သျှမ်းတိုင်းရင်းသားခေါင်းဆောင်များ၏ အမှုကိုပြန် လည် စီစစ်ခြင်း မပြုပေးပါက အစိုးရသစ်၏အမျိုး သား ရင်ကြားစေ့ ရေး စီမံကိန်းအတွက်စိုးရိမ်ရ ကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ်ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။
“ငါတို့ခေါင်းဆောင်တွေကိုဘဲရွေးပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့တယ်ဆိုတဲ့ဟာ သျှမ်းလူထုရဲ့စိတ်ထဲ မှာစွဲသွား ရင် အစိုးရရဲ့ ရင်ကြားစေ့ရေးအတွက် မခက်ပေဘူးလားဗျာ။ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကတရား ဥပဒေ စိုးမိုး မှုရှိမှ ရမယ်မဟုတ်လား။ ဒီတော့ တရားဥပဒေစိုးမိုးမှုရှိအောင် တွေ့ဆုံဆွေးနွေးရေး ကိစ္စ လုပ်ဖို့ အတွက် နအဖခေတ်က နှစ်ရှည် ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့တိုင်းရင်းသားခေါင်းဆောင် တွေကို အရပ်သား အစိုးရက စီစစ်ပြီး လွှတ်ပေးသင့် တယ်လို့ ကျနော်တို့က အကြံပေးတင်ပြတာပါ” ဟု ဦးစိုင်းလိတ်ကပြောသည်။
နှစ်ရှည်ထောင်ဒဏ်ချမှတ်ပြစ်ဒဏ်စီရင်ခြင်းသည် ဥပဒေအရ လူထုမှရွေးကောက်တင်မြောက်ထားသော အစိုးရကသာ လုပ်ပိုင်ခွင့်ရှိသည်ဟူသောအချက်ကို အဓိကထားကာ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ ယခုလ ၂ ရက်နေ့က စာ တင်ပို့ခဲ့ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။
“ပုဒ်မ ၁၂၂၁ - ၁၂၂၄ (က) နိုင်ငံရေးအကျဉ်းသားတွေ နဲ့ ဆိုင်တဲ့ ပုဒ်မတွေဘဲ။ အဲ့ဒီပုဒ်မတွေမှာ - ဥပဒေ ရွေးကောက် တင်မြောက်ထားတဲ့ အစိုးရမဟုတ်ရင် တရားစီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး- ဆိုတာတွေ ပါရှိတယ်။ နောက်ပြီး လူ့အခွင့် အရေးကြေငြာ စာတမ်းပါ- ‘ ပြည်သူပြည်သားသည် အုပ်ချုပ်ရေးအာဏာဖြစ်သည်’ဆိုတဲ့ အချက်ပါရှိတဲ့ ပုဒ်မ ကိုလည်း ကိုးကားတယ်။ ဒါကြောင့် ကျနော်တို့ သျှမ်းခေါင်းဆောင်တွေကိုမတရားစွပ်စွဲ ပြီး ဖမ်းဆီးထောင်ဒဏ်နှစ်ရှည်ချ ထား တာဟာ ဥပဒေတွေနဲ့လဲမညီဘူး။လူ့အခွင့်အရေးကြေငြာစာတမ်း တွေနဲ့လဲ မကိုက်ညီတဲ့အတွက် လွှတ်သင့်လွှတ်ထိုက် တာကိုလွှတ်ပေးဖို့ အမျိုးသား လူ့အခွင့်အရေးကော် မရှင်ထံမှာ မေတ္တာရပ်ခံစာတင်ထားတာဖြစ်ပါတယ် ” ဟု စိုင်းလိတ် ကပြောသည်။
“ ကျနော်တို့ခေါင်းဆောင်တွေ ကုလသမဂ္ဂရဲ့ ကြေငြာချက် အချက် ၃၀ ထဲကဘယ်အချက်ကိုဖောက်ဖျက် မိလို့ ဖမ်းတာလဲ - အဲဒါကိုသိချင်တယ်” ဟုဆို၏။
သျှမ်းတိုင်းရင်းသားခေါင်းဆောင်များအား အမှုပြန်လည်စီစစ်ပေးရန် ပြစ်ဒဏ်ချ တရားစီရင်ခြင်း ၆ နှစ်ပြည့် သည့် နိုဝင် ဘာလ ၂ ရက်၌ ၎င်းတို့၏ မိသားစုဝင်များက လက်မှတ်ရေးထိုးကာ လူ့အခွင့်အရေးကော် မရှင်ထံတင်ပြ တောင်းဆိုခဲ့ သည်။ သို့သော် မှတ်ပုံတင် နံပါတ် ၃၅၄ ဖြင့်လက်ခံရရှိကြောင်းပြေစာသာပေး လာ ခဲ့ပြီး အကြောင် းပြန်ရန် အချိန် ကန့် သတ်ပေးခြင်းမရှိခဲ့ကြောင်း၊ ကော်မစ်ရှင်ထံစာတင်ပြပေးမည် ဖြစ်ကြောင်း စာလက်ခံသူက ပြောသည်ဟုလည်း သိရသည်။