မူစယ် - မန္တလေးလမ်းတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြန်ပြီ

မူစယ် - မန္တလေးလမ်းတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြန်ပြီ
by -
သျှမ်းသံတော်ဆင့်

တရုတ်နိုင်ငံမှ ဝယ်ယူလာသည့် စစ်ကားအသစ် အစီး ၁၀၀ ကျော်ပါ အစိုးရစစ်တပ် ယာဉ်တန်းကို မူစယ် - မန္တလေးလမ်း နမ့်အွန်ရွာ အနီးတွင်ယမန် နေ့ နေ့လည် ၁ နာရီခန့်က အမည်မသိလက်နက် ကိုင်များဗုံးခွဲတိုက်ခိုက်ခဲ့ရာနှစ်ဦးသေ ဆုံးပြီးတစ်ဦး ဒဏ်ရာရ ရှိကြောင်း စုံစမ်းသိရသည်။

မူစယ်- မန္တလေးလမ်းမပေါ်တွင် နှစ်ရက်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး စစ်ကားတချို့ လည်း ပျက်စီးမှုရှိ ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
MG_SHAN
“မူစယ် ၁၀၅ မိုင်အထွက် နမ့်အွန်ရွာ အနီးပေါ့ ခိုင်းပါရင်ဆိုတဲ့နေရာမှာဖြစ်တာ။ သူတို့ကဗုံး အရင်ခွဲလိုက်ပြီးသေနတ်လည်း နည်းနည်းပါးပါးပစ်တယ် ၂ ယောက်ကတော့တစ်ခါတည်းသေ သွားတယ်။ ဒဏ်ရာရတဲ့တစ် ယောက်ကိုဆန်နီကား နဲ့ မူစယ်ဆေးရုံခေါ်လာတာ ဆေးရုံမှာ ထပ်သေတယ် ” ဟု သူက ဆိုသည်။

ယခုလ ၂၄ ရက်နေ့ကလည်း နမ့်ဖတ်ကာမြို့နယ်ခွဲ လွယ်ပန်စလော့ တောင်ခြေအနီးတွင် မူစယ် - မန္တလေး လမ်း လုံခြုံရေး တာဝန်ယူနေသည့် မြန်မာစစ်သည်နှစ်ဦး စျေးဆိုင်မှထွက်လာစဉ်သေနတ် သမားများက အနီးကပ်ပစ်ခတ်သွား သည်။

အဆိုပါ တိုက်ခိုက်သည့် လက်နက်ကိုင်များမှာ KIA တပ်ဖွဲ့မှ ဖြစ်ဖွယ်ရှိကြောင်း အများက ထင်ကြေးပေး နေကြ သော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Most read this week