တရုတ်နယ်စပ် ရေလမ်း ထပ်ပိတ် ၊ ဗန်းမော်တွင် တရုတ်ကုန် စျေးတက်

တရုတ်နယ်စပ် ရေလမ်း ထပ်ပိတ် ၊ ဗန်းမော်တွင် တရုတ်ကုန် စျေးတက်
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် ဗန်းမော်မြို့မှ တရုတ်နယ်စပ်အထိ ရေလမ်းမှတဆင့် စက်လှေများ သွားလာနေမှုကို ယခုရက်ပိုင်း အတွင်း အာဏာပိုင်များက ပိတ်ပင် လိုက်ရာ ဗန်းမော်မြို့၌ တရုတ်ကုန်ရှားပါးပြီး စျေးတက်လာကြောင်းသိရသည်။

KIA နှင့် အစိုးရစစ်တပ်တို့ နှစ်ဘက်စစ်ပွဲများအတွင်း တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းများ လွန်ခဲ့သည့် လပိုင်းမှ စ၍ ရပ်ဆိုင်းခဲ့ပြီး ယခုရေလမ်းကြောင်းကိုပါ ထပ်မံပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
laiza
“ဗန်းမော်ကနေ မိုးလွဲချောင်းအတိုင်း လိုင်ဇာနားအထိ စက်လှေနဲ့သွားတာ အခုမသွားခိုင်းတာ ၅ ရက် လောက်ရှိပြီ စစ်တပ် က ပြန်လှည့်ခိုင်းတယ် ကားလမ်းတွေ လည်းပိတ်ထားတော့ တရုတ်ကုန်အဝင်အတော် နည်းပြီး စျေးတက်လာ တယ်” ဟု ဗန်းမော်မြို့ခံ ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မိုးလွဲချောင်းသည် ဗန်းမော်မြို့ အထက်ဘက် ၅ မိုင်ခန့်အကွာတွင် ဧရာဝတီမြစ်အတွင်းသို့စီးဝင်ပြီး၎င်းချောင်း အတိုင်း စက်လှေများဖြင့် KIO ဋ္ဌာနချုပ်ရှိရာ တရုတ်နယ်စပ် လိုင်ဇာမြို့အနီးရှိ မန်မော် - မန်သဲရွာအထိ သွားလာကြောင်းသိရ သည်။

“ဒီရက်ပိုင်းဆိုရင် တရုတ်ဘီယာတစ်ဖါကို (ကျပ်) ၅၈၀၀ ကနေ ရ၀၀၀ ကျပ်အထိတက်လာတယ်။ တရုတ် ကုန်အားလုံး ပါပဲ။ စျေးတက်လာတယ်။ လွယ်ဂျယ်လမ်းကလည်း ဆိုင်ကယ်ကယ်ရီတွေ မတက်တော့ဘူး။ လိုင်ဇာကိုတက်နေတဲ့ (ဂျစ်ဘီလူး) ကားတွေလည်း မတက်တော့ဘူး” ဟု ဆိုသည်။

တရုတ်ကုန်ပစ္စည်းစျေးတက်ရခြင်းမှာ တရုတ်ငွေစျေး ပြန်တက်လာခြင်း နယ်စပ်လမ်းကြောင်းများ ပိတ်နေ၍ ကုန် အဝင်နည်းခြင်း  ကုန်ပစ္စည်းသယ်ယူခ (ကယ်ရီခ) ကြီးမြှင့်မှုတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

လတ်တလော KIO ဋ္ဌာနချုပ် လိုင်ဇာအနီးရှိ နမ့်ငေါချောင်းနှင့် ရှဒန်ပါတစ်ဝိုက်တွင် အစိုးရစစ်ကြောင်းများ လှုပ်ရှား နေပြီး အောက်တိုဘာ ၂ ရက်နေ့က KIA နှင့် အစိုးရစစ်တပ်တို့ ဘွန်စင်၊ ဘန်ဒေါင် နှင့် နမ်ဆန်ယန် စသည့်နေရာ ၃ ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

Most read this week