ပြည်သူ့စစ်ပိုင် ဘိန်းချက် စခန်းတခု သျှမ်းပြည် တပ်မတော် SSA-S သိမ်းပိုက်

ပြည်သူ့စစ်ပိုင် ဘိန်းချက် စခန်းတခု သျှမ်းပြည် တပ်မတော် SSA-S သိမ်းပိုက်
by -
သျှမ်းသံတော်ဆင့်

လဲချားမြို့နယ် ဝမ့်ပန်ပြည်သူ့စစ်တပ်ဖွဲ့ပိုင် မူးယစ် ဆေးဝါးထုတ်လုပ်စခန်းအား သျှမ်းပြည် တပ်မ တော် တောင်ပိုင်း တပ်ဖွဲ့ ခေါ် RCSS/SSA မှ ဝင်ရောက် သိမ်းပိုက်ပြီး မူးယစ်ဆေးဝါးဆိုင်ရာ ပစ္စည်းများစာရင်း ပြုစုကာ အစိုးရထပ် အပ်နှံ ကြောင်း သျှမ်းပြည် တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်ကပြောပါ သည်။

“သျှမ်းပြည်တပ်မတော်ရဲ့ လက်အောက်ကနေ ခွဲထွက်ပြီး ပြည်သူ့စစ်လုပ်သွားတဲ့ တပ်မဟာ ရ၅၈ ဗိုလ်မှူးကြီး မိုင်းဇင့် (သေဆုံး) ရဲ့လက်ကျန် ဝမ့်ပန်ဌာနေသူ့စစ် ကာလိန်ထွဲ့ ဦးဆောင်တဲ့အဖွဲ့နဲ့ပါ။ တိုက်ပွဲတော့ မဟုတ်ပါ ဘူး။ အဲဒီ ပြည်သူ့ စစ် တပ်ဖွဲ့ ဝင်တွေကဘဲ သူတို့ခေါင်းဆောင်ကာလိန်ထွဲ့ မရှိတဲ့အချိန်မှာ သျှမ်းပြည်တပ်မတော် ကို လာရောက်ဖိတ်ခေါ်လို့ သူတို့ရဲ့ တပ်စခန်းကိုသွားပြီး ရှာဖွေတာဖြစ်ပါတယ်” ဟု သျှမ်းပြည်တပ်မတော်ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင် ကပြောသည်။

လူထုအပေါ် နှိပ်ကွပ်နေမှုအား ရပ်တန့်ရန်၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုရပ်တန့်ရန် သျှမ်းပြည်တပ်မတော် RCSS/ SSA ထံ ဝင်ရောက် ပူးပေါင်း သည့် ကာလိန်ထွဲ့၏ တပည့် စိုင်းတိ ဦးဆောင်သည့် လူသူလက် နက်အင်အား ၆၀ ခန့်ရှိဝမ့်ပန်ပြည် သူ့စစ် နှင့် ဒေသခံလူထုတို့၏ ဒီဇင်ဘာ ၂၀ ရက်နေ့ကကမ်းလှမ်း တောင်းဆိုမှုကြောင့် ဒီဇင်ဘာ ၂၃ ရက်နေ့က RCSS/ SSA က ဝမ့်ပန်သို့ရောက်ရှိခဲ့  ကြောင်း ဗိုလ်မှူး လောဝ်ဆိုင်က သျှမ်းသံ တော်ဆင့်အား ပြောပြသည်။

“အဲဒီနေ့ ကျနော်တို့တပ်ဖွဲ့ တက်သွားတော့ ကာလိန်ထွဲ့ရဲ့တပ်စခန်းက တပ်သားတွေကကျနော်တို့ကို ခံပစ်တယ်။ ကျနော် တို့ဖက်ကတော့ ပြန်မပစ်ဘူး။  ကျနော်တို့ ငြိမ်းငြိမ်း ချမ်းချမ်း ဆွေးနွေးရအောင်လို့ ပြောတော့ ပစ်တာ ခတ်တာ ရပ်သွား တယ်။ ၂ ဖက်စလုံး ထိခိုက်ဒဏ်ရာရတာမရှိဘူး။

သူတို့နဲ့ဆွေးနွေးတာအောင်မြင်သွားတော့ သူတို့အဖွဲ့ ခေါင်း ဆောင် ဝှက်ထားတဲ့ မူးယစ်ဆေးနဲ့ ထုတ်လုပ်ဖို့ ကုန်ကြမ်းပစ္စည်းတွေ  စက်တွေကို ကျနော်တို့ကို သွားပြတယ်။ ကျနော်တို့သိမ်းဆည်းရမိတာတွေကိုစာရင်း နဲ့ တကွ ရေးမှတ်တယ်။ မှတ်တမ်းဓါတ်ပုံရိုက်တွေ၊ ဗွီဒီယိုတွေ ရိုက်ထားတယ်။ စာရင်းလုပ်ပြီးအစိုးရဆီ ကိုပေးအပ် လိုက်တယ်” ဟု ဆို၏။

၂၄ ရက်နေ့  သျှမ်းပြည်တပ်မတော်မှ တပ်ဆုတ်သွားပြီးနောက်ပိုင်း အဆိုပါစခန်းအား မြန်မာ့တပ်မတော်က ဝင်ရောက် နေရာ ယူကြောင်း ဗိုလ်မှူးလောဝ်ဆိုင်က ပြောသည်။

“သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေက - ၁- အီသာ ၃၂ ပုံး( ၁ ပုံး ၃၀ လီတာ)၊ ၂-အက်ဆစ် ၈၂ ဂါလံ၊ ၃- ဆော်ဒါ ၁၀ အိတ်၊ ၄- ဆခမခ လို့ရေးထားတဲ့ ရေခဲတုံးလိုမျိုး ဟာက ၃ သေတ္တာ၊ ၅- ချက်ပြီးသား ဘိန်းမဲ ၅ အိတ်၊ ၆- ဟောင် ဖီးက ၃၅ ကီလို ဂရမ်၊ ရ- ယာဘထုတ်တဲ့စက် တစုံနဲ့ ၊ ၈- ယာဘ ၅၀ ပြား၊  ကျန်ရှိတဲ့ အကြီးစားစက်ဘိန်း ချက်စက် ၁ လုံး၊ အက်ဆစ် ၂၀ ပေပါ၊ ရေခဲတုံးလိုဟာမျိုးက ၁၀ အိတ်ကြီး စတာတွေကိုတော့ စာရင်းဇယား နဲ့တကွ အစိုးရ ထံအပ်နှံတယ်။ ဘာတွေဆက် လုပ်မလဲဆိုတာ ဆိုင်ရာအထက်လူကြီးတွေ ညှိနှိုင်းတိုင်ပင်နေတယ်၊ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး ကနေတဆင့် နေပြည် တော်ကို တင်ပြပေးဖို့ ကျနော်တို့စာရေးအကြောင်းကြားပြီးပြီ” ဟု ဗိုလ်မှူးလောင်ဆိုင်က ပြောသည်။

အဆိုပါ ဝမ့်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးကာလိန်ထွဲ့မှာ တပ်ပြေး ၄ ယောက်၏ ကျန်ရှိ မိသားစုဝင် (ခလေး နှင့် အမျိုးသမီး) ၁၃ ယောက်အား ပြီးခဲ့သည့်လက သတ်ဖြတ်ရန် အမိန့်ပေးခဲ့သဖြင့် ၎င်းအား မကျေနပ်သည့် (သေဆုံးသူများ နှင့် ဆွေမျိုးတော်စပ်သူ) တပ်မှူးတပ်သားများက RCSS  အား ယခုကဲ့သို့ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၃ ရက် မနက်ပိုင်း ၎င်းတို့ တပ်စခန်းအား သိမ်းပိုက်စဉ်ကလည်း မြန်မာ့တပ်မတော် တပ်ရင်း ၃ ရင်းက အပြင်မှ ဝိုင်းရံထားခဲ့သေးကြောင်း ဗိုလ်မှူးလောဝ်ဆိုင်က ဤကဲ့သို့ ဆက်၍ပြောပြသည်။

“ကျနော်တို့သိမ်းဆည်းရမိတဲ့ စာရင်းတွေလုပ်နေတဲ့အတွက်ကြောင့်  အချိန်ပေးပါ လို့ ဝိုင်းထားတဲ့ မြန်မာစစ်တပ် တွေကို ပြောတယ်။ သို့မဟုတ်ဘဲ ဇွတ်ဝင်လာရင် လမ်းမှာစောင့်နေတဲ့ ကျနော်တို့တပ်နဲ့ ပစ်ရခတ်ရလို့ရှိရင် အခြေအနေက ပိုဆိုး လိမ့်မယ်လို့ပြောတယ်။ ၂၄ ရက် နေ့ခင်းပိုင်း ကျနော်တို့ တပ်ဆုတ်သွားတာနဲ့ ညပိုင်း ၈ နာရီလောက်မှာ အဲ့ဒီဝိုင်းထားတဲ့ မြန်မာစစ်တပ်တွေ ဝင်ရောက်နေရာယူ တပ်ချလိုက်တယ်။ ၂၅ ရက်နေ့ကျတော့ လဲချား နမ့်ဟူးဖရားထမ့်စခန်းက စိုင်းတ တို့အဖွဲ့က တပ်သား မိသားစု မြန်မာစစ်ကား ၁၀ စီး လောက် ဝမ့်ပန် တပ်စခန်းကို တင်လာတယ်။ ဘာဆက်လုပ်မလဲ ဘယ်ဆက်သွားမလဲ တော့ မသိရသေးပါဘူး” ဟုဆို၏။

ဗိုလ်မှူး စိုင်းတ နှင့် ဗိုလ်မှူးကာလိန်ထွဲ့သည် ၂၀၀၅ ခုနှစ် သျှမ်းပြည်တပ်မတော်  RCSS  မှခွဲထွက်၍  နအဖစစ်တပ် ထံ လက်နက်ချသော ဗိုလ်မှူးကြီးမိုင်းဇင့်၏ တပ်မဟာ ရ၅၈ မှ တပ်ဖွဲ့မှူးများဖြစ်သည်။ ၂၀၀၉ မေလ ၂၄ ရက် ဗိုလ်မှူးကြီး မိုင်းဇင့် မြန်မာစစ်ယာဉ်တန်းနှင့်အတူ RCSS/SSA မှာ ခြုံခိုတိုက်ခိုက်ခြင်းခံရ၍ သေဆုံးသွား ပြီးနောက်ပိုင်း လဲချားမြို့ နမ့်ဟူးဖရားထမ့် ပြည်သူ့စစ်တပ်စခန်းတွင် စိုင်းတ က လည်းကောင်း၊ လဲချားမြို့ ဝမ့်ပန်ပြည်သူစစ်စခန်းတွင် ဦးကာလိန် ထွဲ့ က လည်းကောင်းစခန်းထိုင် ခဲ့ကြသည်။