သျှမ်းသံတော်ဆင့်သတင်းဌာန လက်ထောက် အယ်ဒီတာ/ သျှမ်း၊ ဗမာ စာရေးဆရာလဲဖြစ်မျိုးချစ် စိတ်ဓါတ် ရှင်သန် ထက်မြက်ရေး - တေးရေး ဆရာလဲဖြစ်တဲ့ အဆိုတော် ဆခဟ ခေါ် ဦးစိန်ကြည် ခေါ် စိုင်းရှဲန်ဂျင့်ဟာ စက်တင်ဘာလ ၁၅ ရက်နေ့က အသဲကင်ဆာရောဂါနဲ့ ချင်းမိုင်မြို့မှာကွယ်လွန်ခဲ့ပါ တယ်။
သျှမ်းသံတော်ဆင့်သတင်းဌာန လက်ထောက်အယ်ဒီတာ/ သျှမ်း၊ ဗမာ စာရေးဆရာလဲဖြစ် မျိုးချစ်စိတ်ဓါတ် ရှင်သန် ထက်မြက်ရေး - တေးရေးဆရာလဲဖြစ်တဲ့ အဆိုတော် ဆခဟ ခေါ် ဦးစိန်ကြည် ခေါ် စိုင်းရှဲန်ဂျင့် ဟာ စက်တင်ဘာလ ၁၅ ရက်နေ့က အသဲကင်ဆာရောဂါနဲ့ ချင်းမိုင်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ မထင်မှတ်ဘဲ ဦးစိန်ကြည် ကွယ် လွန်သွား တာဟာ သျှမ်းအသိုင်းအဝိုင်းကြားထဲမှာဘယ်လိုရိုက်ခတ် တွေမှုရှိပါသလဲ၊ သျှမ်းပြည်တော်လှန်ရေး ခရီးမှာကော ဘယ်လောက် အထိဆုံးရှုံးမှုတွေရှိနိုင်မလဲ၊ ဦးစိန်ကြည်ဟာ ဘယ်လို လူမျိုးလဲ ဆိုတာ ဈာပန အခမ်းအနားတက်ရောက်လာတဲ့ အလွှာစုံ ဧည့် ပရိသတ်တွေကို တွေ့ဆုံမေးမြန် း( နယ်ဝေးရှိပရိတ်သတ်တွေကို ဆက်သွယ်မေးမြန်း) ထားပါတယ်။
ဦးစိန်ကြည်ရဲ့ စျာပနအခမ်းအနားကို ချင်းမိုင်မြို့ ဝပ်ပါပေါက် ဘုန်းကြီးကျောင်းမှာ ရ ရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်။ တရားနာချိန် ကလွဲလို့ သူ့သီဆိုခဲ့တဲ့တေးသီချင်းတွေ တောက်လျှောက်ဖွင့်ထားတဲ့ အပြင် တချို့ညတွေမှာ ဇိဏ်းလျော စင်တင်တေးဂီတ အဖွဲ့က ဦးစိန်ကြည်အတွက် ဂုဏ်ပြုသီချင်းတွေ သူ့ကိုအောက်မေ့တဲ့ တေးသီချင်းတွေနဲ့ စျာပန အခမ်း အနားလာတဲ့ မိတ်ဆွေတွေကို ဖျော်ဖြေပေးခဲ့ပါ တယ်။
ချင်းမိုင်ရောက် စီးပွားရေး လုပ်ငန်းရှင် စိုင်းလင်းက ဆခဟ နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“သူဟာ အမျိုးသားရေးအတွက် ဘဝနဲ့ရင်းပြီး အချိန်ပေး လုပ်ဆောင်တဲ့သူတယောက်ဖြစ် တယ်။ သေတဲ့ချိန် အထိ မရပ်မနား လုပ်ခဲ့တယ်။ သူဟာနှုတ်ချိုသာတဲ့ လူတယောက်မဟုတ် ပေမယ့် သဘော ထားကောင်း တယ်။ တွေ့တဲ့ လူတိုင်း ကို ညီကိုမောင်နှမလိုသဘောထားပြီး ဆက်ဆံတယ်။ လက်တွေ့ ကျတဲ့ အလုပ်တွေဘဲလုပ် တယ်။ သူသေဆုံး သွားတာ အရမ်း ကိုနှမြောတယ်”
