ယမန်နေ့က ကျိုင်းတုံ၌ ဒုတိယအကြိမ်တွေ့ဆုံခဲ့ကြ သော မြန်မာအစိုးရနှင့်မိုင်းလား တပ်ဖွဲ့ကိုယ်စား လှယ် များကြား သဘောတူညီမှု ရ ချက်ရှိ သည့် အနက် ပြည်ထောင်စုမှခွဲထွက်မည်မဟုတ်ဆိုသည့် အချက် လည်းပါဝင် ကြောင်း နယ်စပ် သတင်း ရပ်ကွက်က ဆိုပါသည်။
“မြန်မာအစိုးရကိုယ်စားလှယ်တွေ ၀ တပ်ဖွဲ့နဲ့ သဘောတူညီချက် ၈ ချက်ရတယ်။ ကျနော်တို့ မိုင်းလားတပ်ဖွဲ့နဲ့ ရ ချက် ဘဲ။ ဒါပေမယ့် ကွာခြားချက်မရှိဘူး။ အားလုံးနီးပါးအတူတူဘဲ။ အဲ့ထဲကတချက်ကို ၂ ချက်ခွဲလုပ်လိုက် လို့သာ သူတို့ တချက် ပိုသွားတာပါ” မိုင်းလားအရာရှိများနှင့် နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
အောက်တိုဘာ ၉ ရက် ကျိုင်းတုံမြို့ စစ်တိုင်းရုံး၌ ဆွေးနွေးခဲ့ကြပြီး မိုင်းလားတပ်ဖွဲ့တင်ပြသည့် အချက် ၁၄ ချက် အနက် ရ ချက်ကို သဘောတူညီမှုရရှိခဲ့ကြကြောင်း သိရသည်။
မိုင်းလားဖက်မှ ဒု ဥက္ကဌ (၁) ဦးဆန်းပေ ဦးဆောင်သည့် ၁၀ ယောက်ပါ အဖွဲ့တက်ရောက်ခဲ့ပြီး ဆွေးနွေးချိန် ၃ နာရီ ခန့် ကြာ မြင့်ကြောင်း နှစ်ဦးနှစ်ဘက်နှင့် ဝင်ဆန့်သည့် တာချီလိတ်ရောက် ကုန်သည်တဦးကဤကဲ့သို့ ပြောပြသည်။
“ဒီတခေါက်တွေ့ဆုံပွဲမှာ မိုင်းလားဖက်က ပထမအကြိမ်တွေ့ဆုံပွဲက လူဟောင်းတွေအပြင် ဥက္ကဌကြီး စဝ်စိုင်းလင်း က သူ့သား စဝ်စိုင်းလုံကိုပါ ထဲ့လာတယ်။ နောက် တယောက်လဲ ဒုဥက္ကဌ (၂) စဝ်ခွန်ဆန်လူပေါ့။ မြန်မာအစိုးရ ကိုယ်စားလှယ် ဖက်ကတော့ လူဟောင်းတွေဘဲ။ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ဦးအောင်သောင်း၊ သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ နတလ နယ်စပ်ဒေသနှင့် တိုင်း ရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဇော်ဝင်း၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး တို့ပါတယ်”
စက်တင်ဘာ ရ ရက် ပထမအကြိမ် တွေ့ဆုံစဉ် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဥက္ကဋ္ဌ ဦးသိန်းဇော်မှ မိုင်းလား တပ်ဖွဲ့ထံ ညှိနှိုင်း ဆွေး နွေးသည့် အချက် ၄ ချက်မှာ-
၁။ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုမရှိရန်။
၂။ နှစ်ဖက်ဆက်ဆံရေးရုံးများ နဂိုမူလအတိုင်း ပြန်လည်ဖွင့်လှစ်ရန်။
၃။ အစိုးရဖက်မှ မိုင်းလားနယ်မြေထဲသို့ ဝင်ရောက်သည်ဖြစ်စေ၊ မိုင်းလားဖက်မှ အစိုးရနယ်မြေထဲသို့ ဝင်ရောက် သည်ဖြစ်စေ လက်နက်ယူဆောင်လာပါက ကြိုတင်အကြောင်းကြားရန်။
၄။ နှစ်ဖက်စလုံး ဆက်ဆံရေးကော်မတီများ အမြန်ဆုံးဖွဲ့စည်းထူထောင်ရန် - တို့ဖြစ်သည်။
မိုင်းလားတပ်ဖွဲ့မှ တင်ပြချက် ၁၄ ချက်မှာ -
၁။ ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ တာချီလိတ်မြို့များ၌ ရုံးဖွင့်ခွင့်ပေးရန်။
