သုံးပွင့်ဆိုင်ဆွေးနွေးရေး ကင်တားနားထံ ၁၉၉၀ တိုင်းရင်းသားပါတီ ၈ ပါတီ တင်ပြတောင်းဆို

သုံးပွင့်ဆိုင်ဆွေးနွေးရေး ကင်တားနားထံ ၁၉၉၀ တိုင်းရင်းသားပါတီ ၈ ပါတီ တင်ပြတောင်းဆို
by -
မွေခေါဝ်

၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၈ ပါတီက သုံးပွင့်ဆိုင်ဆွေးနွေးရေး အပါအဝင် အချက် ၄ ချက်ပါ ပေးစာကိုကုလသမဂ္ဂမြန်မာ နိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် ထောမတ် အိုဟေးကင်တား နား ထံတင်ပြတောင်း ဆို ခဲ့ကြကြောင်း သိရှိရပါသည်။

//newsdeyea.blogspot.com)“ကျနော်တို့တိုင်းရင်းသား ပါတီ ၈ ပါတီက အချက် ၄ ချက် ရေးသားတင်ပြတောင်းဆိုခဲ့ကြတယ်။ မစ္စတာ ကင်တားနား ကတဆင့် သမ္မတ ဦးသိန်းစိန်နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန် တို့ကို တင်ပြပေးဖို့ပါ” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ပြောပါသည်။

သြဂတ်စ် ၂၀ ရက် နေ့စွဲဖြင့် တိုင်းရင်းသားပါတီဟောင်း ၈ ပါတီ တင်ပြတောင်းဆိုသည့် အချက် ၄ ချက်မှာ -
၁. တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ အကျဉ်းကျနေသည့် တိုင်းရင်းသားခေါင်းဆောင်များ၊  ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီအရေးလှုပ်ရှာနေသူများ ပါဝင်သင့်ပါဝင်ထိုက်သည့်ပုဂ္ဂိုလ်များ ပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်ပေးရန်။
၂. စစ်မက်ရေးရာဒေသတွင် စစ်ဘေးစစ်ဒဏ်သင့်လူထု အကူအညီရရှိရန်၊ ကူညီနိုင်သည့်ပုဂ္ဂိုလ်များ ဝင်ရောက် အကူအညီပေးနိုင်မည့် အခွင့်အရေးရရှိရန်။
၃. အကျဉ်းကျနေသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်၊ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် လက်တွေ့ကျကျ တာဝန်ယူဖြေရှင်းပေးရန်။
၄. ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် တိုင်းရင်းသားပါတီများကို အသိ အမှတ်ပြု ဆက်ဆံရန်- တို့ဖြစ်သည်။

သြဂတ်စ် ၂၄ ရက် မစ္စတာ ကင်တားနားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံချိန်တွင် ဒေါ်အောင်ဆန်းစုကြည် မှတ ဆင့် တင်ပြပေးရန် တိုင်းရင်းသားပါတီများက မေတ္တာရပ်ခံစာ ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ထောမတ်အိုဟေးကင်တား နားထံ စာရေးသား တင်ပြသည့် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများမှာကချင် ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် (KNCD)၊ ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်(KNCD)၊ ဇိုမီးအမျိုးသား ကွန်ဂရက်(ZNC) ၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့(MNDF) ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ၊ ကယန်း အမျိုးသား ညီညွှတ်ရေးနှင့် ဒီမိုကရေစီအဖွဲ့(DOKNU)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD) တို့ဖြစ်ကြသည်။

သြဂတ်စ် ၂၃ ရက်၌လည်း ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီ ၁၇ ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးနှင့် မစ္စတာ ကင်တားနားတို့ တွေ့ဆုံခဲ့ကြသေးသည်။

Most read this week