သမ္မတ ဦးသိန်းစိန် ၏ အစိုးရသစ်အဖွဲ့သည် အမွှာပူး နည်းလမ်း ၂ သွယ်( twin process) ဖြင့် မြန်မာ နိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ အား သုတ်သင်ရှင်း လင်းနေသည်ဟု တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) က ပြောကြားလိုက်သည်။
သမ္မတ ဦးသိန်းစိန် ၏ အစိုးရသစ်အဖွဲ့သည် အမွှာပူး နည်းလမ်း ၂ သွယ်( twin process) ဖြင့် မြန်မာ နိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ အား သုတ်သင်ရှင်း လင်းနေသည်ဟု တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) က ပြောကြားလိုက်သည်။
လက်ရှိအစိုးရဟာ ရွေးကောက်ပွဲကနေ တက်လာပေမဲ့ တိုင်းရင်းသားတွေကို နည်းလမ်း ၂ ခုနဲ့ ရှင်းလင်းဖို့ ကြိုးစားနေတယ်။ အနောက်နိုင်ငံတွေ မြို့ကြီးပြကြီးတွေကို ဒီမိုကရေစီကို အရောင်ပြ၊ တောတောင်ကျေးရွာ တွေမှာတော့ စစ်ရေးနည်းကို သုံးစွဲပြီး ချေမှုန်းနေတယ်။ ဒီ twin process ဟာ သဘာဝကိုက တစ်ခုနဲ့ တစ်ခုဆန့်ကျင်နေတဲ့အတွက် ရပ်တန့်သင့်ပြီ” ဟု ENC ဒုဥက္ကဋ္ဌ ဆလိုင်းလျံမုန်းက ပြောသည်။
ENC က ဦးဆောင်ပြီး Discrimination, Conflict and Corruption; The Ethnic States of Burma အမည်ရှိ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့ (နိုဝင်ဘာ ၂ ရက်) နံနက်ပိုင်း ချင်းမိုင်မြို့ရှိ Chiang Mai Orchid Hotel ၌ ပြုလုပ်ကျင်းပခဲ့ရာ ပရိတ်သတ် ၄၀ ခန့်တက်ရောက်ခဲ့သည်။
“တိုင်းရင်းသားတွေဟာ ပင်လုံစာချုပ်ချုပ်ဆိုကတည်းက ဒီနေ့အထိ စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ဖို့ အမြဲတမ်းတောင်းဆိုလာခဲ့တယ်။ ဒါပေမဲ့ အစိုးရအဆက်ဆက်က နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ အမြဲတမ်းဖြေရှင်းလာတော့တိုင်းရင်းသားတွေလဲ ရွေးချယ်စရာလမ်းမရှိတော့ဘဲ လက်နက် ကိုင်တော် လှန်လာခဲ့ရ တယ်။ အခုလဲ အပစ်ရပ်တိုင်းရင်းသား အဖွဲ့တွေကို နယ်ခြားစောင့်တပ်တို့ ပြည်သူ့စစ်တို့ အတင်းပြောင်းခိုင်း တယ်ဆိုတာက စစ်ရေးနည်းနဲ့ နို်င်ငံရေးပြဿနာကို ဖြေရှင်းနေတာ။ ဒါကြောင့် နိုင်ငံရေးအပေးအယူပြုမှုကို ပြောင်းဖို့လိုပြီ” ဟု Discrimination, Conflict and Corruption စာအုပ်ရေးသားသူ Paul Keenan ပြောပါသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားများအား ခွဲခြားဆက်ဆံမှု မပြုသည့်ပဋိညာဉ်စာချုပ် (Convention on the elimination of all forms of racial discrimination) ကို လက်မှတ်မထိုးရသေးကြောင်း၊အာစီယံနိုင်ငံများ ထဲ၌ မလေးရှားနှင့် မြန်မာနိုင်ငံသာ လက်မှတ်ထိုးရန် ကျန်ရှိနေကြောင်း ENC အထွေထွေ အတွင်းရေးမှူး ဒေါက်တာရွှေခါးကလည်း ဆို၏။
တဖက်၌လည်း အစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရာ၌ ENC က ပါဝင်မည်မဟုတ်ကြောင်း၊ဆွေးနွေး မည့် အခြား မဟာမိတ်အဖွဲ့များကို ပညာပိုင်းဆိုင်ရာဖြင့် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရပါသည်။
“စစ်အစိုးရ မရှိတော့ပေမဲ့ စစ်အာဏာရှင်ပြဿနာ၊ ဒီမိုကရေစီပြဿနာ၊ တိုင်းရင်းသားပြဿနာဆိုတဲ့ ပြဿနာ ၃ ခု ကျန်နေ သေးတယ်။ စစ်အစိုးရမရှိလို့ သုံးပွင့်ဆိုင်ဆွေးနွေးဖို့ မရှိတော့ပေမဲ့ ဒီတည်ရှိဆဲ ပြဿနာသုံးခုကို ဆွေးနွေးဖြေရှင်းနိုင်မှ တိုင်းပြည်အေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မယ်” ဟု ဆလိုင်းလျံမုန်းက ပြောပါသည်။
Discrimination, Conflict and Corruption; The Ethnic States of Burma အမည်ရှိ စာအုပ်သည် စာမျက်နှာ ပေါင်း ၉၈ မျက်နှာပါရှိပြီး အစိုးရက တိုင်းရင်းသားများအပေါ် အုပ်ချုပ်မှုနှင့် ပတ်သက်၍ တိုင်းရင်း သားလူမျိုးပေါင်းစုံ ၅၃ ဦး၏ အမြင်များကို မေးမြန်းထားသည်။