အကျဉ်းသားများ မလွှတ်ပေးခြင်းသည် အစိုးရ မိမိကိုယ်မိမိ ယုံကြည်မှုနည်းခြင်းကိုပြ- SNLD ဆို

အကျဉ်းသားများ မလွှတ်ပေးခြင်းသည် အစိုးရ မိမိကိုယ်မိမိ ယုံကြည်မှုနည်းခြင်းကိုပြ- SNLD ဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းခေါင်းဆောင်အပါအဝင်နိုင်ငံရေးအကျဉ်းသား တချို့အား လွတ်ငြိမ်းချမ်းသာခွင့်မပေးသေးဘဲ ထောင် ပြောင်းရွှေ့ ခဲ့ခြင်းနှင့် ပတ်သက်၍ အစိုးရ သည် မိမိစွမ်း ဆောင်မှုအား ကိုယုံကြည်စိတ်ချမှုမရှိ ၍ ဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်  SNLD ကပြောသည်။

KTO

“ ဦးသိန်းစိန်အစိုးရဟာ သူ့အရည်အချင်းကို သူယုံကြည်စိတ်ချလို့မရသေးတဲ့အခြေအနေမှာရှိတယ်လို့ မြင်ပါ တယ်။  တိုင်း ရင်းသားခေါင်းဆောင် ၊ ကျောင်းသားခေါင်းဆောင်၊ သံဃာ့ခေါင်းဆောင် တွေလွတ်မြောက် လာပြီး  တရားမျှတမှုမရှိ၊ ဥပဒေနဲ့မကိုက်ညီတဲ့ အစိုးရရဲ့လုပ်ရပ်တွေကို ထောက်ပြခဲ့ရင် လူထုအုံကြွမှု ထပ်မံဖြစ်ပွါးမှာ စိုးလို့။ အဲ့အချိန်မှာ လူထုကို ထိန်းချုပ်နိုင်စွမ်း မရှိမှာစိုးလို့  နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်မပေးရဲတာဖြစ်တယ် ” ဟု SNLD ၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကသျှမ်းသံတော်ဆင့် အား ပြောသည်။

KTOသျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးအား ကချင်ပြည်နယ် ပူတာအိုအကျဉ်း ထောင်မှ နိုဝင်ဘာ ၁၆ ရက်က မြစ်ကြီးနားအကျဉ်းထောင်သို့ပြောင်းရွှေ့လိုက်၏။ ထိုမှတဆင့်ရန်ကုန်မှ ၁၇၅ မိုင်သာဝေး သည့် တောင်ငူထောင် သို့ပြောင်း ရွှေ့မည်ဖြစ်ကြောင်း SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြော၏။  ကလေး ထောင်၌ အရှင်ဂမ္ဘီရ အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ အပြောင်းအရွှေ့ရှိခဲ့သော် လည်း SNLD အထွေ ထွေအတွင်းရေးမှူး စိုင်းညွှန့်လွင် ကိုတော့ ထောင်ပြောင်းသည့်သတင်းမကြားရဟု ဆို၏။

၈၈ ကျောင်းသားခေါင်းဆောင် မနီလာသိန်းကိုလည်း သရက်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ လိုက်ပြီး ကျိုင်တုံထောင်ရှိ ကိုမင်းကိုနိုင်ကိုမူ ယနေ့ နေ့ခင်းပိုင်းက ရန်ကုန် အင်းစိန်ထောင်သို့ ပို့ဆောင် လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မှလာသော သတင်းများအရသိရသည်။

“တကယ်တော့ လူထုတရပ်လုံးနဲ့ တကမ္ဘာလုံး သူ့အပေါ် ယုံကြည်စိတ်ချစေချင်တယ်ဆိုရင် ဦးသိန်းစိန်အစိုးရ ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့်တော့ပေးသင့်တယ်။ ဒီဟာကိုတောင်မှ မလုပ်ပေး နိုင် ဘူးဆိုရင်၊ တိုင်းရင်းသားတွေနဲ့  ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေ  အစိုးရအပေါ်ထားတဲ့ယုံကြည်မှုနဲ့ အမျိုးသား ရင်းကြားစေ့ရေးဆိုတာတွေဟာ လုံးဝလမ်းစမမြင်ဘူး” - စိုင်းလိတ်ကပြောသည်။

ယခုကဲ့သို့ ဦးခွန်ထွန်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့အား မိသားစုနှင့်သိပ်မဝေးသည့်နေရာသို့ ပြောင်းရွှေ့ထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးစားတိုက်တွန်းပေး မှုကြောင့်ဟုလည်း ပြောနိုင်ကြောင်း စိုင်းလိတ် ကပြောသည်။

Most read this week