မန်တုံမြို့ ရဲ စခန်း နှင့် တယ်လီဖုန်းရုံးတိုက်ခိုက်ခံရ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား

မန်တုံမြို့ ရဲ စခန်း နှင့် တယ်လီဖုန်းရုံးတိုက်ခိုက်ခံရ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်ရှိ မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့ ရဲစခန်းအား လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ  အနီးရှိတယ်လီဖုန်းရုံးပါ တိုက်ခိုက်ခံရ ကြောင်းဒေသခံများက ပြောပါသည်။

Polic_station

“၇ ရက်နေ့ မနက် ၄ နာရီလောက်က ရဲစခန်းကိုလာတိုက်တာ။ ကျနော်တို့ ကြားရတာက မိုးမိတ် ဘက်လှုပ် ရှားတဲ့ ကချင်တပ်ဖွဲ့ တပ်ရင်း ၃၄ က လို့ပြောတယ်။ ရဲ စခန်းကကော ကချင်ဘက်ကကော သေကျေဒဏ်ရာ ရတယ်လို့မကြားမိဘူး၊ တယ်လီဖုန်းရုံးတော့ လက်ပစ်ဗုံး၊ လက်နက်ကြီးကျည်ထိလို့ တော်တော် ပျက်စီးသွား တယ်” - ဟု မန်တုံမြို့ခံတဦးက ပြောပါသည်။

ဩဂတ်စ် ရ ရက် ည ၈ နာရီ၌ မန်တုံရှိ ခလရ ၁၃၀ က ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ရှိသည် ထင်သည့် ဘက် အား လိုက်လံ၍ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ သေကျေဒဏ်ရာရ စာရင်းမသိရ သော်လည်း ဩဂတ်စ် ၈ နံနက် ၈ နာရီ အချိန် နမ့်ဟိုင်းကျေးရွာအုပ်စုဈေး၌ အစိုးရ၏ ခမရ ၃၂၄ အား ထပ်မံ တိုက်ပွဲဖြစ်ရာ အစိုးရဘက် ၂ ယောက်သေ တစ်ယောက်ဒဏ်ရာရရှိကြောင်း၊ ထို့အတူ ကချင်လွတ်မြောက်ရေး တပ်ဘက်ကလည်း တယောက်သေဆုံးကြောင်း နမ့်ဟိုင်း ဒေသခံတဦးများက ပြောပါသည်။

“ကျနော်တို့ ဒေဘက်ကနေလို့မကောင်းတော့ဘူး၊ လက်နက်ကိုင်တပ်ဖွဲ့တွေကများတော့ မြန်မာတပ်က တော နင်းလိုက်ရှာတယ်။ တိုက်ပွဲမကြာခဏ ဖြစ်တယ်။ ကချင်ကော သျှမ်းကော ပလောင် (တအာင်း) ကော ရှိတယ်။ တခြားမသိတဲ့ ဘာသာစကားတောင် ပြောသေးတယ်၊ အသံက ဝ စကားလိုလိုဘဲ၊ တခါတလေ တရုတ်လိုလဲ ပြောသံကြားတယ်” - ဟု မိုးမိတ်၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူဒေသဘက် သွားလာသည့် ူဒေသခံတဦးကပြောပါ သည်။

ထို့အတူ ပြီးခဲ့သည့် အပတ်တွင်းကလည်း လားရှိုးမြို့အထွက် ဟိုပိတ် ကျေးရွာအုပ်စုအလွန် သိန္နီမြို့ဘက်ဦး တည်သွားသည့် မြန်မာအစိုးရတပ် ခမရ ၅၀၆ ယာဉ်တန်းအား ကချင်လွတ်မြောက်ရေးတပ်နှင့် တခြား ပူးပေါင်း လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့သောကြောင့် မြန်မာစစ်တပ်ဘက် စစ်ဗိုလ်တဦး အပါအဝင် သုံးဦးသေဆုံးသွားသည်ဟု လားရှိုးမြို့ပေါ်ရောက် ဒေသခံ တဦးကပြောပါသည်။

Most read this week