ်ကိုနှစ်ဦးဖမ်းဆီးရိုက်နှက်ခံရမှုမှန်သော်လည်း အစိုးရတပ်ရ လက်ဗစ် ဗုံးကျဲကွဲမှု မဟုတ်မှန်ကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့မှ ထောင်ထားသော မိုင်းဖြစ်ကြောင်း ပြောပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် SSPP/SSA က တစုံတရာတုန့်ပြန်ချေပခြင်းမရှိပေ။

အဆိုပါဒေသတွင် သျှမ်းပြည်တပ်မတော် SSPP/SSA အပြင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့လည်း သွားရောက်လှုပ်ရှားလေ့ရှိပါသည်။

Most read this week