မြန်မာအစိုးရကိုယ်စားလှယ် နှင့် သျှမ်းပြည် တပ်မတော်ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် တို့ တွေ့ဆုံစဉ် သံလွင်အရှေ့ခြမ်း မိုင်းယောင်း မြို့နယ် အတွင်း တိုက်ပွဲတခုဖြစ်ပွားခဲ့ပါသည်။
“တွေ့ဆုံကြတဲ့ ၁၉ ရက် စနေနေမှာ တိုက်ပွဲဖြစ်တာ။ ရင်ဆိုင်တိုက်ပွဲပေါ့။ အစိုးရ တပ်ဘက် အကျအရှုံး ရှိတယ်” - ဟု တာချီလိတ်ရောက်ဒေသခံ တဦးကပြောပါသည်။
ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် ခေါင်းဆောင်သည့် သျှမ်းပြည်တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ကိုယ်စားလှယ် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သော အဖွဲ့ ထိုင်းနယ်စပ်၌ တွေ့ဆုံ သည့် နိုဝင်ဘာ ၁၉ ရက်၌ သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းအခြေစိုက် တပ်ရင်းတခု နှင့် သျှမ်း ပြည်တပ် မတော်တို့ တိုက်ပွဲငယ်ဖြစ်ပွားခဲ့ကြောင်း၊ အစိုးရဘက်က ဂျီ - ၃ တလက် ကျည်ကဒ် တခုနှင့် ကျည်ဆံ အတောင့် ၂၀ ဆုံးရှုံး သွားကြောင်း မိုင်းယောင်းအခြေစိုက်တပ်ရင်းနှင့်နီးစပ်သည့် သူတဦးကဤကဲ့သို့ပြော ပါသည်။
“သေတဲ့သူလဲရှိမှာပေါ့။ မသေဘဲနဲ့ သေနတ်ဘယ်လိုလုပ်ရှုံးမှာလဲ။ လူထုမသိအောင် သူတို့ဖုံးဖိထား တယ် လေ။” - ဟု ဆို၏။
ထို့အတူ ပြီးခဲ့သည့် တနင်္လာ (နိုဝင်ဘာ၂၁ ရက်) နေ့ ကလည်း သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မြောက် ဘက်ပိုင်း ၌ သေနတ်သံ၊ လက်နက်ကြီးသံ ကြားနေရသေးကြောင်း ပင်လုံမြို့ခံတဦးကလည်းပြောပါသည်။
“ ဆွေးနွေးကြတယ်လဲပြောတယ်။ ခုထိ သေနတ်သံကကြားနေရတုန်းဘဲ။ သူတို့ရဲ့ဆွေးနွေးပွဲ အထမြောက်အောင် မြင်ပါ့မလား” ဟု အဆိုပါပုဂ္ဂိုလ်ကဆက်ပြောသည်။
နိုဝင်ဘာ ၁၉ ရက်နေ့ သျှမ်းပြည်တပ်မတော်နှင့် အစိုးရကိုယ်စားလှယ်တို့တွေ့ဆုံစဉ် - အပစ်ခတ်ရပ်စဲရေး၊ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရေး နယ်မြေဖြတ်သန်းရေးကိစ္စနှင့် အနာဂတ်တွင် ထပ်မံဆွေးဖို့ရန် ပြင်ဆင် သတ် မှတ်ရေး စသည့်အချက်များပါဝင်သကဲ့သို့ သျှမ်းပြည်တပ်မတော်ကိုယ်စားလှယ်တို့ကလည်း နိုင်ငံရေး ပြဿနာ တွေကိုဖြေရှင်းရေး ၊ အထူးဖွံ့ဖြိုးရေးဒေသထားရှိရေးနှင့် မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးတို့ ပါဝင် ကြောင်း သိရှိရပါသည်။