SSPP/SSA နှင့်ဖြစ်ပွါးသောတိုက်ပွဲကြောင့် သေ ကြေ ဒဏ်ရာရ မြန်မာစစ်သားများ နှင့် အသွင် ပြောင်း ပြည်သူ့ စစ်တပ်ဖွဲ့ဝင် များအတွက်လျော် ကြေးငွေ အားနားဟစ်ကျေးလက်လူထုထံ မြန်မာ စစ်တပ်နှင့် ပူးပေါင်း လှုပ်ရှားနေသည့်ဟန်နား ပြည်သူ့ စစ်က ပိုက်ဆံ ကောက်ကြောင်း၊သတ်မှတ် ရက်ထက်ကျော် လွန် ၍ မပေးပါကရွာပြောင်းရမည် ဟုလည်းအမိန့်ပေး ထားကြောင်းလားရှိုးရောက် နားဟစ်ဒေသခံတဦး ကပြော သည်။
ယခုလ ၉ ရက်က ခမရ ၅၂၂ စစ်ကြောင်းနှင့်လိုက်ပါလမ်းပြပေးသည့် ဟန်နားပြည်သူ့စစ်စိုင်းနွံ က နားဟစ်ရွာ ဥက္ကဌ အား ခေါ်ယူတွေ့ဆုံ၍ လျော်ကြေးတောင်းယူခြင်းဖြစ်သည်။
“သွားတွေ့တာက မောက်တောင်းရွာ အတွင်းရေးမှူး ။ ကျေးရွာဉက္ကဌတွေ မသွားဘူး။ သူတို့ ၂ ရွာက ဟန်နား အုပ်စု အောက်ကလေ။ လားရှိုးမြို့နယ် ဟန်နားရွာ ပြည်သူ့စစ် စိုင်းနွံမိန်းက ၉ ရက်နေ့ကခေါ်ပြီး တိုက်ပွဲ ကြောင့် မြန်မာ စစ်သား ၄ ယောက်နဲ့ ပြည်သူ့စစ် ၁ ယောက်သေဆုံးတဲ့ကိစ္စရွာသားတွေလျော် ပေးရမယ်။ ဘာလို့လဲဆိုတော့ အဲဒီတိုက် ခိုက်မှုက သျှမ်းစစ်သားတွေ လုပ်တယ်ဆိုတာခင်ဗျားတို့သိတယ်။ သေသွားတဲ့ မြန်မာစစ်သားနဲ့ ပြည်သူ့စစ်တွေအတွက် တယောက် ကျပ် ၁ သိန်းလျော်ရမယ်။သေဆုံးတဲ့ ပေါ်တာထမ်း အတွက် ကျပ် ၃ သိန်း လျော်ရမယ်လို့ပြော တယ်။ စုစုပေါင်း ကျပ် ရ သိန်းပေါ့” ဟု နားဟစ်ရွာဒေသခံတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
သတ်မှတ်ရက်ထက်ကျော်လွန်ပါက အဆိုပါ ၂ ရွာအား မီးရှို့မည်ဖြစ်ကြောင်း၊ ပိုင်ဆိုင်မှုကိုလည်းယူ ဆောင်ခွင့် ပေးမည် မဟုတ်ကြောင်း စိုင်းနွံမိန်းကပြောသည်ဟု ၎င်းကဆက်ပြောပြသည်။
“ သတ်မှတ်ရက်က ၁၀ ရက် နေ့လည် ၁၁ နာရီလေ။ နားဟစ်ရွာဥက္ကဌကိုယ်တိုင် သူ့ဆီလာပို့ပေးရမယ်တဲ့။ အဲ့ဒီထက် အချိန်နောက်ကျရင်တော့ ၂ ရွာစလုံး ရွာပြောင်းရမယ်တဲ့။ ကျွဲနွားတွေ အိမ်ထဲက ပစ္စည်းတွေ ဘာမှယူခွင့်ပေးမှာ မဟုတ် ဘူးတဲ့။ ရွာကိုပါမီးရှို့မယ်လို့တောင်ပြောတယ်။ ကျနော်တို့လဲ ရွာမီးရှို့ခံရမှာစိုးလို့ ပိုက်ဆံတွေ ကောက်ပြီး ပို့ပေးလိုက်ပြီ” ဟုဆို၏။
အချိန် ၁ ရက်သာ ရက်ချိန်းပေးသည့် ဦးလွယ်မောဝ်လက်အောက်ခံ ဟန်နားပြည်သူ့စစ်လုပ်ရပ်ကြောင့် ဟန်နားဒေသခံ လူထုက “ ဒီပြည်သူ့စစ်တွေ လုပ်လိုက်မှ ငါတို့ဘဝ နေရာမဲ့ဖြစ်တော့မယ်။ သူတို့ပြည်သူ့ စစ်မလုပ်ခင်ကလဲ ထမင်းကျွေး ရတယ်။ သူတို့ပြည်သူ့စစ်ဖြစ်လာတော့လဲ ဗမာစစ်တပ်နဲ့ပေါင်းပြီး ထမင်းရှင်ကို ပြန်ခြိမ်းခြောက်နေတာ။ သူတို့ကို အရာ ရာ ကြောက်နေရတယ်” ဟုသျှမ်းသံတော်ဆင့်သို့ ပြောသည်။
ယခုလ ၄ ရက်က သျှမ်းပြည်တပ်မတော်၏ မြို့နယ် အမှတ် ၁၀ လုံခြုံရေးတပ် တပ်ကြပ် စိုင်းဟန်နှင့် အပေါင်းအပါ ၂ ယောက်က စကခ ၁၆ လက်အောက်ခံ လားရှိုးအခြေစိုက် ခမရ ၅၂၂ မှအင်အား ၂၄ ယောက် ပါ စစ်ကြောင်း တကြောင်း အား ခြုံခိုတိုက်ခိုက်ရာ မြန်မာစစ်တပ် ၄ ယောက်နှင့် ပြည်သူ့စစ်တယောက် (ဌာနေပြည်သူ့စစ်အသွင်ပြောင်း သည့် SSA ဥက္ကဌ ဟောင်း ဦးလွယ်မောဝ်း လက်အောက်ခံ) သေဆုံးခဲ့ခြင်း ဖြစ်သည်။