ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည်နေပြည် တော် ရောက် သျှမ်းလွှတ်တော်အမတ်များအား ဒုသမ္မတ အိမ်တော်၌ ညစာ စားပွဲ ဖိတ်ကျွေးပြီး စာပေယဉ်ကျေး မှုမှတ်ပုံတင်နိုင်ရေးကိစ္စရပ်များ လွှတ်တော်အတွင်း ဆွေးနွေးရန် တိုက်တွန်းကြောင်း နေပြည်တော်ရှိလွှတ်တော်အမတ်တဦးကပြော သည်။
“လွှတ်တော်ဝင်းထဲမှာရှိတဲ့ သူ့ရဲ့နေအိမ် ဒုသမ္မတ အိမ်တော်မှာဘဲ မိတ်ဆုံ ညစာစားဖို့ဖိတ်တယ်။ အဲဒီမှာ သူကစာပေယဉ် ကျေး မှုကော်မတီအတွက် မှတ်ပုံတင်ခွင့်ရဖို့ ကိစ္စကို လွှတ်တော်ထဲမှာတင်ပြဆွေးနွေးခိုင်းတာ” ဟု သျှမ်းအမတ် တဦးက ပြောပြပါသည်။
အောက်တိုဘာ ၂၂ ရက် ၌ မြန်မာအစိုးရသစ် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နေပြည်တော် လွှတ်တော် အစည်းအဝေးတက်ရောက်နေသည့် သျှမ်းလွှတ်တော်အမတ်များအားဖိတ်ခေါ် ခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီအဓိကမထားဘဲ သျှမ်းတိုင်းရင်းသားအမတ်များ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ကျားဖြူအမတ်တဦးက ပြောပြပါသည်။
“ကျနော်တို့ကျားဖြူအမတ်တွေဘဲ ၂၁ ဦး၊ ကြံ့ခိုင်ရေးပါတီကလဲ ၄-၅ ဦးပါတယ်။ ကချင်ပြည်ကသျှမ်းအမတ် တွေ ရောပါ တယ်။ အဲဒီမှာ ဦးစိုင်းဆောင်ဆီက ကျောက်မဲပြန်သွားတော့ သူ့ကိုယ်စားနေပြည်တော်ရောက် ကျောက်မဲ ပြည်နယ်လွှတ် တော်အမတ် စိုင်းသန်းမောင် တက်တယ်၊တခြားတိုင်းရင်းသားအမတ်တွေတော့ နောက်နေ့ တွေမှာ သီးသန့် ထပ်ဖိတ် မယ်ထင်တယ်”
တောင်ကြီးနေ သျှမ်းလွှတ်တော်အမတ် တဦးကလည်း - “ကျနော်တို့ တောင်ကြီးသျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ ဆို မှတ်ပုံ တင်ထားတာ ဘယ်နှစ်နှစ်တောင်ကြာနေပြီလဲမသိဘူး၊ တခါမှ ကျမလာဘူး၊ အခု အသင်းအဖွဲ့ ဖွဲ့စည်းမှု ဥပဒေမူ ကြမ်းက ထွက်လာပြီဆိုတော့ ကျနော်တို့ ဗဟိုသျှမ်းစာပေယဉ်ကျေးမှုလဲမှတ်ပုံတင်ရစေချင် တာပေါ့။ ဒေါက်တာ စိုင်း မောက်ခမ်းက ဥက္ကဌရာထူးတာဝန်ထမ်းဆောင်လာဖူး တယ်ဆိုတော့ သူလဲ ဘာဘဲဖြစ်ဖြစ် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့အပေါ် သံယော ဇဉ် ရှိတယ်လို့ ပြောလို့ရတယ်” - ဟု ဆို၏။
၁၉၆၄ ခုနှစ်ကတည်းက အာဏာသိမ်းဗိုလ်ချုပ်ကြီးနေဝင်းအစိုးရက တိုင်းရင်းသားစာပေကော်မတီ ဖွဲ့စည်းရန် ခွင့်ပြုခဲ့ဖူး သော်လည်း လွတ်လွတ်လပ်လပ်ဖွဲ့စည်းခွင့်မရ၊ ၁၉၈၈ နောက်ပိုင်း နဝတ နအဖစစ်အစိုးရခေတ် လည်း ထို့နည်းတူဖြစ်၏။ ဗဟိုသျှမ်းစာပေယဉ်ကျေးမှုကော်မတီသည် နဝတ နအဖခေတ်ကပေါ်ပေါက်လာ သော်လည်း အသင်းမှတ်ပုံတင်ခွင့် မကျခဲ့ဖူးပေ။