၂။ မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံသားစီစစ်ရေးကဒ်ပြားလုပ်ပေးရန်။
၃။ ကားလိုင်စင်မှတ်ပုံတင်ခွင့်ပေးရန်။
၄။ ထိုင်း နှင့် တရုတ်ခရီးသွားများအား မိုင်းလားထိန်းချုပ်နယ်မြေအတွင်း ပြန်လည်ဝင်ခွင့်ပေးရန်။
၅။ ရွှေ၊ သတ္တုတူးခွင့်ပေးရန်။
၆။ ကုန်သည်များအား မိုင်းလားနယ်မြေထဲသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု ပြုခွင့်ပေးရန်။
၇။ မြေပေါ်မြေအောက် သယံဇာတရှာဖွေရေးကျွမ်းကျင်ပညာရှင်များ ပို့ပေးရန်။
၈။ ကျွန်းသစ် တန်ချိန် တစ်သောင်းနှင့် အခြားသစ်မာတန်ချိန် တစ်သောင်းကိုပါမစ်ချပေးရန်။
၉။ နယ်စပ်ဂိတ်များ၌ အခွန်လွတ်လပ်စွာကောက်ခွင့်ပေးရန်။
၁၀။ ဒေသဖွံ့ဖြိုးရေးကူညီဆောင်ရွက်ပေးရန်အတွက် UN,NGO အဖွဲ့အစည်းများအား မိုင်းလားနယ်ထဲပြန်ဝင်ခွင့် ပေးရန်။
၁၁။ မူးယစ်ဆေးတိုက်ဖျက်ရေးအတွက် မြန်မာအစိုးရနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်။
၁၂။ အထူးဒေသ ၂ အားကူညီထောက်ပံ့သည့်အတိုင်း မိုင်းလားတပ်ဖွဲ့အားလည်း ဆန်၊ ဆီများ ကူညီ ထောက်ပံ့ ပေးရန်။
၁၃။ အစိုးရဝန်ထမ်းများမပို့ဆောင်မှီ မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်း လေ့လာရန်အတွက် ပထမဦးစွာ ကိုယ်စားလှယ်တဦး လွှတ်ပေးရန်။
၁၄။ ငြိမ်းချမ်းရေးအဓွန့်ရှည်တည်မြဲရန်အတွက် နှစ်ဦးနှစ်ဖက်မကြာခဏ တွေ့ဆုံဆွေးနွေးမှုပြုရန်။
မိုင်းလား တပ်ဖွဲ့ နှင့် မြန်မာအစိုးရတို့ကြား သဘောတူညီချက် ရ ချက်မှာ-
၁။ စက်တင်ဘာ ရ ရက် အစိုးရကိုယ်စားလှယ်များတင်ပြဆွေးနွေးသည့် အချက် ၄ ချက်ကို သဘောတူညီ အသိ အမှတ်ပြုကြသည်။
၂။ မိုင်းလားတပ်ဖွဲ့အနေဖြင့် ပြည်ထောင်စုမှခွဲထွက်မည်မဟုတ်ကြောင်း လက်ခံသဘောတူကြသည်။
၃။ မိုင်းလားနယ်မြေထဲသို့ မြန်မာအစိုးရဝန်ထမ်းများပို့ဆောင်မည်။ အလားတူ ကျိုင်းတုံ၌ မိုင်းလားတပ်ဖွဲ့ရုံးပြန် ဖွင့်မည်ဖြစ်သည်။
၄။ မိုင်းလားတပ်ဖွဲ့ဒေသဖွံ့ဖြိုးရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့်လမ်းပန်းဆက်သွယ်ရေးကိစ္စတို့၌ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။
၅။ စီးပွါးရေးအထူးစီမံချက်အတွက် ခရီးသွားလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ် ရေးလုပ်ငန်းတို့အား အစိုးရနှင့်လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်။
၆။ အစိုးရ၏ မူးယစ်ဆေးတိုက်ဖျက်ရေး ၁၅ နှစ်စီမံကိန်း၌ မိုင်းလားတပ်ဖွဲ့က ပူးပေါင်းလက်တွဲမည်။
၇။ ငြိမ်းချမ်းရေးအဓွန့်ရှည်တည်မြဲရန်အတွက် နှစ်ဦးနှစ်ဖက်မကြာခဏ တွေ့ဆုံဆွေးနွေးမှုပြုကြမည်။