စက်တင်ဘာလနှောင်းပိုင်း မိုးဆက်တိုက်ရွာသွန်းမှု ကြောင့် သျှမ်းပြည်တောင်ပိုင်း လွယ်လင်-တောင်ကြီး အတက်လမ်းနှင့် တောင်ကြီ-ညောင် ရွှေ အဆင်း လမ်းတို့တွင်ရေကြီးကာခရီးလမ်းနှောင့် နှေးကြန့် ကြာသည့် အပြင် စရိတ် ပိုမိုကုန်ကျ နေကြောင်း သျှမ်းပြည်တောင်ပိုင်းသတင်းရပ် ကွက်ကဆိုပါ သည်။
“ လွယ်လင်အထွက်ပေါ့။ စုပေါင်းဂိတ်အလွန် တောင်အတက် အကွေ့လေးမှာ ရေကြီးတာ။ နှစ်တိုင်းရေကြီး တယ်။ ဒီနှစ်က ပိုဆိုးတယ်။ မိုးက စက်တင်ဘာလနှောင်းကတည်းက ရွာနေတာကိုး။ အချိန်ကုန် ငွေကုန် လူပမ်းပေါ့။ တောင်ကျရေကြောင့် တချို့လမ်းပိုင်းတွေလဲ အရမ်းပျက်တယ်။ အစိုးရက လမ်းပြင်ပေးတာ၊ ကူညီဖြေရှင်းပေးတာတွေမရှိဘူး။ ကားခလဲ ၂ ဆ နီးပါးခုန်တက်သွားတယ်” ဟု အသက် ၄၀ ကျော်အရွယ် အဆိုပါ ကားဆရာကပြောသည်။
ထိုနေရာ၌ ကားလမ်းရေလွှမ်းမိုးမှုကြောင့် ကားကြီး ကားငယ်မဟူ ဖြတ်သန်း၍မရသဖြင့်ကိုယ့်နည်းကိုယ့် ဟန်ဖြင့် ဖြတ် ရပြီး တဘက်ခြမ်းသို့ ကားပြောင်းစီးရကြောင်း၊ ကုန်များလည်းထိုနည်းဖြင့်ကဲ့ယူရကြောင်း၊ ထို့ကြောင့် ခရီးစရိတ်၊ ကုန်စည် ပို့ဆောင်ခ နှစ်ဆနီးပါးပိုကုန်ကြသွားကြောင်း ပင်လုံ-တောင်ကြီး ကုန်သည်တဦးကလည်း သျှမ်းသံတော်ဆင့် အားပြော သည်။
“ပင်လုံ - တောင်ကြီးကားခ တယောက် ကျပ် ငါးထောင်ကနေ အခုတသောင်းအထိ တက်တယ်။ ဒီနေရာမှာ သီတင်းကျွတ် တန်ဆောင်မုန်းဆိုရင် နှစ်တိုင်းရေကြီးတယ်။ ဒီနှစ်က မိုးအရမ်းရွာတော့ ပိုဆိုးတာပေါ့။ ကုန်ဈေး နှုန်းကလဲ တက်နေတယ် မဟုတ်လား။ မသွားမဖြစ်တဲ့ကုန်သည်တွေဆိုရင် ခရီးစရိတ်ပိုပြီးအကုန် ကျခံရတာပေါ့” ဟု ညီးညူပြသည်။
ယခုလ ၂ ရက်နေ့က စ၍မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကြီး- ညောင်ရွှေလမ်း ၊ ညောင်ရွှေ ရွှေညောင် လမ်းနှင့် ရပ်စောက်မြို့တို့တွင် ဇော်ဂျီဆည်ကြောင့် ဇော်ဂျီချောင်းရေလျှံကာ ဇော်ဂျီချောင်းမှ ခွဲ ထွက်လာသည့် ဆင်တဲချောင်းလည်း ရေကြီးကြောင်း၊ ထို့ကြောင့် ကုန်ကားများနှင့်ခရီးသည်များခရီးသွား လာရေး ရပ်နားထားရ ကြောင်း တောင်ကြီး သူတဦး ကလည်း ပြောသည်။
“ထော်လာဂျီတွေနဲ့ တောလမ်းကနေဖြတ်ရင်တော့ရတာပေါ့။ ဒါပေမယ့် မိုးကအရမ်းကြီးတော့ တောလမ်းလဲ ချော်တယ် လေ။ အန္တရာယ်လဲများတယ်။ ဒါကြောင့် သွားလာမှု ခဏ ရပ်ထားရတယ်။ဒီနှစ်ရေအရမ်းကြီး နေတော့ ဖောင်တော်ဦး ဘုရားပွဲ လဲ လုံးဝ စည်မယ့်ပုံမပေါ်ဘူး” ဟု ဆို၏။
ဩဂတ်စ်လလယ်တွင်လည်း တောင်ကြီးမြို့လယ် မြို့မရပ်တွင်းနှင့် မင်းလမ်းမတွင်လည်းရေကြီးမှု ဖြစ်ပွါးခဲ့ သေးကြောင်း သိရ သည်။ ၂ ရက်မိုးဆက်တိုက်ရွာသွန်းသည့်အပြင်သဲကျင်းရပ်ကွက်ရှိ အမှတ် ၂ ကန်ကို အာဏာ ပိုင်များ ရေဖောက်ချမှု ကြောင့် ရေလျှံကာ ဘုရားဖြူရပ်ကွက်မှ ကျောင်းသား ၂ ဦး ရေစီးနှင့် မျောပါသွားကြောင်း တောင်ကြီးဒေသခံ တဦး ကလည်းဖြည့်စွက်ပြောပြသည်။
အလားတူ ၂ ရက်နေ့ ညက တညလုံးမိုးရွာသွန်းမှုကြောင့် သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တိန်းချောင်း ရေ (ယခုနှစ် အတွင်း) တတိယအကြိမ်ရေကြီးကာ ချောင်းနံဘေးနေထိုင်သူ ဒေသခံများအခက်တွေ့ နေရကြောင်း မိုင်းတုံမှ ကားဆရာ ကပြောသည်။
“ ချောင်းနံဘေးမှာနေထိုင်တဲ့ ကံသာရပ်ကွက်က လူတွေနဲ့ ဈေးတန်းရပ်ကွက်ကလူတွေ အထိများတာပေါ့။ တချို့တောင် ထိုင်းသွားအလုပ်လုပ်တဲ့ သူတို့ရဲ့ သားသမီးတွေဆီဖုန်းဆက်ပြီး ငိုယို ပိုက်ဆံတောင်းကြတယ် လို့တောင်ပြောတယ်” ဟုဆို သည်။
လဲချားမြို့တွင်လည်း နမ့်တိန်းချောင်းနှင့် နမ့်ဗွီး ချောင်းရေလျှံတက်မှုကြောင့် ယခုနှစ်လယ်ယာမြေ ၃ပုံ တပုံ ပျက်စီးသည်ဟု လည်း လဲချားဒေသခံတဦးကပြောသည်။
ယခုနှစ် ဧပြီလမှစ၍ တောင်တရုတ်ပင်လယ်မှတိုက်ခတ်သော မုန်တိုင်းများကြောင့် ဖိလစ်ပိုင်၊ တရုတ်နိုင်ငံ တောင် ပိုင်း၊ ထိုင်း၊ လာအို(လောဝ်)၊ ဗီယက်နမ်နိုင်ငံ နှင့် မြန်မာနိုင်ငံတို့၌မိုးအဆက်မပြတ်ရွာသွန်းကာ ယခု တိုင် ရေလွှမ်းမိုးမှုများ ခံနေကြရသည်။