သံလွင်အရှေ့ခြမ်း ဝ နယ် မိုင်းလိန်းမြို့မှာ မွေးဖွားခဲ့တဲ့ ဆခဟ (ဦးစိန်ကြည်) ဟာ သျှမ်း ဗမာ အင်္ဂလိပ် တေးသီချင်း ပေါင်း ၃၀၀ ကျော်ရေးသားပြီး ကိုယ်တိုင်သီဆိုထားတာ ကတော့ အပုဒ်ရေ ၁၂၀ ကျော်ပါတယ်။
ဦးစိန်ကြည်နဲ့ပတ်သက်ပြီး ရှမ်း ကဗျာ/စာရေးဆရာ သျှမ်းမဂ္ဂဇင်း အယ်ဒီတာ ဟင်းကာယန်းကအခုလိုပြောပါ တယ်။
“သူက တေးရေးဆရာ စိုင်းခမ်းလိတ်ရဲ့ သူငယ်ချင်း၊ သူ့ကို ဆေလျှံခေး လို့ ခေါ်တယ်။ ဆရာ စိုင်း ခမ်းလိတ် ရေးသားတဲ့ “ပင်လုံစာချုပ် ” တေးသီချင်း နဲ့ ပတ်သက်ပြီး ကျနော်သူ့ကို စသိတယ်။ သူဟာ ရိုးသားတယ် ကြိုးစားတယ်။ အမှားကို ၀န်ခံရဲတယ်။ သူနဲ့ ဆရာဦးခွန်စိုင်းက မီဒီယာလောကမှာ သျှမ်းလူထုကိုစတင် မျက်စိ ဖွင့်ပေးတဲ့သူတွေ လို့လဲပြောနိုင် ပါတယ်။ စာပေဖက်မှာရော ဂီတဖက်မှာပါသူစွမ်းစွမ်းတမံ ကြိုးစားခဲ့တယ်။ အချစ်အလွမ်းသီချင်းတွေချည်းဘဲ ခံစား မနေနဲ့ လို့လဲ လူငယ်တွေကို အကြိမ်ကြိမ် ပြောဆိုသွန်သင်ခဲ့တယ်။ သေဆုံးချိန်အထိ စာပေနဲ့ အမျိုးသားရေး အတွက် လုပ်ဆောင်ခဲ့တယ်။ သူ့လိုလူမျိုး ရှာရခက်တယ်။ သူ့နေရာအစားထိုးဖို့ လူဆိုတာ တော်တော် ရှာရခက်ပါလိမ့်မယ်”
သူ့ရဲ့ ဈာပနအခမ်းအနားကာလ လွမ်းသူ့ပန်းခွေ ၁၀၀ ကျော်နဲ့ ဝမ်းနည်းသဝဏ်လွှာတွေ၊သူကိုနှမြောတမ်း တ တဲ့ ကဗျာတွေအများအပြားကို ရေခြားမြေခြားက သူ့မိတ်ဆွေတွေက ရေးသားပေး ပို့ခဲ့ကြပါ တယ်။
ဦးစိန်ကြည်နဲ့အတူ ခရီးထွက်ခဲ့ဖူးတဲ့ ဒုက္ခသည်များအရေးကူညီဆောင်ရွက်ပေးနေတဲ့ယုမ့်ဆိုင်လိန်(ထုန့်ပိန်း)ကစိုင်းရှဲန်ဂျင့် ဟာ လူငယ်တွေကို လမ်းဖွင့်ပေးတဲ့ခေါင်းဆောင်ကောင်း တယောက်ဖြစ် တယ်၊ ဗဟုသုတတွေကို လူငယ် တွေဆီ ကနေ ပြန်လည်လေ့လာသင်ယူဖို့ဝန်မလေးတဲ့ ထူးဆန်းတဲ့ ပုဂ္ဂိုလ် တယောက်ဖြစ်ကြောင်းပြောပါ တယ်။
