နေပြည်တော် နှင့် UNFC တွေ့ဆုံရန် ပဏာမ အဆင့်လမ်းခင်းပြီး

နေပြည်တော် နှင့် UNFC တွေ့ဆုံရန် ပဏာမ အဆင့်လမ်းခင်းပြီး
by -
သျှမ်းသံတော်ဆင့်

အစိုးရ၏ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင် မင်းနှင့် UNFC ဒု အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာ တို့တွေ့ဆုံကာပဏာမအဆင့် ထပ်မံတွေ့ ဆုံရန် သဘော တူခဲ့သည်ဟုသိရပါ သည်။

uaungmi-uokkar
“တဖွဲ့ချင်းစီနဲ့တွေ့ဆုံရင် အလုပ်မဖြစ်ဘူးဆိုတာ ဝန်ကြီး ဦးအောင်မင်းသိသွားတယ်။ ကချင် တို့ မွန်တို့ နဲ့ တွေ့ တုန်းက အဆင်မပြေဘူး။ Centralized (ဗဟိုချုပ်ကိုင်မှု) မဖြစ်ဘူး။ UNFC နဲ့ဆို ဝိုင်းကြီးချုပ် စနစ်နဲ့ တွေ့ရင်အစွန်းမထွက် တော့ဘူး။ တယောက်တပေါက်မဖြစ်တော့ဘူး။ သူ့မူနဲ့သူ သွားတော့ ပဏာမ အဆင့် က တော်တော် ပေါက်သွားပြီ” - ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့ ဦးအောင်မင်းဦးဆောင်သော နေပြည်တော်အစိုးရ ငြိမ်းချမ်းရေး အကျိုးတော် ဆောင် အဖွဲ့ နှင့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဒု အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာတို့ ထိုင်းနိုင်ငံ ဘန်ကောက်၌ တွေ့ဆုံခဲ့၏။

နေပြည်တော်အကျိုးတော်ဆောင် အဖွဲ့တွင် ဦးအောင်မင်းနှင့် အတူ ဒေါက်တာ ကျော်ရင် လှိုင်၊ ဦးလှ မောင်ရွှေ၊ ဦးစံနီ၊ ဦးတင်မောင်သန်း၊ ဘုန်းကြီးမောင်မောင်(မွန်သူဠေးကြီး) နှင့် ဦးညို အုန်းမြင့်တို့ ပါဝင်ကြောင်း၊  UNFC  ဘက်တွင် မူ ဗိုလ်မှူးကြီးခွန်ဉက္ကာ တဦးတည်းသာ ရှိ ကြောင်း - သိရပါသည်။

“ပဏာမ အဆင့်တွေ့ဆုံဖို့  UNFC  ကို ကျနော်ကဘဲ စုစည်းပေးရမှာ။ အဆင်သင့်ဖြစ်ရင် ကြိုက်တဲ့ နေရာပြောဘယ်နေရာမဆိုလာခဲ့မယ်လို့ကို ပြောသွားတာ” - ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောပါသည်။

ညီညွှတ်သော တိုင်းရင်းသားလူမျိုး ဖက်ဒရယ်ကောင်စီ UNFC တွင် - (၁) ကချင်လွတ်မြောက်ရေး အဖွဲ့ချုပ် KIO ၊ (၂) ကရင်အမျိုးသားအစည်းအရုံး KNU ၊ (၃) ကရင်နီတိုးတက်ရေးပါတီ KNPP ၊ (၄) သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP ၊ (၅) ချင်းအမျိုးသားတပ်ဦးCNF ၊ (၆) မွန်ပြည် သစ်ပါတီ NMSP နှင့် (၇) လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU ၊ (၈) အမျိုးသားညီညွတ်ရေးပါတီ ရခိုင်ပြည် NUPA ၊ (၉) ပလောင်ပြည် နယ်လွတ်မြောက်ရေး တပ်ဦး PSLF ၊ (၁၀) ပအိုဝ်း အမျိုးသားအဖွဲ့ ချုပ် PNLO ၊(၁၁) ၀ အမျိုးသားအဖွဲ့ချုပ် WNO   တို့ပါဝင်ပါသည်။

Most read this week