ဒေသခံလူထု လူ့အခွင့်အရေး ဆက်လက် ချိုးဖောက်ခံနေရ

ဒေသခံလူထု လူ့အခွင့်အရေး ဆက်လက် ချိုးဖောက်ခံနေရ
by -
သျှမ်းသံတော်ဆင့်

ရွေးကောက်ပွဲကျင်းပပြီး တနှစ်အကြာရှိပြီဖြစ် သော်လည်း ဖြစ်ပွါးဆဲ တိုက်ပွဲ များအကြောင်းပြ၍ သျှမ်းပြည်မြောက်ပိုင်း တွင် ဒေသခံလူထုတို့ လူ့ အခွင့်အရေး ချိုးဖောက်ခြင်းခံနေရဆဲဖြစ်ကြောင်း၊ မည်သည့်နိုင်ငံရေးပါတီ၏ လွှတ်တော်အမတ် များမှ ကူညီပေးနိုင်စွမ်းမရှိကြောင်းဒေသခံများကပြော သည်။

“အစိုးရသစ်ရှိပြီဆိုပေမယ့် တိုက်ပွဲက မရပ်သေးဘူးဆိုတော့ ကျနော်တို့လို ကျေးလက်တောရွာသား တွေအတွက် တော့ ဘာမှမပြောင်းလဲဘူးလို့ခံစားရတယ်။ ကျနော်တို့ ကျေးရွာအုပ်စုမှာ ထော်လာဂျီ၊ လေးလုံးထိုးကား၊ သရီးဂရောင်း ရှိတဲ့သူ နေ့စဉ် ရက်ဆက် သူတို့တပ်စခန်းမှာ အလှည့်ကျသွားစောင့် ပေးရတယ်။” - ဟု အသက် ၄၀ ကျော်အရွယ် သျှမ်းပြည် မြောက်ပိုင်း နမ္မတူဒေသခံဖိုဝှီးကားဆရာ တဦးက ပြောသည်။

နမ္မတူမြို့နယ် ပန်ဟိုက်၊ ဆိုက်ခေါင် ကျေးရွာအုပ်စုတို့ရှိ ထော်လာဂျီများ၊ ဖိုးဝှီးကားများနှင့် သရီးဂရောင်း ကားများ အစီး ၃၀ ဝန်းကျင်၏ စာရင်းများကိုကောက်ယူပြီး ခမရ ၃၂၄ တပ်တွင်းသို့ အလှည့်ကျသွားရောက် စောင့်ဆိုင်းပေးရန် ဇယားနှင့် တကွ တပ်မှ ထုတ်ပြန်ခဲ့ကြောင်း အဆိုပါ ကားဆရာကပြောသည်။

“ ဘယ်သူ့ကား ဘယ်နေ့မှာကျမယ်ဆိုတာ ဇယားနဲ့တကွလာတာ။ မသွားလို့မရဘူး။ကိုယ့်အလှည့်ကျ တဲ့နေ့ ဆိုရင် မနက် ရ နာရီ ထိုးတာနဲ့ တပ်ထဲ အဆင်သင့်ရောက်နေရမယ်။သတ်မှတ်ချိန်ထက်ကျော် လွန်ရင် သို့မဟုတ် မလာဖြစ်ရင် တနေ့ကို ၃ သောင်းကျပ် ဒဏ်ငွေရိုက်ခံရတယ်။ စစ်တပ်ကသွား ခိုင်းတဲ့နေရာစွန့်လွတ် စွန့်စား သွားရမှာဘဲ။ လမ်းကြမ်းလို့ ဘဲဖြစ် ဖြစ် တန်ချိန်ပိုလို့ဘဲဖြစ်ဖြစ်ကားပျက် သွားရင်လဲကားဆရာ ကဘဲ ကားပြင်ရတယ်။ စစ်တပ်ကတပြားမှမကူဘူး။ ကျနော်တို့အဲလို အခက်အခဲတွေ့နေရတယ်”  - ဟု နမ္မတူနေ ထော်လာဂျီပိုင်ရှင်တဦးက ပြောသည်။

အဆိုပါ ထော်လာဂျီနှင့် ဖိုးဝှီးကားများ လုံးဝအသုံးမပြုနိုင်သည့် တောလမ်းကြမ်း/ အရေးပေါ်အခြေ အနေတို့တွင် သရီး ဂရောင်းကားများကို အသုံးပြုရကြောင်း ၊ ယခုကဲ့သို့ ဒေသခံများ၏ကားများ ထော်လာဂျီ များ စစ်တပ်သို့ စတဲန်းဘိုင် ( Stand by )သွားစောင့်နေရမှုအပေါ် ဒေသတွင်း နိုင်ငံရေးပါတီများ၏ လွှတ်တော်အမတ်များ လည်း ထိထိရောက်ရောက် ကူညီပေး နိုင်စွမ်းမရှိကြောင်း နိုင်ငံရေးများနှင့်နီးစပ်သူ တဦးကပြောသည်။

စစ်အစိုးရ ဦးစီးရေးဆွဲသည့် ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၃၈၂ တွင် ကာကွယ်ရေး တပ်ဖွဲ့ဝင် များ သို့မဟုတ် ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေရသော တပ်ဖွဲ့ဝင်များအား ယင်းတို့၏ တာဝန် ၀တ္တရား များကို ကျေပွန်စွာထမ်းဆောင်နိုင် ရေးနှင့် စည်းကမ်းသေဝပ်မှုများ ရှိစေရေးအတွက်ပေးအပ် ထားသော အခွင့်အရေးများ အနက် ကန့်သတ်ရန် သို့မဟုတ်ဖျက်သိမ်းရန်လို အပ်သောအခွင့်အရေး များကို ဥပဒေပြဌာန်း၍ကန့်သတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ပြုရမည်- ဟု ပါရှိပါသည်။

Most read this week