ကေအိုင်အေ နှင့် အစိုးရတပ် စစ်ရေးတင်းမာမှုကြောင့် ဒေသခံလူထုအခက်တွေ့

ကေအိုင်အေ နှင့် အစိုးရတပ် စစ်ရေးတင်းမာမှုကြောင့် ဒေသခံလူထုအခက်တွေ့
by -
သျှမ်းသံတော်ဆင့်

ကချင်လွတ်လပ်ရေးတပ်မတော်နှင့် မြန်မာအစိုးရတပ်တို့ကြား စစ်ရေးပဠိပက္ခအရှိန်ပိုမြင့်လာသည်နှင့်အမျှ သျှမ်းပြည်မြောက်ပိုင်းဒေသခံများ မိမိအသက်အိုးအိမ်လုံခြုံရေးအတွက်စိုးရိမ်နေရကြောင်း ဒေသခံများ ပြောပြချက်အရ သိရပါသည်။

ကျောက်မဲမြို့ဗဟိုဈေး (ဓါတ်ပုံ- ကျောက်မဲ)
“ည ၈ နာရီနောက်ပိုင်း မြို့ပြင်မထွက်ဖို့ ဆိုင်ရာအာဏာပိုင်တွေက သတိပေးထားတယ်၊ အခုလိုမျိုးဖြစ် လာတာဟာ မေလ တတိယပတ်ကစဖြစ်လာတယ်၊ လုံခြုံရေးကားတွေ၊ SB ကားတွေ၊ ရဲကားတွေအဆက် မပြတ်ကင်းလှည့်နေလို့ အခိုက်မသင့် ရင်ခေါ်ယူစစ်ဆေးမေးမြန်းခံရမှာစိုးလို့ ဘယ်သူမှအပြင်ထွက်ရဲတော့ ဘူး” - ဟု ကျောက်မဲသား စိုင်းစံ ကပြောပါသည်။

မြန်မာအစိုးရတပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ နှစ်ဘက်ပြင်းထန်လာသော တိုက်ပွဲကြောင့် သျှမ်းပြည်မြောက်ပိုင်း မူစယ်၊ နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ သိန္နီ အပြင် လားရှိုး၊ သီပေါ နှင့် ကျောက်မဲ မြို့နယ်အထိ ဂယက်ရိုက်ခဲ့ကြောင်း၊  ဖြစ် ပွားခဲ့သောတိုက်ပွဲအရှိန်ကြောင့်ခရီးသွားများ၊ ကုန်စည်စီးဆင်း မှုများ၊ လူထုအသက် အိုးအိမ်လုံခြုံမှုများ ထိပါးလာကြောင်းဒေသခံ များပြောချက်အရ သိရပါသည်။

“ကျနော်တို့ နမ္မတူကနေ မန်တုန်ဘက်သွားတဲ့လမ်းက အစိုးရတပ်က အရမ်းသွားလာလှုပ်ရှားတယ်။ သီပေါ၊ ကျောက် မဲက တပ် တွေ အဲဒီဘက်အကုန်တက်တယ်၊ ရပ်ရွာတိုင်း ၀င်ထွက်မွေနှောက်တယ်။ အဲဒါကို ကချင်တပ်က အစိုးရတပ် နဲ့အချိန်မရွေး တိုက် ပွဲဖြစ်ပွားနိုင်တယ်။ ဖြတ်သန်းသွားလာတဲ့ ကားတွေကို ပြီးခဲ့ သောကြာ နဲ့ စနေနေ့လောက်က တွေ့တဲ့ကားတွေကို မသွား လာဖို့ ကိုပြောထားတာ။ ဒီရက်တွေတော့ ကားတွေမရှိသလောက်ဘဲ” - ဟု နမ္မတူသား စိုင်းအိုက်ကပြောပါတယ်။

သျှမ်းပြည်မြောက်ပိုင်းတွင် လှုပ်ရှားနေသော လက်နက်ကိုင်တပ်ဖွဲ့များမှာ မြန်မာ့တပ်မတော်အပြင် သျှမ်းပြည်တပ်မတော် တောင်ပိုင်း/မြောက်ပိုင်း တပ်ဖွဲ့၊ တအန်င်း(ပလောင်) အမျိုးသား လွတ်မြောက် ရေးတပ်မတော် TNLA နှင့်ကချင်လွတ် လပ်ရေး တပ်မတော် KIA တို့ ဖြစ်သည်။ ရွှေလီရေ အားလျှပ်စစ် မဟာဓါတ်အားလိုင်း တာဝါ တိုင် (မန်တုံမြို့နယ်အတွင်း) ၃-၄ ခုအား မေလလယ်က ဗုံးခွဲခံရမှုတွင် အစိုးရသတင်း စာက ကချင်လွတ်လပ်ရေး တပ်မတော် ၏ လက်ချက်ဟုစွပ်စွဲထားပါသည်။

ထို့နောက်ပိုင်း အစိုးရတပ်များလည်း အဆိုပါဒေသဘက် စစ်အင်အားတိုးဖြည့် လှုပ်ရှားလာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

Most read this week