ထိုင်းနယ်စပ်ဂိတ်များပြန်ဖွင့်မည့် သတင်းကြောင့် ကုန်သည်များဝမ်းသာ

ထိုင်းနယ်စပ်ဂိတ်များပြန်ဖွင့်မည့် သတင်းကြောင့် ကုန်သည်များဝမ်းသာ
by -
သျှမ်းသံတော်ဆင့်

ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း များ အနက် ၉ နှစ်ကျော်ကြာ ပိတ်ထားသော BP1 မိုင်းတုံ - ချင်းဒေါဝ် လမ်းကို ယခုနှစ်ကုန်ပိုင်း၌ ပြန်လည် ဖွင့်လှစ်မည်ဟု သတင်းများထွက်နေ သဖြင့် ကုန်သည်ကြီးများ ဝမ်းသာနေ ကြကြောင်း သျှမ်းပြည် အရှေ့ပိုင်းသတင်းရပ်ကွက်က ဆိုပါ သည်။

“ စက်တင်္ဘာလကတည်းက ကျိုင်းတုံ အာဏာပိုင်တွေ လာစစ်ဆေးနေပြီ။ ဒီတခါတော့ တကယ်ဖွင့်မယ့်ပုံ ဘဲ။ အရင်တုန်း က ထိုင်းအာဏာပိုင်တွေဖက်က ဒီနယ်စပ်ဂိတ်ကိုဖွင့်ဖို့ အကြိမ်ကြိမ်ကမ်းလှမ်း တယ်။ နယ်စပ် လမ်းပြန်ဖွင့်ဖို့ မကြာခဏ ပြင်ဆင်တယ်။မြန်မာဖက်ကလုံးဝစိတ်မဝင်စားဘူး လေ။ဆိုတော့တခါမှ မဖွင့်ဖြစ်ဘူး” ဟု နယ်စပ်နေကုန်သည်ကြီးတဦး က ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်း ထိုင်းနယ်စပ်ဂိတ်များမှာ တာချီလိတ်ရှိ ချစ်ကြည်ရေးအမှတ် ၁ နှင့် အမှတ် ၂ တံတား (တရားဝင်ဂိတ်)၊ မိုင်းတုံ - နားကောင်းမူး-ပုံပါကျင် -နောင်အုတ်- ချိန်းဒေါဝ်  BP1  ဂိတ်၊ မိုင်းတုံ- နားကောင်းမူး-လွယ်အန် ခန်- မိုင်းဖှန် BP2  ဂိတ်နှင့် ဟိုမိန်း- နားမွန်း- မယ်ဟောင်ဆောင် BP8  ဂိတ် (ဗြိတိသျှ လက်ထက်ကထိုင်းနှင့်တိုင်းထွာ သတ်မှတ်ထားသောနယ်ခြားမှတ်တိုင်) ဟူ၍နယ်စပ်ကုန်သွယ် ရေး လမ်း ၅ လမ်း ရှိသည်။ ထိုအနက် တခြားဂိတ်များထက် ခရီးလမ်းလွယ်ကူလျင်မြန်၍ကုန်သွယ်ရေးဇုံ ပိုကျသောအသုံးများ သည့်  BP1  ဂိတ်ကို လွန်ခဲ့သော ၁၀ နှစ်ကတည်းက ပိတ်ထားပြီးယခုတိုင်တရား ဝင်ပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိသေးပါ။

“အခု ဒီ  BP1  ဂိတ်ကို ပြန်ဖွင့်ဖို့ဆိုတာက လွှတ်တော်မှာ နိုင်ငံရေးပါတီတွေ တောင်းဆိုခဲ့လို့သျှမ်းပြည်အစိုးရ ဝင် ငွေ အတွက်ရည်ရွယ်တာလဲဖြစ်နိုင်တယ်။ တာချီလိတ် အမှတ် ၂ တံတားကတော့ကုန်စည်တွေဝင်တဲ့ လမ်း။ ဒီဂိတ်ကတော့ ပြည်ထောင်စုအစိုးရဝင်ငွေအတွက်ဖြစ်ပြီး တာလော့ တံတားလို့ လူသိများတဲ့ အမှတ် ၁ တံတားနဲ့ ဒီအခုဖွင့်မယ့် BP1  ဂိတ်က ဝင်ငွေကတော့ သျှမ်းပြည်အစိုးရအတွက် ဖြစ်နိုင်တယ်လို့သတင်းတွေ ထွက်နေတယ်” ဟုလည်း သျှမ်းပြည်အရေး စောင့်ကြည့်လေ့လာသည့် ပုဂ္ဂိုလ်တဦးကပြောသည်။