“ ပီဇင့်ဟာ ထူးခြားတဲ့လူတယောက်ဖြစ်တယ်။ လူငယ်တွေကို လမ်းဖွင့်ပေးတယ်။ သူမသိတာ သူမ တတ် တာကို လူငယ် လူကြီးမရွေးဘဲ မေးမြန်း အကြံဉာဏ်တောင်းယူလေ့ရှိတာတွေ့ရတယ်။ နောက် တခုက သူဟာ လူငယ်တွေနဲ့ အခက် အခဲကို အချိန်ပေး နားထောင်ပေးတယ်။ လိုအပ်ရင် အကြံဉာဏ် ပေးတယ်။ သူသိချင်တဲ့ အကြောင်းတွေကို လူငယ် လူကြီး မရွေးဘဲ မေးမြန်းလေ့လာတယ်။ ဒီအချက် အလေးတွေဟာ အရမ်းကို လေးစားစရာ ကောင်းတယ် ချစ်စရာကောင်းတဲ့ စရိုက်လေးဖြစ်ပါတယ်။ ပြီးတော့ သူဟာ လူငယ်တွေကို ကြိုးစားဖို့အမြဲတမ်းပြော တယ်။ လူငယ် တွေ တော်ရင် သျှမ်းပြည် အရေးဘယ်တော့မှ မရှုံးနိမ့်ဘူး-လို့သူ အမြဲတမ်း သွန်သင်ဆုံးမ တယ်”
စိုင်းရှဲန်ဂျင့်ခေါ် ဦးစိန်ကြည်နေထိုင်တဲ့ ပိန်းလုံအုပ်စုက ရပ်ရွာအကြီးအကဲလဲဖြစ် ဗိုလ်မိုးဟိန်း လက် ထက်က တည်းက ဝါရင့်နိုင်ငံရေးသမားကြီးလဲဖြစ်တဲ့ စဝ်ပိုင်းမိန်းကတော့ စိုင်းရှဲန်ဂျင့်ဟာ အမျိုးသားရေးအကျိုးကို မိမိအကျိုးထက် ပိုမို အလေး ထားလို့ သူသေဆုံးချိန်မှာလဲ သူ့အသုဘမှာ လူတွေ စည်ရတာဖြစ်တယ်လို့ အခုလိုပြောပါတယ်။
“ သူလိုလူက ရှာရခက်တယ်။ အမျိုးသားရေးအတွက်ဆိုရင် သူ့ကိုယ်ရေးကိုယ်တာကိစ္စထက်ပိုအလေးထား တယ်။ အဲ့ကြောင့် လူတွေက သူ့ကိုသိကြတာပေါ့။ ရှေးခေတ် သျှမ်းဝေါဟာရ ၊ အသုံးအနှုန်းတွေပြန်ရှာ ယူသုံး နှုန်းတယ်။ ကျနော် တို့မကြားဖူးတဲ့ရှေးခေတ်က အသုံးအနှုန်းတွေ။ ဒါပေမယ့်နားလည်လွယ် တယ်။ နောက်တခုက သူဟာ လူကြီးသူမတွေကို ချဉ်းကပ်ပြီး သမိုင်းကြောင်းကို မေးမြန်းလေ့လာတယ်။သတင်း အချက်အလက်တွေ သမိုင်း ကြောင်းတွေ ရှာယူပြီး ပြန် လည်ရေး သား ပြသတယ်။ ဒါကြောင့် မျိုးဆက် သစ်လူငယ်တွေလဲ သူ့ကိုချစ်ရင် သူလိုလူဖြစ်အောင် နေထိုင် ကျင့်ကြံ သင့်တယ်”
