သျှမ်းပြည်နယ် ရဲမှူးကြီး ၀င်းနိုင်အား ရန်ကုန်တိုင်း ရဲမှူးကြီးအဖြစ် ယခုလ ၂၃ ရက်နေ့က နေရာပြောင်း ရွှေ့လိုက်ကာ ၎င်းနေရာတွင် ရဲမှူးကြီး အောင်ဝင်းထွန်းဖြင့် အစားထိုးခန့်အပ် လိုက်ကြောင်း ရဲတပ်ဖွဲ့သတင်း ရပ်ကွက် အဆိုအရ သိရသည်။
သင်္ကြန်ပွဲတော်ရံပုံငွေအတွက် ရဲမှူးကြီးဝင်းနိုင်မှ မူစယ်ခရိုင်ရဲတပ်ဖွဲ့ထံတွင် ငွေကျပ်သိန်း ၁၀၀ တောင်းခံခဲ့ သည် ဆိုသော ပေးစာတစ်စောင် သျှမ်းသံတော်ဆင့်ဝက်ဆိုဒ်တွင် ဖေါ်ပြခံရပြီး နောက် ယခုပြောင်းရွှေ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သို့သော် အထက်ပါပေးစာနှင့် နေရာပြောင်းရွှေ့မှု ဆက်စပ်ခြင်းမရှိပဲ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
သျှမ်းပြည်နယ် ရဲမှူးအဖြစ် ၎င်းတာဝန်ယူစဉ်က ခရိုင်နှင့်မြို့နယ်အဆင့် ရဲအရာရှိအတော်များ များ နေရာပြောင်း ရွှေ့ခံကြ ရပြီး အထက်နှင့်အောက် မကျေလည်မှုများ ရှိခဲ့ကြောင်းသတင်း များ ထွက်ပေါ်ခဲ့သည်။
ယခုလ ၂၃ ရက်နေ့ကပင် ပြည်ထောင်စုလွတ်တော်အတွင်း တပ်မတော်သား လွှတ်တော် ကိုယ် စားလှယ် ၅၉ ဦးကို အဆင့်မြှင့် စစ်အရာရှိများနှင့် အစားထိုးလဲလှယ်ခဲ့ရာ ယခုအခါစစ်တပ် အတွင်း တပ်မှူးအဆင့် အပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်းသိရသည်။