သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားဒေသ၌ အပစ် ရပ်သည့် နှစ် ၂၀ ကျော်အတွင်းပညာရေးဖွံ့ဖြိုး တိုးတက်မှု နှောင့်နှေးသည် ကို တွေ့ရကြောင်း မိုင်းလားတပ်ဖွဲ့ အတွင်း အရာရှိများက ပြောသည်။
“၁၉၈၉ ကနေ ၂၀၀၉ အထိနှစ် ၂၀ အတွင်းမှာ ကျနော်တို့ဆီမှာ ပညာရေးဖွံ့ဖြိုးတိုးတက်မှု မရှိသလောက် နှောင့်နှေးတယ် ။ ဘာလို့လဲဆိုတော့ ကလေးတွေက ဗမာစကားနားမလည်ကြဘူး။ ဆရာ ဆရာမတွေကလဲ ဝတ်ကျေတန်းကျေဘဲ သင်ပေး တယ်။ ပြီးတော့ ၁ နှစ် ၂ နှစ်ဘဲနေပြီး ပြန်သွားတယ်။အသစ်ထပ်ရောက်လာတဲ့ တယောက်က အစကနေ ပြန်သင်တယ် - ဆိုတော့ ကလေးတွေက ကြာလာ တော့ ကျောင်းစာအပေါ် စိတ်မဝင်စားကြတော့ ကျောင်းထွက်တယ်။ အဲ့ကြောင့် ကျနော် တို့ဆီမှာ ၁၀ တန်းအောင်၊ တက္က သိုလ်တက်၊ ဘွဲ့ရပညာတတ်စာရင်းဝင် မပြောနဲ့ အခြေခံအဆင့်လေးတောင် တယောက် မှမအောင်ဘူး။ တရုတ်ကျောင်း ပြီးလာတဲ့သူတွေနဲ့ ကျနော်တို့လို့ ဘုန်းကြီးကျောင်းထွက်တွေ တော့များတယ်” ဟု အသက် ၅၀ ကျော်အရွယ် အဆိုပါ အရာရှိက ဆက်လက်ပြောပြသည်။
အဆိုပါ အစိုးရဝန်ထမ်းများ မပြန်ခင်က အစိုးရပေးသည့်လစာ မလောက်ဟုဆို၍ တလလျင် ယွမ်ငွေ ၃၀၀ ကျော် (မြန်မာငွေကျပ် ၄ သောင်းဝန်းကျင်)ထောက်ပံ့ပေးခဲ့ရကြောင်း ဆရာမများနှင့် နီးစပ်သည့်ကျောင်းသား မိဘ တဦး ကပြောသည်။
“အဲ့တုန်းက ကျောင်းသားလေးတွေ မိုင်းလားမှာ ၁၀၀ ကျော် မိုင်းမ မှာ ၅၀ ကျော်လေးဘဲရှိတယ်။ ဝန်ထမ်းတွေ ပြန်သွား ပြီး နောက်ပိုင်း ကိုယ်ထူကိုယ်ထနည်းနဲ့ သံလွင်အနောက်ခြမ်းက သျှမ်းစာမြန်မာစာသင် ပေးမယ့် ဆရာ ဆရာမတွေကို ခေါ်လာတဲ့ခါကျတော့ မိုင်းလားမှာ ကလေး ၄၀၀ ကျော် မိုင်းမ မှာ ၂၅၀ ကျော်ပြန်ဖြစ်လာ တယ်။ အစိုးရဝန်ထမ်းတွေ ပြန်ရောက်ပြီဆိုတော့ သူတို့ပေါ်လစီ ဘယ်လိုရှိမလဲ ဘယ်လိုဆက်ဖြစ်မလဲ စောင့်ကြည့်ရဦးမယ်” ဟု အဆိုပါအရာရှိက ဆက်လက်ပြောပြသည်။
ဆက်လက်မေးမြန်းသည့် ဝ အရာရှိတဦးကလည်း အလားတူပြောပြသည်။
ဒီဇင်ဘာ ၁၆ ရက်က အစိုးရ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ထမ်း ၄ ဦး၊ ပညာရေးဝန်ထမ်း ၂၆ ဦး၊ ကျန်းမာရေး ဝန်ထမ်း ၁၉ ဦး နှင့် ၎င်းတို့၏မိသားစုများ အပါအဝင် ရ၀ ကျော် မိုင်းလားမြို့သို့ရောက်ရှိနေ ကြောင်း မိုင်းလားတပ်ဖွဲ့မှ ကေဒါတဦးကဆိုသည်။
အောက်တိုဘာ ရ ရက်နေ့ ဒုတိယအဆင့်တွေ့ဆုံပွဲစဉ် အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့မှ အစိုးရ၏ ကျောင်းဆရာ (ပညာ ရေး)၊ ဆရာဝန်(ကျန်းမာရေး) ၊ တိရိစ္ဆာန် ဆရာဝန်(တိမွေးကု)၊ စာတိုက်ကြေးနန်း လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ လက်ခံရန်သဘောတူ ခဲ့သည်။