ယခုရက်ပိုင်း KIA နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည့် KIA တပ်မဟာ (၄) ထိန်းချုပ်နယ် မြေ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်အတွင်းသို့ အစိုးရစစ်တပ်များ ထပ်မံရောက်ရှိလာကြောင်း သိရသည် ။
ယမန်နေ့ ညနေ ၅ နာရီခန့်က မန္တလေး - မူစယ်လမ်းကြောင်းအတိုင်း လားရှိုးဘက်မှ အစိုးရစစ်သား အပြည့်တင် ဆောင်ထားသည့် စစ်ထရပ်ကား အစီး ၂၀ ခန့် မူစယ်ဘက်သို့ ရောက်ရှိလာကြောင်း မျက်မြင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“လားရှိုးဘက်ကနေ ထွက်လာတာ ၁၀၅ မိုင်ကို ညနေ ၅ နာရီလောက်မှာ ဖြတ်တယ်။ ကားတစ်စီးကို စစ်သား ၁၅ ယောက် ကနေ ၂၀ လောက်အထိပါတယ်။ လားတင်ထားတဲ့ကားတွေလည်းပါတယ်။ အားလုံးကားအစီး ၂၀ ၀န်းကျင်လောက် ရှိတယ် ” ဟု သူက ဆိုသည် ။
အဆိုပါစစ်ကားများ ညပိုင်း၌ မူစယ်မြို့သို့ ရောက်ရှိလာကြောင်း မူစယ်မြို့ခံများကလည်း ပြောသည် ။ ဒီဇင်ဘာ လကုန်ပိုင်းက သျှမ်းပြည် (မြောက်ပိုင်း) မန်တုံမြို့နယ် အတွင်းရှိ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ စခန်းအား အစိုးရတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဘက်တိုက်ပွဲများ အပြင်းအထန်ဖြစ် ပွား ခဲ့ကြောင်း သိရသည် ။
ယခုအခါ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းရှိ KIA ယောယုံတပ်စခန်းအား အစိုးရတပ်မှလက်နက် ကြီး များဖြင့် နေ့စဉ်ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်