မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် အကြား တိုက်ပွဲပြင်းထန်လာသည့် ယခု ၃-၄ လ အတွင်း မြစ်ကြီး နားမြို့ကျေးလက်တော ရွာများ၌ တပ်သားသစ် စုဆောင်းမှုကြောင့်မြို့ပေါ် သို့ထွက်ပြေး တိမ်းရှောင်နေရသည့်ဒေသခံ သျှမ်းရွာ သားရာနှင့်ချီ ရှိကြောင်း မြစ်ကြီးနား သျှမ်းမိသား စုသတင်းရပ်ကွက် က ဆိုပါသည်။
“အခု တိုက်ပွဲထန်လာတဲ့ ဒီလ ထဲမှာဆိုရင် ဘုန်းကြီးကျောင်းတွေမှာ လာနေကြတာအများကြီးဘဲ။ အများစု ကတော့ သျှမ်း လူမျိုးပေါ့။ မြို့ပြင်ကျေးလက်တောရွာတွေကလာတာ။ ကချင်တပ်က တပ်သားသစ်စုဆောင်း တာကြောင့် ထွက်ပြေးကြ တာလို့ပြောကြတယ်” အသက် ၃၀ အရွယ်ဝန်းကျင် မြစ်ကြီးနားဒေသခံ သျှမ်းအမျိုးသားတဦးကပြောသည်။
မြစ်ကြီးနားမြို့ နောင်ခမ်းကျောင်းတိုက်၌ ၁၀၀ ကျော် ၊ ဝန်းသိုကျောင်းတိုက်၌ အလားတူ ၁၀၀ကျော်ရောက် ရှိခိုလှုံကြ ကြောင်း၊ နိုဝင်ဘာလနှောင်းပိုင်းက တဖွဲဖွဲရောက်ရှိလာကြသည်မှာယနေ့တိုင်နေရပ်မပြန်ရဲကြ သေး ကြောင်း သိရသည်။
“ အဲလိုတနေရာထဲမှာ လူတရာကျော် စုပြီးနေကြတော့ နေထိုင်စားသောက်ဖို့အတွက် အခက်အခဲတော့ ဖြစ်ရတာပေါ့။ ခုထိ သူတို့မပြန်ရဲကြသေးဘူး။ အရင်တုန်းက မြန်မာစစ်တပ်ချောဆွဲမှာကိုကြောက်လို့ ထွက်ပြေးရတယ်။ ခုကျတော့ ကချင်စစ် တပ်က တပ်သားသစ်ကောက်တာကိုကြောက်လို့ထွက်ပြေး နေရတယ် လို့ပြောနေကြတယ်” ဟု နောင်ခမ်းကျောင်းတိုက် အနီးနေထိုင်သူတဦးကပြောသည်။
ယခုနှစ်ဇွန်လမှစ၍ မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) အား စတင်ထိုးစစ်ဆင်တိုက် ခိုက်ရာ ကချင် ပြည် သူများပေါ် လူ့အခွင့်အရေးချိုးဖောက်များလည်း များပြားခဲ့ကြောင်း၊ ထို့ပြင် မြန်မာ အစိုးရက လူကို အဆိပ်သင့် စေသော ဓါတ်ငွေ့ များပါ၀င်သည့် လက်နက် နှစ်မျိုးကို အသုံးပြု၍ မန့်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်) မြို့နယ်၊ ဖကောန် (Hpakawn)ဒေသ တိုက်ပွဲများတွင် KIA အား တိုက်ခိုက် နေ ကြောင်း ကချင်သတင်း ရပ်ကွက်များထံမှ သိရသည်။