ကချင်လွတ်လပ်ရေးတပ်မတော်နှင့် မြန်မာအစိုးရ တပ်အကြားပြင်းထန်သောတိုက်ပွဲများကြောင့် ကချင်ပြည်မှဒုက္ခသည် များသျှမ်းပြည်မြောက် ပိုင်း သို့ အများအပြားရောက်ရှိလာ သော်လည်း ဆိုင်ရာ အာဏာပိုင်များ အကူအညီပေးခြင်းမရှိ ဟုဒေသခံ များ ပြောပြချက်အရသိရပါသည်။
“ကာသိုလစ်ဘုရားကျောင်းကို ရောက်လာတာ လူ ၄၀၀ ကျော်တယ်။ ၁၂ ရက်နေ့ ညနေပိုင်းကပေါ့။ သူတို့ ရွာအနီး အနားအပါ အဝင် ရွာထဲအထိကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ထည့်တယ်ပြောတာဘဲ” - ဟု နမ့်ခမ်းမြို့ခံတဦးက ပြောပါသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၅ နာရီက ပြင်းထန်သောစစ်ပွဲကြောင့် ကချင်ပြည်နယ်ရှိ သျှမ်း၊ ကချင်ဒေသ ခံများ သျှမ်း ပြည်မြောက် ပိုင်း နမ့်ခမ်းမြို့သို့ ၄၅၆ ဦး ထွက်ပြေးရောက်ရှိလာကြောင်း၊ နမ့်ခမ်းမြို့ အောင်မေတ္တာ ရပ်ကွက်နှင့် စလေး တန်းရပ်တို့၌ ကက်သို လစ် ဘုန်းတော်ကြီးမှ ဦးဆောင်၍ ဒုက္ခသည် စခန်းဖွင့်လှစ်ပေးပြီး လိုအပ်သည့်ပစ္စည်းများ ကူညီပေးနေကြောင်း အောင်မေတ္တာ ရပ်ကွက်နေ ဝန်ထမ်းတဦးက ပြောပါသည်။
ထွက်ပြေးရောက်ရှိလာသော ဒုက္ခသည်များမှာ ၁၀ နှစ်အောက်ကလေးများ၊ အမျိုးသမီးငယ်များနှင့် သက် ၅၀ ကျော် သက်ကြီးပိုင်း များ ဖြစ်ကြောင်း၊ ကချင်ပြည် မံစီမြို့နယ် ခတ်ပရာရွာ၊ နမ့်ဆာရွာ၊ အူလန်ပါ နှင့် ခါသျှံရွာ တို့မှ ကျေးလက် ရွာသားများဖြစ်ကြောင်း၊ အစိုးရစစ်တပ် ရွာအတွင်းဝင်ရောက်လျှင် လိုအပ်သည့် လူထုပစ္စည်း အဓမ္မယူဆောင်ခဲ့ကြ ကြောင်း၊ ရွာသားများအား ရိုက်နှက် ပေါ်တာဆွဲသဖြင့် အမျိုးသမီးများနှင့် ကလေးငယ် များအပေါ်လည်း အခြားမဖွယ် မရာ ကိစ္စများ ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးရခြင်းခြင်းဖြစ် ကြောင်း ဒုက္ခသည်များပြောပြ ချက် အရ သိရပါသည်။
“ဒေသခံတွေက ဘုန်းကြီးအပါအဝင်ပေါ့ ။ စောင်၊ အဝတ်အထည်တို့ အိုးခွက်ပန်းကန်နဲ့စားသောက်ဖွယ် ရာတို့ လာပေးတယ်။ ဆိုင်ရာအာ ဏာပိုင်တွေတော့ အကူအညီလာပေးတာမရှိဘူး။ ရဲထောက်လှမ်းရေး၊စစ်ထောက် လှမ်းရေးတွေတော့ ဘာကြောင့်လာ တယ်၊ ဘယ်လိုဖြစ်တယ်၊ နာမည်ဘယ်လိုမှတ်ပုံတင်က ဘာလဲ၊ ရှိလား၊ ဟိုမေး ဒီမေး အနှောင့် အယှက်ဘဲ လာပေးတယ်” ဟု ဒုက္ခသည် ဘွားအိုတဦးကပြောပါ သည်။
စစ်ပြေးဒုက္ခသည်များသည် နမ့်ခမ်းမြို့တွင်းအပြင် တရုတ်ပြည် ရွှေလီမြို့နယ် နောင်တောဝ်း အုပ်စုသို့လည်း အများ အပြားရောက် ရှိကြောင်း၊ နီးစပ်သည့်ဆွေမျိုးများထံခိုလှုံ၍ အကူအညီရယူနေကြောင်း၊ တစ်လ နှစ်လက ရောက်ရှိသည့် ဒုက္ခသည်များမှာမူ တရုတ်အာဏာပိုင်များထုတ်ပေးသည့်ယာယီနေထိုင်ခွင့် ကဒ်ပြား ဖြင့် နေထိုင်နေကြောင်း ဒေသခံများပြောချက် အရသိရပါသည်။
ထို့အတူ ဗန်းမော်၊ ဝိုင်းမော် နှင့် မြစ်ကြီးနားဘက်လည်း ဒုက္ခသည် တစ်သောင်းကျော် ထွက်ပြေးကြောင်း၊ ကေ အိုင်အို ဌာနချုပ် လိုင်ဇာဘက်တွင်မူ ၄ သောင်းခန့်ရှိကြောင်း၊ ထွက်ပြေးနေသည့် ဒုက္ခသည် များအားအကူ အညီပေးရန် ကုလသမဂ္ဂ ဝန်ထမ်းများ လိုင်ဇာသို့ ရောက်ရှိနေကြောင်းကေအိုင်အိုသတင်း ရပ်ကွက်ကပြော ပါသည်။
ကချင်လွတ်လပ်ရေးတပ်မတော်နှင့် အပစ်ရပ်ရန် ပြီးခဲ့သည့် ၁၀ ရက်နေ့ကသမ္မတဦးသိန်းစိန်ညွှန်ကြားပြီးဖြစ် သော်လည်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဆက်လက်ဖြစ်ပွားနေသောကြောင့် ကချင်လူထု ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ် သည်။