သံလွင်အရှေ့ခြမ်းရှိ သျှမ်းတပ်များ ထိုင်းနယ်စပ်သို့ တပ်ရုပ်ခိုင်း

သံလွင်အရှေ့ခြမ်းရှိ သျှမ်းတပ်များ ထိုင်းနယ်စပ်သို့ တပ်ရုပ်ခိုင်း
by -
သျှမ်းသံတော်ဆင့်

တောင်ကြီး၌အပစ်ရပ်ရေးသဘောတူညီချက် လက်မှတ် ရေးထိုးပြီး တလမပြည့်မှီ သံလွင် အရှေ့ခြမ်းရှိ သျှမ်း ပြည်တပ် မတော်တောင် ပိုင်းတပ်ဖွဲ့ဝင်များထိုင်းနယ် စပ်သို့တပ်ရုပ် ပေးရန် အစိုးရကိုယ်စားလှယ်က ပြော ကြား ပါသည်။

“တြိဂံတိုင်းဂျီဝမ်းကနေပြီးတော့ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးကို တဆင့် ပြောခိုင်းတာ။ သံလွင်အရှေ့ခြမ်းမှာ ရှိတဲ့ ကျနော်တို့တပ်အားလုံး ထိုင်း နယ်စပ် မယ့်မော့  ဘက်ကိုရုပ် ခိုင်းတာ” - သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူး လောဝ် ဆိုင်က ပြောပါသည်။

SSAandGovernment
ဒီဇင်ဘာ ၁၇ ရက် သျှမ်းပြည်တပ်မတော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းလ၊ ဒုဗိုလ်မှူး ကြီး စိုင်းငင်း နှင့်နေပြည် တော် အဆင့် ကိုယ်စားလှယ်များဖြစ်သည့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး ၊ တြိဂံတိုင်း ဂျီဝမ်း ဒုဗိုလ်မှူးကြီး ခင်မောင်ထွေး တို့ တွေ့ဆုံ၏။ ထိုသို့တွေ့ဆုံစဉ် အစိုးရကိုယ်စားလှယ်က သံလွင်အရှေ့ခြမ်းရှိ လှုပ်ရှားနေသည့် သျှမ်းတပ်များအားလုံး ထိုင်းနယ်စပ်သို့ရုပ်ပေးရန် ပြောကြားခြင်းဖြစ်ကြောင်း တက်ရောက်သူ ဗိုလ်မှူးကြီး စိုင်းလ က ပြန်လည်ပြောပြသည်။

“ကျနော်တို့က အရင်ကတည်းက ဒီကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းပြင်း တို့ဘက် လှုပ်ရှားနေတာဘဲ။ အဲဒါကို  ကျနော်တို့ကို တပ်ရုပ်ခိုင်းတယ်။ မဖြစ်နိုင်ဘူးလေ။နိုဝင်ဘာ ၁၉ ရက်ထိုင်းနယ်စပ်မှာတွေ့တုန်းကကျနော်တို့ ရောက်တဲ့အရပ်ကျေးရွာ မှာ ပြည်သူတွေနဲ့အတူဆက်လက်နေထိုင်မယ်။ မြို့ပိုင်းမှာအစိုးရတပ်နေ မယ်၊ ကျေးလက်ပိုင်းမှာ ကျနော်တို့ နေမယ်။ အစိုးရစစ်တပ် ကားလမ်း ကနေထွက်ပြီးလှုပ်ရှားရင် ကျနာ်တို့ကို အကြောင်းကြားရမယ်။ ကျနော်တို့လဲ မြို့ပေါ်တက်ရင် အကြောင်းကြားမယ်လို့ ကျနော်တို့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင် ဦးအောင်မင်းနဲ့ သဘောတူထား တဲ့ကိစ္စဘဲ။ အကြောင်းမကြားရင်တော့ ထိပ်တိုက်ရင်ဆိုင်တာတွေဖြစ်လာနိုင်တယ်လေ”

ထို့အတူ ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း သျှမ်းပြည်တပ်မတော် သားများက သျှမ်းပြည်တောင်ပိုင်း ကျိုင်း တောင်း ဘက်မှ မိုင်းပန်ဘက်ခရီးထွက်စဉ် မိုင်းပန်မြို့အရှေ့တောင်ဘက် ဝမ့်ကောဝ်နမ့်တောင်းအနီးနှင့် လဲချားမြို့နယ် အတွင်း ၌ အစိုးရတပ်နှင့်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရသေးသည်ဟုဆို၏။

“အစိုးရစစ်တပ်ဘက်က ၃ ယောက် ဒဏ်ရာအပြင်းအထန်ရတယ်။ ကျနော်တို့ စပစ်လို့ တိုက်ပွဲဖြစ်ရတယ်။ နောက်ပိုင်း မတိုက်ခိုက်ကြဖို့ အစိုးရဘက်က ကျနော်တို့ကိုပြောတယ်။ ဒါပေမယ့် ဒီတိုက်ပွဲက အစိုးရတို့ပြော သလို ကျနော်တို့အရင် တိုက်တာမဟုတ်ဘူး။ ကျနော်တို့လူ လမ်းအကူးမှာ အစိုးရတပ်က အရင်စပစ်တာ။မိမိကိုယ် မိမိကာကွယ်ရမှာဘဲ။ သဘောတူညီချက်အတိုင်းဆိုရင် တိုက်ပွဲဖြစ်စရာအကြောင်းမရှိတော့ဘူးလေ။ ဒါပေမယ့် အစိုးတပ်တွေက တနေရာမှ မရုပ်သေးဘူး။ ကွန်ဟိန်း၊ လဲချား၊ မိုင်းနောင်၊ ကျိုင်းတောင်း၊မိုင်းပန် ဘက်က တောတောင်တွေထဲမှာသူတို့မွှေနှောက် နေတုန်း။ အပစ်ရပ်ဖို့ အောက်ခြေအဆင့်ထိ ညွှန်ကြားချက်မရောက် သေးတာလို့ဘဲထင်တယ်” - သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါ သည်။

တကြိမ်တခါမှ အပစ်မရပ်ဖူးသည့် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ခေါ် RCSS/SSA သည်ဦးသိန်းစိန် အစိုး ရ၏  ကမ်းလှမ်းချက်ကြောင့် ဒီဇင်ဘာ ၂ ရက်နေ့က အပစ်ရပ်ဖို့ နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့ သည်။

Most read this week