သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် လွယ်ကန် ဒေသရှိ KIA တပ်မဟာ ၄ ဋ္ဌာနချုပ်အားအစိုးရတပ် များက ယခုလ ၂၄ ရက်နေ့ ညပိုင်းမှစ၍ ထိုးစစ် ဆင်တိုက်ခိုက်နေရာ နှစ်ဘက်တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားပြီး လွယ်ကန်နှင့် နေ့ဝက်ခန့်သွားရ သည့် တလိုင်းရွာသို့ အစိုးရတပ်များရောက်ရှိနေ ကြောင်း သိရသည်။
ထိုးစစ်အတွင်း အစိုးရတပ်များက လွယ်ကောင်းမှုနှင့်လွယ်မာ တပ်စခန်းများမှ KIA တပ်ရင်း ၂ နှင့် တပ်ရင်း ၉ စခန်း နေ ရာများသို့ လက်နက်ကြီးများဖြင့် ဒလစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် KIA တပ်ရင်း ၉ သည် တလိုင်းရွာမှ လည်းကောင်း တပ်ရင်း ၂ သည် တီးမားရွာအနီးမှ လည်းကောင်း ဆုတ်ခွာခဲ့ရကြောင်း KIA သတင်း ရပ်ကွက်မှ သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“စခန်းတွေ သိမ်းသွားတာ မဟုတ်ဘူး ရှေ့တန်းကျောပိုးအိတ်စခန်းတွေ ဆိုတော့ ယာယီဆုတ်ခွာပေးလိုက် တာပါ လွယ် ကန်မှာ လည်း လက်နက်ကိုင်တပ်အင်အား သိပ်များများစားစား မထားဘူး ” ဟု KIAသတင်း ရပ်ကွက်မှ ဆိုသည်။
အလားတူ ကွတ်ခိုင်မြို့နယ် အတွင်းရှိ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေအတွင်း၌လည်း ယမန်နေ့ နံနက် အစော ပိုင်း မှ နေ့လည်ပိုင်းအထိ နှစ်ဘက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လတ်တလော တိုက်ပွဲများအတွင်း KIA ဘက်မှ ၆ ဦးကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း အစိုးရတပ်ဘက်မှ ဒဏ်ရာရသူ ၆၀ ထက်မနည်းကို ဆေးရုံသို့ သယ်ဆောင်သွားကြောင်းလည်း သိရသည်။
အစိုးရတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တီးမားကျေးရွာအုပ်စု နားလုံရွာမှ စိုင်းအိုက်ပေါင်း နေအိမ်နှင့် တလိုင်းရွာမှ နေအိမ် တစ်လုံး လက်နက်ကြီးကျည် ထိမှန်ပျက်စီးသွားပြီး တလိုင်းရွာတွင်ပလောင်အမျိုးသမီး တစ်ဦး သေဆုံးကြောင်း သိရသည်။
တပ်မဟာ ၄ နယ်မြေအတွင်းရှိ ကျေးရွာများမှ ပြည်သူများ ယနေ့အထိ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးနေ ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
ယခုအခါ ကချင်ပြည်နယ်အတွင်း၌ KIA နှင့် အစိုးရတပ်များ တိုက်ပွဲများ ဖြစ်ပွားနေပြီး ယခုလ ၂၃ ရက်နေ့ က ဗန်း မော်မြို့သို့ ဒုကာကွယ်ရေးဦးစီးချုပ် အပါအဝင် ကကလေနှင့် ကကမြောက် စစ်ဦးစီးအရာရှိများ ရောက်ရှိ လာကြောင်း စစ် ဘက်သတင်း ရပ်ကွက် များမှ တဆင့်သိရသည်။