သီတင်းကျွတ်လပြည့်နေ့က ထောင်ဒဏ် ၁၀၆ နှစ်မှ လွတ်မြောက်လာသူ ဗိုလ်ချုပ်ဆေထဲန်အားအစိုးရ သစ် ထောက် လှမ်းရေးများနောက်ယောင်ခံလိုက် နေကြောင်းနီးစပ်သည့်အသိုင်းအဝိုင်းကပြောပါ သည်။
“လေယာဉ်ကွင်းကနေ အိမ်ရောက်တဲ့အထိ ကားတစီးက နောက်လိုက်လာတာ။ အိမ်ရောက်ခါနီး ကျော်တက် သွားပြီး ဗိုလ် ချုပ်အိမ်ရှေ့မှာ ကားပျက်သလိုလို လုပ်တယ်။ စစ်အစိုးရလက်ထက်က အတိုင်းဘဲ။ ဘာလုပ်လုပ် ထောက်လှမ်းရေး မျက်စိ အောက်ကမလွတ်နိုင်ဘူး။ ထောင်ကနေလွတ်လာတဲ့သူတယောက်ကို ဘာကြောင့် အခုလို လိုက်ကြည့်နေရတာလဲဆိုတာ နားမလည် ဘူး” - အမည်မဖေါ်လိုသူ တပည့်တဦးက ပြောပါသည်။
အောက်တိုဘာ ၁၂ ရက် မနက်ပိုင်း၌ ထောင်မှ လွတ်မြောက်လာသော ဗိုလ်ချုပ်ဆေထဲန်အားရန်ကုန်ရောက် ပြီး ကျန်းမာ ရေးစစ်ဆေးမှုခံယူနေစဉ်ကတည်းက ထောက်လှမ်းရေးများ မျက်ခြေမပြတ်စောင့်ကြည့်ကြောင်း၊ ထိုနေ့ ၌ပင် လားရှိုးနေ အိမ်တွင်လည်း ထောက်လှမ်းရေးများ သွားရောက်ထောက်လှမ်းသေး ကြောင်း၊ အောက်တို ဘာ ၁၄ ရန်ကုန်မှ လားရှိုးသို့ လေယာဉ်အဆင်း လေယာဉ်ကွင်းမှ နေအိမ်အထိထောက်လှမ်းရေး များလိုက်လံကြည့်ရှု နေခြင်းဖြစ်ကြောင်း နီးစပ်သည့် အသိုင်းဝိုင်းတဦးကလည်းပြောပါသည်။
ထို့အတူ ဗိုလ်ချုပ်ဆေထဲန့်ကိုယ်တိုင်အားလည်း မီဒီယာများနှင့်စကားပြောချင်စိတ်မရှိသေးကြောင်းမိသားစုဝင် တဦးက ယခုကဲ့သို့ တုန့်ပြန် ပြောဆိုပါသည်။
“အဖေမပြောချင်တော့ ကျမတို့လဲ မတတ်နိုင်ဘူးလေ၊ အဓိကကတော့ အပြောအဆိုဆင်ခြင်ရမယ့်ကာလ မဟုတ် လား။ ပြောမှား ဆိုမှားရှိပြန်ရင်လဲ မကောင်းဘူး လေ” - ဟုဆို၏။
အောက်တို ၁၄ ရက် ( လော်ရှင်းဟန်ပိုင်ဆိုင်သော) Air Asia Wing လေကြောင်းဖြင့် ဦးခမ်းမောဝ်(ပြည်သူ့ စစ် အသွင် ပြောင်း) နှင့် အတူ ဗိုလ်ချုပ်ဆေထဲန့် လားရှိုးသို့ ပြန်လည် ရောက်ရှိစဉ်အသွင်ပြောင်းပြည်သူ့စစ် ခေါင်း ဆောင် ဦး(စဝ်) လွယ်မောဝ်၊ ဦး(စဝ်)ကိုင်ဖ၊ ဦး(စဝ်) ကောင်တိုင်း၊ ဦး(စိုင်း) အွန်၊ ဦး(စိုင်း)စံညွန့်၊ ဦး(စိုင်းလိန်ဇင့် တို့ ဦးဆောင်သော အကြီးအကဲများက လာရောက်ကြိုဆိုခဲ့ကြောင်းလည်း သိရပါသည်။