တရုတ်နယ်စပ်ဘက် ကျောက်စိမ်းသယ်လာသည့် TE ကားကြီး ရ စီးကို နိုဝင်ဘာလ ၂၈ ရက်နေ့က လားရှိုးမြို့ အဝင် အေးရှားဝေါလ်ဂိတ်တွင်အကောက် အခွန်ဋ္ဌာနမှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဒေါ်နွယ်နွယ်အောင်ဆိုသူ အမျိုးသမီးမှ ကယ်ရီသယ်လာသည့် ကျောက်စိမ်းများဖြစ်ပြီး ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း သောင်းချီဆုံးရှုံးမှုရှိကြောင်း ကျောက်ကုန်သည် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မန္တလေးကနေ မူစယ်ဘက်ကို အလာ တီအီးကား ရ စီး ပေါ်မှာ ဖမ်းမိတာ အပေါ်မှာက သစ်နဲ့အင်ကြင်းကျောက် တွေ အောက်မှာ ကျောက်စိမ်းပေါ့ ပိုင်ရှင်က မန္တလေးက ကုန်သည်တွေ ဒေါ်နွယ်နွယ်အောင်ဆိုတဲ့ အမျိုးသမီးက ကယ်ရီ သယ်တာ ” - ဟု ကျောက်ကုန်သည် တစ်ဦးက ဆိုသည်။
အဆိုပါ ကျောက်ကယ်ရီ အမျိုးသမီးအား မဖမ်းပဲ ကျောက်စိမ်းများသာ ဖမ်းလိုက်သဖြင့် ပစ္စည်းဆုံးရှိုးသွားသည့် ကျောက် ပိုင်ရှင်များ မကျေမနပ်ဖြစ်နေကြောင်း သူကဆိုသည်။
“သိန်း ၁၀၀ တောင်းတာ မပေးလို့ဖမ်းတာ သိန္နီနားက ရေပူဂိတ်မှာလည်း ကျောက်ကားတွေဖြတ်ဖို့ညှိ ထားပြီးပြီ ကယ်ရီ အမျိုးသမီးကိုတော့ မဖမ်းဘူး ပစ္စည်းတွေပဲ ဖမ်းထားတာ ကျောက်ပိုင်ရှင်တွေပဲ နစ်နာတာပေါ့ ” ဟု ဆိုသည်။
မန္တလေးမြို့ပေါ်တွင် အခကြေးငွေယူ၍ ကျောက်စိမ်းသယ်ပေးသော ကယ်ရီသမား ၁၀ ဦးဝန်းကျင်ခန့်ရှိပြီး ၄င်းကယ်ရီ သမားများက ဒေါ်နွယ်နွယ်အောင်ထံ တဆင့်ပြန်လည်အပ်နှံကြောင်း သယ်ယူခ တစ်ပိဿာ ကျပ် ၅၀၀၀ ပေါက်စျေး ရှိ ကြောင်း သိရသည်။
မကြာမီရက်ပိုင်းအတွင်း တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးကုန်စည်ပြပွဲကျင်းပမည် ဖြစ်ရာယခုရက် ပိုင်း အတွင်း ကျောက်စိမ်းကားများ ဖမ်းဆီး ခံနေရကြောင်း ရွှေလီမြို့ ကျောက်ပွဲရုံအသိုင်းအဝိုင်းကလည်း ပြောသည်။