သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ သေဆုံးမှုရှိခဲ့သည်ဟု သျှမ်းပြည်မြောက်ပိုင်းရပ်ကွက်မှ သိရပါသည်။
“ဒီမနက်တိုက်ပွဲဖြစ်တာ။ မိနစ် ၂၀ လောက်ကြာတယ်။ ဗမာတပ်က ဆေးမှူး သေတယ်၊ သုံးယောက် ဒဏ်ရာရတယ်” - ဟု တပ်မိသားစုနှင့် နီးစပ်သည့် နမ္မတူ ဒေသခံ တဦးကပြောပါသည်။
မတ်ခ်ျ ၅ ရက် တနင်္လာနေ့ ယနေ့ မနက် ရ နာရီ အချိန်တွင် နမ္မတူမြို့နယ်အတွင်း ဖြတ်သန်းသွယ်တန်းမည့် ရေနံ နှင့် ဂက်စ်ပိုက်လိုင်းလုံခြုံရေးတာဝန်ကျ ဗိုလ်မှူးစိုးထွန်းမြင့် ဦးဆောင်သည့် အစိုးရတပ် ခမရ ၃၂၄ နှင့် ကေအိုင် အေ တပ်တို့ မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု ဒေသခံ နိုင်ငံရေးပါတီဝင်များကပြောပါသည်။
“ကေအိုင်အေဘက်ကတော့ အသေပျောက်ရှိလားမရှိလားတော့မသိဘူး။ တပ်မိသားစုနဲ့နီးစပ်တဲ့ အသိုင်း အဝိုင်း ကတော့ အစိုးရတပ်ဘက်က ဒဏ်ရာအပြင်းအထန်ရတာ ၃ ယောက် ရှိတယ်။ တချို့ပြောတာ သေတဲ့ သူလဲရှိတယ်တဲ့။ ” - ဟု နမ္မတူမြို့နယ် ကျားဖြူပါတီဝင်တဦးက ပြောပါသည်။
ထို့အတူ သီပေါမြို့နယ်အတွင်း သွယ်တန်းနေသည့် ပိုက်လိုင်းစီမံကိန်းရပ်တံ့ရန်၊ မရပ်တံ့ဘဲ ဆက်လက် တည်ဆောက်မည်ဆိုပါက တည်ဆောက်ရေးလုပ်သားများ ပြန်လမ်းရှိမည် မဟုတ် ကြောင်း ဖေဖေါ်ဝါရီလ နှောင်းပိုင်းမှစ၍ ခြိမ်းခြောက်ထားသည်ဟုဆို၏။ ထို့အတွက်ကြောင့် ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းခေတ္တရပ်ဆိုင်းထားရကြောင်း ဒေသခံများကပြောပါသည်။
သို့သော် အဆိုပါခြိမ်းခြောက်မှုနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုခြင်းမရရှိ သေးပေ။
ဝင်ငွေ ဒေါ်လာ၂၉ ဘီလျှံရရှိမည့် နှစ်ပေါင်း ၃၀ ကန်ထရိုက်ရ - ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် သျှမ်းပြည်နယ်မြောက်ပိုင်းမှတဆင့် တရုတ်နိုင်ငံ ကွန်မင်းမြို့သို့ ဖြတ်ဖေါက်သွယ်တန်းမည့် မိုင်တိုင် ၁၆၀၀ ရှိ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းသည် ၂၀၁၃ နှစ်နှောင်းပိုင်းတွင် အစမ်း လည်ပတ် နိုင်မည်ဟု တရုတ်ကုမ္ပဏီက ပြောပါသည်။ အပြီးဆောက်လုပ်နိုင်ရန်အတွက်လည်း အစိုးရတပ်က စစ် အင် အားတပ်ရင်းပေါင်းမြောက်များစွာ (ဒေသတွင်းအခြေစိုက် တပ်ရင်း ၁၄ ရင်း အပြင် အခြားပူးတွဲလုံခြုံရေး ယူပေးသည့် တပ်ရင်းများ) လုံခြုံရေးချထားပါသည်။