ကချင်စစ်ပြေးဒုက္ခသည်များအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်မှ ကျပ်သိန်း ၃၀၀ လှူဒါန်း လိုက်ပြီး ကချင်ပြည်နယ် NLD ပါတီဝင် များမှ မြို့နယ် ရ ခုရှိ စစ်ပြေးဒုက္ခသည် များထံ ယခုလ ၂၃ နှင့် ၂၄ ရက်နေ့ များကသွားရောက် လှူဒါန်းခဲ့ကြောင်းသိရ သည် ။
ယခုလ ၂၃ ရက်နေ့က မြစ်ကြီးနား ၊ ဝိုင်းမော်နှင့် ၂၄ ရက်နေ့တွင် ဗန်းမော် ၊ မိုးမောက် ၊ မံစီ ၊ ရွေကူနှင့် လွယ်ဂျယ် မြို့ နယ်များ အတွင်းရှိ ဒုက္ခသည်များထံ လှူဒါန်းခဲ့ကြောင်း ကိုယ်တိုင်ပါဝင်သူအမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် ကချင်ပြည်နယ် ဥက္ကဋ္ဌ ဦးတင်ဝယ် က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“မြစ်ကြီးနား ၊ ဝိုင်းမော်မှာရှိတဲ့ ဒုက္ခသည်စခန်း ၂၅ ခုမှာ ၁၆၈ သိန်း ၂ သောင်းနဲ့ ဗန်းမော်မြို့နယ် အတွင်း မှာရှိတဲ့ စခန်း ပေါင်း ၁၈ ခုမှာ ၁၄၂ သိန်း ၂ သောင်း လှူဒါန်းခဲ့ပါတယ် ဗန်းမော်ခရိုင်အတွင်းက ရွေကူ ၊ မိုးမောက် ၊ မံစီ ၊ အပါအဝင် လွယ်ဂျယ် ၊ မန်ဝိန်းကြီး ၊ နောင်တောင်း ၊ မနောင်ပါစတဲ့နယ်စပ်စခန်းတွေ ကိုပါ လှူဒါန်းခဲ့ပါတယ် ” ဟု ပြောသည် ။
မြို့ပေါ်ရှိစခန်းများသို့ အဖွဲ့ချုပ်ပါတီဝင်များကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့သော်လည်း နယ်စပ်ဒေသ စခန်းများ၌ စခန်း တာဝန်ခံ များမှတဆင့် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။
မြို့နယ်များရှိ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၌ ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဝါး ၊ သစ်သားဖြင့် ဆောက် လုပ်ထားသော အဆောက်အဦများတွင် နေရာချထားကြောင်း အဖွဲ့ချုပ်ပါတီဝင် ဦးဇော်သင်းက ပြောသည်။
“ဗန်းမော်မြို့နယ်မှာက လီဆူးနှစ်ခြင်း ၊ ရိုးကြီးရွာမကျောင်း ၊ ကချင်မူရင်းအသင်းတော် ၊ ရောဘတ်ကျောင်း ၊ ကမ်းနား ရိပ်သာ ကျောင်း ၊ သုခဝတီကျောင်း စတဲ့စခန်း ၁၁ ခုပေါ့နော် ရိုမင်ကက်သလစ်ကျောင်းမှာ ကျတော့ တစ်တောင်လောက် အမြင့် ဝါးတဲ ၊ ထရံကာ ၊ သက်ငယ်မိုးနဲ့ထားပါတယ် အခန်းတွေက ၈ ပေခန်း ၉ ပေခန်း ဆောက်ထားတယ် လွတ်လပ်မှုရှိ အောင်နဲ့ မိသားစု အလိုက် ချက်ပြုတ်စားသောက်နိုင်အောင် စီစဉ်ထားပါတယ် ဘုံစခန်းအနေနဲ့ ချက်ပြုတ်ကျွေးမွေးတာက တော့ နမ့်လှိုင်ရွာမှာရှိတယ်ရောဘတ်တို့မှာ တော့ သူ့မိသားစုအလိုက် တစ်ပတ်တစ်ကြိမ် ရိက္ခာထုတ်ပြီးမှ ချက်ပြုတ်စား တယ်” ဟု ဆိုသည် ။
KIA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲ ရ လတာကာလအတွင်း ဗန်းမော်မြို့တွင် စစ်ပြေးဒုက္ခသည် ၃၃၂၈ ဦး ၊ မံစီမြို့တွင် ၄၀၂၀ နှင့် ရွေကူတွင် ၉၆ ဦးနှင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များတွင် ၆၀၀၀ ဝန်းကျင်ခန့် ခိုလှုံနေကြောင်း သိရသည် ။