ချင်းမိုင်မြို့ထဲက NGO အလုပ် လုပ်နေတဲ့ နန်းရွှေအိမ်ကတော့ ဆခဟ ဟာ အပေါက်ဆိုးတယ်ဆို ပေမယ့်ပွင့်ပွင့် လင်း လင်းဘဲပြောတဲ့အတွက် သူ့ကို ခင်မင်ရင်းနှီးတဲ့သူ များတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူဟာ စေတနာကောင်းတဲ့လူတယောက်ဖြစ်တယ်လို့လဲ သျှမ်းတော်လှန်ရေးသမားဟောင်း စဝ်ဆိုင်ဇုမ့်က အခုလို ဖြည့်စွက် ပြောပါတယ်။
“ ဘယ်သူမှ အပေါက်ဆိုးတဲ့လူ မဖြစ်ချင်ဘူး။ ဒါပေမယ့် သူဟာ အမျိုးသားရေးအတွက် အလုပ်အရမ်းများ ပုဂ္ဂိုလ်ဖြစ်တဲ့ အလျောက် စကားကိုချိုချိုသာသာ ပြောဖို့အချိန်မရှိတာဖြစ်တယ်။သူ့ကိုခင်မင်ရင်းနှီးတဲ့လူတိုင်း သိမှာပါ။ မိတ်ဆွေ အဖြစ် ခင်မင်ချင်လား၊ ရန်သူအဖြစ် ခင်မင်ချင်တာလား ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ် တတ်ရမယ်။ သူမရှိတော့ ပေမယ့် သူ့နေ ရာ အစားထိုးဖို့ ခင်ဗျားတို့လူငယ်တွေမှာ ပိုပြီး တာဝန်ရှိတယ်။ တခေတ်ပြီးတခေတ်၊ တသုတ်ပြီး တသုတ် ကောင်းသ ထက်ကောင်းအောင် ကြိုးစားဖို့ခင်ဗျားတို့မှာတာဝန် ရှိတယ် ”
၁၉၈၃ SSA နဲ့ SURA ပူးပေါင်းတဲ့ခေတ်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြပြီး ဦးစိန်ကြည် တို့ရဲ့ ပုံနှိပ် လုပ်ငန်းနဲ့ တွဲဖက် လုပ်ကိုင်လာရတဲ့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ ကျောင်းဆရာမ နန်းဟန်နွန်း ကတော့ စိုင်းရှဲန်ဂျင့်ဟာ မိမိကိုယ် ရေး ကိုယ်တာကိစ္စ၊မိသားစုကိစ္စမှာအချိန်မပေးနိုင်လောက် အောင် အမျိုးသားရေး အတွက်ကြိုးပမ်းတဲ့ သူ ဖြစ်လို့ သူ့ကို လူတွေကခင်မင်လေးစားကြတာဖြစ်တယ် လို့ပြောပါတယ်။
“ သူဟာ အလုပ်ကို လက်တွေ့ကျကျလုပ်တဲ့လူဖြစ်တယ်။ဥပမာ ကျမအမှတ်ရဆုံးကတော့ ဖေ့လာခ်မော်တောင်း ( သံအိုး ဆွဲ တဲ့ ကဝေ) ဆိုတဲ့သီချင်းဖြစ်လာအောင် သူဟာ ဒယ်အိုးသံအိုးကြီး တွေဆွဲပြီး ရွာထဲပတ်တာ။ အသံက ဘယ်လောက် တောင်နားထောင်ရဆိုးလဲ ဆိုတာသူခံစားကြည့်ချင် တာလေ။ အဲလိုလက်တွေ့ကျကျ ခံစားပြီးမှသီချင်း စပ်တာ။ ကျမနဲ့ သူနဲ့ဆိုရင် အိမ်နီးချင်းတွေလဲဖြစ်၊ ဟိုး SSA နဲ့ SURA ပူးပေါင်းတဲ့ခေတ်က တည်းက လုပ်ငန်းအရလဲပူးပေါင်း