သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် ဌာနဆိုင်ရာ ဖွဲ့စည်းပုံ ပြောင်းမည်ဟု ဆို

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် ဌာနဆိုင်ရာ ဖွဲ့စည်းပုံ ပြောင်းမည်ဟု ဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ ရဲတပ်ဖွဲ့ ၊ ပညာရေးနှင့် အုပ်ချုပ်ရေးဌာနများတွင် လက်ရှိ တာဝန်ထမ်း ဆောင်နေ သော အမြင့်ဆုံးရာထူးနေရာများ၌ လက်ထောက်ညွန်ကြားရေးမှူး အဆင့်ရှိ သူများဖြင့်အစားထိုးရန် ရှိကြောင်း အဆိုပါ ၀န်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည် ။

၎င်းလက်ထောက်ညွန်ကြားရေးမှူးများဖြင့် အစားထိုးလိုက်ပါက လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ရဲမှူး ၊ ပညာရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့မှာ ဒုတိယအဆင့်၌သာ  တာဝန်ထမ်းဆောင်ရတော့မည် ဖြစ်ကြောင်း ၀န်ထမ်းများနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“မူစယ်မှာတော့ ဌာနဆိုင်ရာ ဖွဲ့စည်းမှု ပုံစံပြောင်းမှာပေါ့နော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးနဲ့ ပညာရေးမှူး ဒီနေရာတွေမှာ လက်ရှိအမြင့်ဆုံးရာထူးနေရာတွေကို လက်ထောက်ညွှန်ကြား ရေးမှူးတွေနဲ့အစား ထိုးခန့်မယ် လက်ရှိ အုပ် ချုပ်နေတဲ့ သူတွေက ဒုတိယအဆင့်နေရာရောက်သွား မှာပေါ့နော် ” ဟု သူက ဆိုသည် ။

ယနေ့အချိန်အထိ အဆိုပါ ပြောင်းလဲမှုဖြစ်ပေါ်လာခြင်း မရှိသေးပဲ အဆင့်မြင့်ဌာနဆိုင်ရာ အုပ်ချုပ် သူများ စာမေးပွဲဖြေဆို ထားကြောင်း အကယ်၍ ဖွဲ့စည်းပုံ ပြောင်းမည်ဆိုပါက လက်ရှိတာဝန်ထမ်း ဆောင်သူများအား တဆင့်မြှင့် ရာထူးတိုး၍ လက်ထောက် ညွန်ကြားရေးမှူးခန့်အပ်မည်လော (သို့မဟုတ်) နေရာပြောင်းရွှေ့ မည်လော ဆိုသည်ကို မသိရသေး ကြောင်း စုံစမ်းသိရသည် ။

Most read this week