သျှမ်းပြည်တပ်မတော် တောင်ပိုင်းဖွဲ့ ဟု လူသိများသည့် RCSS/SSA နှင့် မြန်မာအစိုးရတပ်တို့ အကြား သျှမ်းပြည်နယ်နေ့၌ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရှိရပါသည်။
စစ်ဒေသအတွင်း လှုပ်ရှားသည့်သျှမ်းတပ်မှူးတဦးက - မြန်မာအစိုးရတပ်နှင့် တိုက်ပွဲအဖြစ်ပွားကြောင်း အတည်ပြုသော်လည်း တိုက်ပွဲအသေးစိတ်ကိုမူ ထုတ်ဖေါ်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါသည်။
၂၀၁၂ ဖေဖေါ်ဝါရီလ ရ ရက် နေ့ကျရောက်သော ၆၅ နှစ်မြောက် သျှမ်းပြည်နယ်နေ့၌ လွယ်ကော်ဝမ်း အခြေစိုက် အမှတ် ၁ စစ်ဒေသ သို့မဟုတ် ကျိုင်းတုံစစ်ဒေသအတွင်း မြန်မာအစိုးရ တပ်နှင့် သျှမ်းပြည် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းပါသည်။
“မနေ့က လွယ်ကော်ဝမ်းစစ်ဒေသမှာတိုက်ပွဲဖြစ်တယ်။ သေနတ်သံလက်နက်ကြီးသံတွေတောင်ကြားရတယ်။ နောက်ပြီး ကျနော်တို့ ဘက်မှာလဲ တနေ့တုန်းက ဖြစ်တယ်။ သျှမ်းတပ်ကို ဗမာက လက်နက်ကြီးနဲ့ သွားတိုက် တာ။ မြန်မာစစ်တပ်ဖက်က ၃ ယောက် ဒဏ်ရာရသွားတယ်။” - ဟု တာချီလိတ်ရောက် မိုင်းပြင်းမြို့နယ် မိုင်းပူးလုံ ကျေးရွာအုပ်စု ဒေသခံတဦး ကပြောပါသည်။
သျှမ်းပြည်တပ်တော် RCSS/SSA လွယ်တိုင်းလျဲန်းဌာနချုပ်၌ ကျင်းပသော ၆၅ နှစ်မြောက် သျှမ်းပြည်နယ် နေ့ တွင် ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က- အစိုးရနှင့် ယခုကဲ့သို့ အပစ်ခတ်ရပ်စဲရခြင်းသည် ပြည်သူများ စစ်ဘေးစစ်ဒဏ်မှကင်းဝေးစေရန် မိမိအသက်မွေးဝမ်းကျောင်းလုပ်ငန်း ကောင်းမွန်စွာလုပ်ကိုင် စားသောက်နိုင်ရန် ရည်ရွယ်သည်။ သို့သော် ဦးသိန်းစိန်အစိုးရတပ်က လူထုအသက်အိုးအိမ် လုံခြုံမှုကို ထိခိုက် လာပါက လူထုဘက်မှ ရပ်တည်က ပြန်လည်ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု မိန့်ခွန်းပြောကြားပါ သည်။