လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် နှင့် လွှတ်တော် အမတ်များ နေပြည်တော်၌ ဆွေးနွေးစဉ် စစ်မြေပြင်ရှိ သျှမ်းရွာတရွာအား အစိုးရစစ်တပ်မီးရှို့

လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် နှင့် လွှတ်တော် အမတ်များ နေပြည်တော်၌ ဆွေးနွေးစဉ် စစ်မြေပြင်ရှိ သျှမ်းရွာတရွာအား အစိုးရစစ်တပ်မီးရှို့
by -
သျှမ်းသံတော်ဆင့်

ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့် အရေး ကိုယ်စားလှယ်တော့မတ်စ်အိုဟေးကင်တား နား နှင့်တိုင်းရင်းသားလွှတ်တော်အမတ်များတွေ့ဆုံ စကားပြောကြစဉ် သျှမ်းပြည်တောင်ပိုင်းစစ်မြေပြင် အတွင်းက ကျေးရွာတရွာအားအစိုးရစစ်တပ်မီးရှို့ ဖျက်ဆီးလိုက်ကြောင်းဒေသတွင်းသတင်းရပ်ကွက် မှ သိရပါသည်။

“ကျေးသီးမြို့ အရှေ့မြောက်ဘက် ရ လောက် ဝေးတဲ့ ဝမ့်ဖွီးအုပ်စု ဝမ့်နားပိန်းရွာကို မနက် ၉ နာရီ ထိုးခါနီး လောက် ကစရှို့တယ်။ ကျွဲ နွား ကောက်ရိုးထားတဲ့တဲတွေပါမချန်ဘူး၊ အကုန်ရှို့ပစ်တာ” - ဟု ကျေးသီးမြို့ ရောက်  ဂေါပကတဦး ကပြောပါ သည်။
shan-refugee
ဩဂတ်စ် ၂၃ ရက် မနက်ပိုင်း၌ နေပြည်တော်ရောက် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင် လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား နှင့် တိုင်းရင်းသားလွှတ်တော်အမတ်များတွေ့ဆုံစဉ် သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် အရှေ့မြောက်ဘက် ( ရ မိုင်ခန့်) ဝမ့်ဖွီး ကျေးရွာအုပ်စု ဝမ့်နားပိန်း ရွာအား မြန် မာအစိုးရတပ် တပ်မ ၅၅ လက်အောက်ခံ နောင်ချို အခြေစိုက် ခမယ ၁၁၄ က မီးရှို့ဖျက်ဆီး လိုက်ကြောင်း ကုန်သည်တဦးက ဤကဲ့သို့ ပြောပြပါသည်။

“ဝမ့်နားပိန်းရွာက အိမ်ခြေ ၆ လုံးဘဲရှိတာ။ လူဦးရေလဲ ၃၂ ယောက်။ လယ် ယာ လုပ်ငန်းဘဲအဓိကလုပ် ကိုင်တာ။ အားရက်နဲ့ ဥပုသ်ရက်တွေဆို ဆွပ်တုံစေတီတော်ဘုရား/ဘုန်းကြီးကျောင်းဝေယျာဝစ္စဘဲ လုပ်ကြတာ။ ပြီးခဲ့တဲ့အပတ် အဲဒီရွာနားက တောစပ်မှာ တိုက်ပွဲဖြစ်တယ်။ ဗမာစစ်တပ်က စစ်ကြောင်းမှူး သေတာကိုမကျေ နပ်လို့ ရွာကိုလာရှို့တာ။ သူပုန်တွေကိုထောက်ပံ့ဦးဟဲ့၊ မင်းတို့သျှမ်းတွေအကုန်သေမယ် လို့တောင်အော်ပြော သွားတယ်တဲ့”

အဆိုပါဒေသအတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ်များမှာ ဟိုပန်အခြေစိုက် ခလရ ၁၄၃၊ နောင်ချို အခြေ စိုက် ခမရ ၁၁၄ ၊ ၅၀၄၊ လားရှိုးအခြေစိုက် ခမရ ၅၀၇ ၊  သီပေါ အခြေစိုက် ခမရ ၅၀၃၊   နမ့်လန်အခြေစိုက် ခမရ ၅၀၅ နှင့် ၅၀၆ အပြင်၊ မိုင်းရယ် (ဝမ့်ဖျက်) အခြေစိုက် ခလရ ၂၂  နှင့် ၆၇ တို့ဖြစ်သည်။

ဩဂတ်စ် ၁၁ ရက်နေ့ကလည်း သျှမ်းစစ်သားနှစ်ဦးက အစိုးရတပ်သားအားဓါးဖြင့်ခုတ် သေနတ်လုပြေးရာ လိုက်လံ ပစ်ခတ် ဖမ်းဆီးခြင်း မမိသောကြောင့် မိုင်းရယ်မြို့ အနောက်ဘက် ၁၀ မိုင်အကွာ ဝမ့်ဇန့် ကျေးရွာ ထဲသို့ ၄၀ မမ ၂၄ လုံးပစ်ခတ်သောကြောင့် ရွာသား ၆ ဦး ဒဏ်ရာရရှိကာ ကျေးရွာဥက္ကဌ၏ (ကျပ် ၁၈၅ သိန်းခန့် တန်ဖိုးရှိ) အိမ် မီးလောင်ပျက်စီးသွား၏။ အစိုးရက အဆိုပါအရေးအခင်းကို  SSA (ဝမ့်ဟိုင်း) ၏ လက်ချက် ဟု ၁၇ ရက်နေ့ထုတ် ၎င်းပိုင် မြန်မာ့အလင်းသတင်းစာ၌ ရေးသားဖော်ပြခဲ့သည်။

Most read this week