တဖက်တလမ်းကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့  Chiangmai Chamber of Commerce ချင်းမိုင်မြို့ ကုန်သည် ကြီးများ အသင်းမှ  Dr. Prayuth Wongpaeng ( ချင်းမိုင်မြို့ ဖာယပ်တက္ကသိုလ်မှအာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် လေ့လာ ရေး ဌာန ဒါရိုက်တာ Payap University- Director of Center for Asia Regional Studies and Development ) ကဦးဆောင်သည့် အဖွဲ့လည်းအဆိုပါဂိတ်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရန်ယနေ့ မနက်ပိုင်း ရန်ကုန်သို့ ထွက်ခွါ သွားသည်ဟု အဖွဲ့ဝင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

“ဘုရင့်နောင်မင်းလက်ထက်က ထိုင်းဘုရင်မင်းမြတ် နရေးဆွန် (ဗြနရာဇ်) ရဲ့အုတ်ဂူ ရှိတဲ့မိုင်းတုံမြို့နယ် မိုင်းဟန် အုပ်စု အထိ ခရီးသွားဇုံ  Tourism Zone  လုပ်ဖို့အထိ ကျနော်တို့ဖက်က ရည်ရွယ်ထားတယ်။ နောက်ပိုင်းကျရင် BP1 နယ်စပ် ကနေ  ဟိုးတရုတ် နယ်စပ် အိန္ဒိယနယ်စပ်ဖက်အထိ သွားလာနိုင်အောင် ကျနော်တို့ ကြိုးစားသွား မယ်။ အခု ၆ ရက်နေ့ ကနေ ၉ ရက်နေ့ အထိ မြန်မာအစိုးရကိုသွားပြီးဆွေးနွေး မယ်” ဟု ဆို၏။

အဆိုပါ  BP1 နယ်စပ်ဂိတ်အား အမှန်တကယ် ပြန်လည်ဖွင့်လှစ်ပေးမည်ဆိုပါကကုန်သည်များအနေဖြင့် ဝမ်းသာ ကြိုဆို ကြောင်း သျှမ်းပြည်တောင်ပိုင်းမှ ကုန်သည် ပီနန်းပီးက ဤကဲ့သို့ပြောပြပါသည်။

“၂၀၀၂  BP1 နယ်စပ်ဂိတ် ပိတ်လိုက်ကတည်းက မိုင်းတုံစီးပွါးရေးဇုံလဲခြောက်သွေ့သွားတယ်။အရောင်း အဝယ် မကောင်း ဘူး။ မိုင်းတုံကနေ မိုင်းဆတ်၊ တာချီလိတ် နယ်စပ်ဖက်  ကုန်သွားရောင်းသွားသယ်နိုင်ပေ မယ့်ဂိတ် တွေကလဲများတော့ စရိတ်ကြီးတယ်။ အမြတ်မတင်ဘူး။ လမ်းကလဲ ကြမ်းတယ်။ ၂၀၀၈တုန်းက တောင် ဒီ BP1 ဂိတ်ဖွင့်မယ်ဆိုပြီးဂိတ်နဲ့ ကပ် ရက်ထိုင်းဖက်ကမ်း နောင်အုတ်မှာ  ‘ကတ်နတ်’သောကြာ နေ့ဈေး ခင်းနေပြီ။ မြန်မာအာဏာပိုင်တွေက  ‘ကျနော်တို့ မြေမြုပ်ဗုံးတွေ မြုပ်ထားတယ်။မကြောက်ရင်လဲ သွားကြပေါ့’ လို့ ပြောတော့ ဘယ်သူမှ မသွားရဲကြဘူး။ ခုတော့ တကယ် ဖွင့်ရင်ဝမ်းသာရတာပေါ့  ”

သို့သော် ယခင်မူလအတိုင်းပြန်လည်စည်ကားဖို့မှာ မြန်မာအာဏာပိုင်ဖက်မှထိုင်းကုန်ပစ္စည်းတင်သွင်းခွင့်ပြု ချက် အပေါ် လည်း မူတည်ကြောင်းသူမ ကပြောသည်။

တာချီလိတ်ဂိတ်မှလည်းကောင်း၊ BP1 ဂိတ်မှလည်းကောင်း တင်သွင်းသော ထိုင်းကုန်ပစ္စည်းများကို တောင်ကြီး သို့ သွား ရောက်ရောင်းချကြပြီး တောင်ပိုင်းအလယ်ပိုင်းမှလာသောဒေသထွက်ကုန်ပစ္စည်း များကို မူ နယ်စပ်သို့ ပို့ဆောင် ကြခြင်း ဖြင့် ကုန်သွယ်မှုပြုကြသည်။

အဆိုပါ BP1 နယ်စပ်ဂိတ်အား ၂၀၀၂ ခုနှစ်က ထိုင်း-မြန်မာနယ်စပ်တိုက်ပွဲကြောင့် ပိတ်လိုက်ကြပြီးထိုင်း အာဏာ ပိုင် ဖက်က ပြန်လည်ဖွင့်လှစ်ရန် မြန်မာအာဏာပိုင်ထံ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း အထ မမြောက်ခဲ့ပေ။

Most read this week