မနက်ဖြန်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များထံ မဲပေးရမည့် စလစ်နံပါတ်အား ကြံ့ခိုင် ရေးပါတီက လိုက်ဝေနေသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ရွေးကောက် ပွဲကော်မရှင်ထံတိုင်ကြားကြောင်း ကြားသိရပါသည်။
“လူထုကို ကူညီသယောင်နဲ့ပေါ့ဗျာ။ မဲပေးရမယ့် အမှတ်စဉ်ကို စလစ်ပြားလေးလုပ်ပြီး ကြံ့ခိုင်ရေးပါတီက အိမ် တိုင် ရာရောက်လိုက်ပေးတာလေ။ ဒီကိစ္စက မဟုတ်သေးဘူးလေ။ လုပ်လဲမလုပ်သင့်ဘူး၊ ဒါ့ကြောင့်ဒီမနက် ကဘဲ ကျနော်ရွေးကောက်ပွဲကော်မရှင်ကိုသွားပြောတယ်” - ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် လောင်း စိုင်းမြင့်မောင်က ပြောပါသည်။
အမှတ် ၃ မဲဆန္ဒနယ် လားရှိုးမြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီက မဲပေးမည့်သူများ အမှတ်စဉ် တုံကင်ပြား လိုက်လံဝေငှခြင်းဖြစ်ကြောင်း၊ ထိုအမှတ်စဉ်များသည်မှန်ကန်ခြင်းလည်း မရှိကြောင်း၊ လိုလည်း မလိုအပ်ကြောင်း၊ ပြည်ခိုင်ဖြိုးကိုသာမဲပေးဖို့ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း လားရှိုးမြို့တွင်း တက်ကြွလှုပ်ရှားသူများက ပြောပါသည်။