တရုတ် ၁၃ ဦး အသတ်ခံရမှု ရွှေတြိဂံဒေသ လောင်းကစားရုံများ ပြိုင်ဆိုင်မှုကြောင့်ဟု စီးပွားရေးလုပ်ငန်းရှင်များ သုံးသပ်

တရုတ် ၁၃ ဦး အသတ်ခံရမှု ရွှေတြိဂံဒေသ လောင်းကစားရုံများ ပြိုင်ဆိုင်မှုကြောင့်ဟု စီးပွားရေးလုပ်ငန်းရှင်များ သုံးသပ်
by -
မွေခေါဝ်

မဲခေါင်မြစ်အတွင်း စက်လှေလုပ်သား တရုတ် လူမျိုး ၁၃ ဦး အသတ်ခံရမှုနှင့် ယာဘဆေးပြား သိန်းချီ ဖမ်းဆီးရ မိမှုသည် Kings Romans Casino လောင်းကစားရုံနှင့် ရွှေတြိဂံဒေသ အတွင်းလောင်း ကစားရုံများ ပြိုင်ဆိုင်မှုကြောင့် ဟု စီးပွားရေး လုပ်ငန်းရှင်များကသုံးသပ်ကြ သည်။

Kings_Romans_Casino_Zhao_Wei“Kings Romans Casino ပေါ်လာတဲ့နောက် တခြားလောင်းကစားရုံတေ ွ အလုပ်မဖြစ်တော့ Zhao Wei ကို ချောက်ချအကွက်ဆင် တာလဲ ဖြစ်နိုင်တယ်။ သူ့ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းလိုက်ရင် Kings Romans Casino လဲ ပျက်ပြီပေါ့။ Casino တိုင်း မူးယစ်ဆေးဝါးနဲ့ ကင်းတယ်ဆိုတာ မရှိပါဘူး။ တိုက်ရိုက်မဟုတ် ရင်တောင် သွယ်ဝိုက်ပြီး ပတ်သက်နေပါတယ်” ဟု ရွှေတြိဂံ မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။

အောက်တိုဘာ ၅ ရက် မဲခေါင်မြစ်အတွင်း မောင်းနှင်လာသော လုပ်သား(တရုတ်လူမျိုး) ၁၃ ဦး လိုက်ပါ သည့် တရုတ်စက်လှေ ၂ စင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား ခဲ့သည်။ အောက်တိုဘာ ရ ရက် ထိုစက်လှေ ၂ စင်းမှာ ထိုင်း နိုင်ငံ ကျိန်းဆဲန်သို့ ဝင်ရောက်လာသဖြင့် ထိုင်းအာဏာ ပိုင်များဖက်မှ ဝင်ရောက်ရှာဖွေ ရာ အလောင်း ၁၂ လောင်း တွေ့ရှိခဲ့သည်။ အဆိုပါ စက်လှေ ၂ စင်းထံမှ လည်း ယာဘဆေးပြား ၉၂ဝ,၀၀၀ရရှိခဲ့ သည်။ စက်လှေတစ်စင်းမှာ Zhao Wei ၏ လုပ်ဖော်ကိုင် ဖက်တစ်ဦး ပို်င်ဆိုင်သည်ဟု ဆိုသည်။

“ဒီတရုတ်စက်လှေလုပ်သားတွေကို နှုတ်ပိတ်တဲ့အနေနဲ့ သတ်ပစ်တယ်ဆိုရင် Zhao Wei က ယာဘတွေကို ဘာကြောင့် မယူသွား တာလဲ။ လူ ၁၃ ယောက်ကို သတ်ဖို့အချိန်ရှိပြီး ယာဘတွေကို ယူဖို့အချိန်မရှိတာ တော့ မဟုတ်နိုင်ဘူး။ ဒါဟာယုတ္တိမရှိဘူး။ လုပ်ကြံ ဇာတ်လမ်းလိုဖြစ်နေတယ်”ဟု စီးပွားရေးလုပ်ငန်းရှင် နောက် တစ်ဦးက လည်း ပြောပါသည်။

အဆိုပါ စက်လှေပြန်ပေးဆွဲ သတ်ဖြတ်မှုမှာ ရွှေတြိဂံဒေသ၌ လှုပ်ရှားနေသော ခွန်ဆာ့ MTA လက်ကျန် နော်ခမ်း အဖွဲ့လက်ချက် ဟု ပြောဆိုနေကြသော်လည်း ရာနှုန်းပြည့် ပါဝင်ပတ်သက်မှု မဖြစ်နိုင်ဟုလည်း သုံးသပ်ပါသည်။

“ဒီကိစ္စမှာ နော်ခမ်းက ဘယ်လိုပါဝင်ပတ်သက်နေတယ်ဆိုတာတော့ မသိနိုင်ဘူး။ နော်ခမ်းကိုယ်တိုင်လ ဲဖြစ်နိုင် တယ်။ သူ မသိချင် ယောင်ဆောင်နေတာ မမြင်ချင်ယောင်ဆောင်နေတာလဲ ဖြစ်နိုင်တယ်” ဟု ၎င်းကဆက်လက်ပြောပါ သည်။
Kings_Romans_Casino
စက်တင်ဘာ ၂၆ ရက် ရွှေတြိဂံဒေသအတွင်းရှိ Zhao Wei ပိုင် Kings Romans Casino အား တရုတ်နှင့် လာအို အာဏာပိုင်များ ပူးပေါင်း၍ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာလောင်းကစားရုံဝန်း အတွင်းရှိ မြင်းစောင်း၌ မူးယစ်ဆေးမျိုးစုံ အရေအတွက် ဂုန်နီအိတ် ၂၀ ခန့်နှင့် ထိုင်းဘတ်သန်း ၅၀ ကျော် ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် ချလိမ်ယူဘမ်းရုန်းက ကြေငြာခဲ့ သည်။

“Zhao Wei က ယာဘတွေကို သယ်မယ်ဆိုရင် ဒီလမ်းကို သုံးမှာမဟုတ်ဘူး။ အထူးသဖြင့် သူ့ရဲ့လောင်း ကစားရုံကို အာဏာပိုင် တွေ ၀င်ရှာပြီးနောက် သူလဲသတိထားမှာဘဲ” ဟု ကျိုင်းတုံမှစီးပွားရေးလုပ်ငန်းရှင် တစ်ဦးကပြောပါ သည်။

Kings Romans Casino လောင်းကစားရုံအား ၂၀၀၇ ဧပြီလက လာအို (လောနိုင်ငံ) အစိုးရ အတည်ပြု ချက်ဖြင့် ဘန်ကွမ်ရွာ (ယခင် ၁၉၆၇ က ဦးခွန်ဆာနှင့် တရုတ်ဖြူတို့အကြား ဘိန်းစစ်ပွဲ ဖြစ်ပွားခဲ့သည့် နေရာ) အနီးတွင် စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ အလုပ်သမား ၄၅၀၀ ခန့်ရှိသည်ဟု သိရသည်။

Most read this week