၅၄ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ ရွှေလီမြစ်ဝှမ်း၌ ခမ်းနားစွာကျင်းပ

၅၄ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ ရွှေလီမြစ်ဝှမ်း၌ ခမ်းနားစွာကျင်းပ
by -
သျှမ်းသံတော်ဆင့်

မေ ၂၁ ရက် ယနေ့၌ ကျရောက်သော ၅၄ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးအနေ့အခမ်းအနား အား ရွှေလီမြစ်ဝှမ်းဒေသ၌ ပထမဦးဆုံးအကြိမ်ကျင်းပရာ ရပ်ရွာလူထုသုံးထောင်ကျော် တက်ရောက်ခဲ့ကြ သည်ဟုဆိုသည်။

 MG/SHAN)
“ဒီမနက်ပိုင်းကတည်းကအခမ်းအနားစတာ။ ၁၁ နာရီလောက်ပြီးသွားတယ်။ အစီအစဉ်တွေပြီးတော့ ဧည့်သည်တော် တွေကို နေ့လည်စာတည်ခင်းဧည့်ခံတယ်။ ညဘက်ကျရင်လဲ ပျော်ပွဲရွှင်ပွဲရှိဦးမယ်။ အခုတော့မိုးရွာနေလို့ ဘာမှမလုပ် နိုင်သေးဘူး။ နေ့လည်စာ မိတ်ဆုံစားနေကြတယ်” - ဟု အခမ်းအနား တက်ရောက်သည့် မူစယ်ဒေသခံ စိုင်းအိုက်ယီ့ က ပြောပါသည်။

ယနေ့ မေ ၂၁  နံနက်ပိုင်း သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ နောင်မတာ၌ ကျင်းပသော ၅၄ နှစ်မြောက် သျှမ်းပြည် အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားအား ရွှေလီမြစ်ဝှမ်းဒေသမှ ဒေသခံ ၃၀၀၀ ကျော် တက်ရောက် ကြောင်း၊ တပ် ရင်း ရ၀၁ မှ တပ်မှူး ဒုဗိုလ်မှူးကြီး စွမ်မိန်းက တက်ရောက်အမှာစကား ပြောကြောင်း၊ ဗိုလ်မှူးကျော်ကျော် က ABSDF မှ ပေးပို့ သော သဝဏ်လွှာဖြင့်တက်ရောက်အမှာစကား ပြောကြောင်း၊ လူထုကိုယ်စားပရိသတ်တဦးကလည်း အမှာစကား ပြောကြားသည်ဟု သိရပါသည်။

“ကျနော်တို့ဟာ တန်းတူအခွင့်အရေးအတွက် သျှမ်းပြည်လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲနှစ်ပေါင်း များစွာ တိုက်ပွဲဝင်လာခဲ့တယ်။ အခုက အခြေအနေအရ ခေတ္တအပစ်ရပ်ထားတယ်။ ကျနော်တို့တတွေရဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် ကင်းဝေးနေဦးမယ်ဆိုရင်တော့ တိုက်ပွဲပြန်ဝင်ရဦး မှာဘဲ” - ဟု ဒုဗိုလ်မှူးကြီးစွမ်မိန်း က အမှာစကားပြောကြားပါသည်။

“-- ရဲဘော်များခင်ဗျား စစ်အာဏာရှင်ကိုတိုက်ထုတ်ဖို့ တိုက်ပွဲ ဝင်လမ်းကြောင်းသစ်ပေါ်လာပြီ၊ လွှတ်တော်တွင်းတိုက်ပွဲ၊ လွှတ်တော်ပြင်ပ တိုက်ပွဲဝင်လမ်းကြောင်း ရှိပါ တယ်။ လွှတ်တော် ပြင်ပ တိုက်ပွဲကလည်း လွတ်မြောက်ရေးအတွက် အသက်နဲ့အမျှအရေးကြီးပါတယ်။-- အရှိန်မြင့်လုပ်ဖို့လဲလိုအပ်ပါ သည်။ ဦးသိန်းစိန် အစိုးရရဲ့ ပြည်ထောင်စုအဆင့် ပြည်နည်အဆင့် ပြည်ထောင် စုငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဟာ ၂၀၀၈ နားဂစ် ဖွဲ့စည်းပုံခိုင်ခံတည်မြဲရေးအတွက်သာ ဖြစ်ပြီး တိုင်းပြည်နှင့် တိုင်းရင်းသားလူမျိုးများရဲ့ အကျိုးစီးပွားလိုလားသည့် လက္ခဏာမရှိသေးပါ။ အဲဒီ့အတွက် ဦးသိန်း စိန်အစိုးရကို နိုင်ငံရေးသတိ၊ တော်လှန်ရေးသတိ၊  စသည့်သတိများစွာကဆုပ်ကိုင်၍ -- စောင့်ကြည့်လေ့လာ သုံးသပ်ရ မှာဖြစ်ပါတယ် -- ” - ဟု ABSDF မှ ဗိုလ်မှူးကျော်ကျော်က သဝဏ်ဖတ်ကြားသွားသည်ဟု တက်ရောက်သူ လူငယ်တဦး က ပြောပါသည်။

၅၄ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားအား သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ်လွယ်တိုင်းလျဲန်း၌လည်း နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ပါသည်။ 

သျှမ်းပြည်သားများ တန်းတူညီမျှရေး သျှမ်းပြည်သားများလွတ်လပ်ရေးအတွက် တော်လှန်ရေးဖခင် စဝ်နွဲ့စောယန္တ ဦးဆောင်သည့် လူငယ် ၃၁ ဦးဖြင့် နွံစစ်ဟန်တပ်မတော်အား သံလွင်အရှေ့ခြမ်း နမ့်ကျွတ်ချောင်းဝ ၌ သွေးသစ္စာ  သောက်ကာ ၁၉၅၉ မေ ၂၁ ရက်တွင် စတင်တည်ထောင်ခဲ့သည်။