လုပ်ကိုင်ရ၊ ပုဂ္ဂိုလ်ရေးအရလဲ မောင်နှမလို ခင်မင်ရင်းနှီးရတယ်ဆိုတော့ သူ့အကြောင်းကျမတို့ ကောင်း ကောင်းသိပါတယ်။ သူတ ယောက်လုပ်တဲ့ အမျိုးသားရေးအလုပ်ဟာ ကျမတို့လို သာမန်လူ ၁၀ ယောက်ကအစား ထိုးလုပ်လဲ ကျမတို့ နိုင်မှာ မဟုတ် ဘူးဆိုတာ တပ်အပ်ပြောနိုင် တယ်။ သူ့မှာ အလုပ်တွေ အဲလောက်များနေတဲ့ အတွက် စကားကိုဖွဲ့နွဲ့ပြောဖို့ အချိန် မရှိတာ ကြောင့် လူတွေက သူ့ကို အာပေါက်ကြမ်းတဲ့လူလို့ သတ်မှတ် တာ ဖြစ်တယ်။ သူဆုံးပါးသွားတဲ့အတွက် နှမြောတသ ဖြစ်ရ ပေမယ့် သူ့နေရာမှာ အစားထိုးနေရာယူဖို့ လူငယ်တွေ ရှိကိုရှိမှာဘဲဆိုတဲ့ အသိတရားနဲ့ ကျမတို့ဝမ်း နည်း ကြေကွဲမှုကို ကုစားပေးမှ ဖြေသာတော့ တယ်”
ဦးစိန်ကြည် မန္တလေး မြို့မှာ ကျောင်းတက်စဉ် နာမည်ကျော်တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်နဲ့ ခင်မင်ရင်းနှီး ခဲ့ တာ ပါ။ အထက်တန်းကျောင်းအောင်မြင်ပြီး ၁၉၇၄ ခုမှာ တောခိုခဲ့ပါတယ်။ တော်လှန် ရေးဘဝ သေနတ်ကျည်ဆံ အပြင် ကလောင်တံ၊ တေးသံ နဲ့လဲ အာဏာရှင်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။
သျှမ်းသံတော်ဆင့်ရဲ့လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်ခေါ် ဆခဟရဲ့ သျှမ်းအမျိုးသားတွေဆီပို့ ဆောင်တဲ့ သူ့ရဲ့ အနု ပညာ စွမ်းရည်က အားကောင်းလှပါတယ်။
မြန်မာအစိုးရအဆက်ဆက်က ပိတ်ပင်ထား ပေမယ့် သျှမ်းတိုင်းရင်းသားတွေကြားမှာသူ့ရဲ့သီချင်းတွေဟာ လူသိ များလှ ပါတယ်။ သူ့ရဲ့တေးသီချင်းနဲ့ပတ်သက်ပြီး မသေခင်က အခု လိုပြောပြဖူးပါတယ်။
“ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူတွေရဲ့ ဖိနှိပ်ခံဘဝကိုဖော်ကျူးတဲ့ သီချင်းတွေပေါ့။ ရောင်ပြန်ဟပ်ပြ တဲ့သီချင်း တွေ ပေါ့။ ကိုယ့်လူမျိုး ကိုယ့်စာပေ ကို်ယ့်တောတောင်ရေမြေကို မြတ်နိုးဖို့ စောင့်ရှောက်ကြ ဖို့နဲ့အမျိုးသား ရေးအတွက် ထမ်းဆောင် ကြဖို့ လူငယ်တွေကို တိုက်တွန်းတဲ့ သီချင်းတွေများပါတယ်။ ကိုယ်တတ်နိုင်တဲ့ ဘက်က ကိုယ်တတ်ထား တဲ့ပညာနဲ့ ဒီမိုက ရေ စီ တော်လှန်ရေးအတွက် တိုင်းရင်းသား တွေရဲ့အခွင့် အရေးရရှိရေးအတွက် နှမ်းတစေ့စာ လောက်ဖြစ်ဖြစ် အလုပ် အကျွေးပြုနိုင်တယ်ဆိုရင် ဒါက ကိုယ်တတ် ထားတဲ့ပညာကို အလဟာသ မဖြစ်အောင် အသုံးချရကျိုးနပ်တယ်ပေါ့။ ”
ဦးစိန်ကြည်ဟာ MTA မုန်းတိုင်းတပ်မတော် ချုပ်ကိုင်မှုမှ ခွဲထွက်ပြီး ၁၉၉၁ ခုနှစ်မှာ ရှမ်းသံတော်ဆင့် သတင်းဌာနကို လက်ရှိ ရှမ်း အယ်ဒီတာချုပ် ဦးခွန်စိုင်းနဲ့တူ လွတ်လပ်တဲ့ သတင်းဌာန အဖြစ်ကွယ်လွန် ချိန်အထိ ရှမ်း၊ ဗမာ၊ အင်္ဂလိပ်၊ ထိုင်း ဘာသာနေ့စဉ်အွန်လိုင်း သတင်းစာ ဖြန့်ချီခဲ့ပါတယ်။
ရှမ်းသံတော်ဆင့်သတင်းစဉ်လုပ်ငန်းလည်ပတ်မှုနဲ့ပတ်သက်ကြီး ဦးစိန်ကြည်အရေးပါပုံကို ဦးခွန်စိုင်း ကအခု လိုပြောပါ တယ်။
“ဦးစိန်ကြည်က အလုပ်အရမ်းလုပ်တယ်။ ၄၀ ရာခိုင်နှုန်းက သူဘဲလုပ်တယ်။ သူကအပေါင်းအသင်း အရမ်း များတော့ သတင်းတွေကို အရမ်းစုဆောင်းနိုင်တယ်။ အခုလိုမျိုးဦးစိန်ကြည် ကွယ်လွန်သွားတာ ဟာ ကျနော်တို့ ဌာနရဲ့အလုပ် ကို အနည်းနဲ့အများ ထိခိုက်မှာတော့ မလွဲပါဘူး”
ထိုင်း၊ အင်္ဂလိပ်၊ ဗမာ ၊ သျှမ်း 4 ဘာသာ ထုတ်ဝေတဲ့ သျှမ်းသံတော်ဆင့်သတင်းစဉ်မှာ ဦးစိန်ကြည်က သျှမ်း နဲ့ မြန်မာ ဘာသာ တာဝန်ယူတည်းဖြတ်ရပါတယ်။ သျှမ်းသံတော် ဆင့်ရဲ့ ပုံမှန် စာစောင် နဲ့ နေ့စဉ်အွန်လိုင်း သတင်းတွေအပြင် မူးယစ်ဆေးဝါးအစီရင်ခံစာထုတ်ပြန်နိုင်ဖို့ အချက်အလက် စုဆောင်းတာတွေ၊ ထိုင်း၊ တရုတ် နယ်စပ်၊ သျှမ်းပြည် အတွင်း ခရီးတွေလဲ မကြာခဏသွားလာ တတ်ပါတယ်။ ရှေးဟောင်းသျှမ်းစာပေ မှ ရှေးအသုံးအနှုန်းတွေ ပြန်လည် ဖေါ်ထုတ်ပြီး ကနေ့မှာပြန်လည်အသုံးပြုဖို့ စိတ်အားထက်သန်သူ တယောက် ဖြစ်ပါတယ်။
လက်ရှိမှာ ကျန်ရှိနေတဲ့ ဦးစိန်ကြည်ရဲ့ ဇနီး နဲ့ သားသမီး ၃ ယောက်တို့က ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့ နယ် ပိန်းလုံကျေးရွာအုပ်စု လတ်တိုင်ရွာမှာ နေထိုင်ပါတယ်။