စစ်ပြေးဒုက္ခသည် စခန်းဖွင့်လှစ်နိုင်ရေးကိစ္စ ကင်တားနားထံ ကျားဖြူပါတီတင်ပြ

စစ်ပြေးဒုက္ခသည် စခန်းဖွင့်လှစ်နိုင်ရေးကိစ္စ ကင်တားနားထံ ကျားဖြူပါတီတင်ပြ
by -
မွေခေါဝ်

သျှမ်းပြည်အတွင်း တိုက်ပွဲများကြောင့်ဒေသခံရွာ သူရွာသားများ အိမ်နီးချင်းတိုင်းပြည်သို့ထွက်ပြေး ခိုလှုံခြင်း မရှိအောင်စစ်ပြေးဒုက္ခသည်စခန်းဖွင့်လှစ် နိုင် ရေးကိစ္စသျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ(ခေါ်)ကျားဖြူပါတီက ကုလသမဂ္ဂမြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာကိုယ်စားလှယ်  တောမတ် အိုဟေးကင် တားနားထံ တင်ပြခဲ့ကြောင်းသိရှိရပါ သည်။

 ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းဆောင်ဆီ“စစ်ပြေးဒုက္ခသည်တွေ တခြားနိုင်ငံတွေဆီ မထွက်ပြေးရအောင်စစ်မြေပြင်နဲ့နီးတဲ့မြို့တွေမှာဒုက္ခသည် စခန်းဖွင့် နိုင် ဖို့မစ္စတာကင်တား နားဆီ တင်ပြတယ်။ဒုက္ခသည်တွေရဲ့အခက်အခဲ တွေကိုကျနော်တို့ လူထုကိုယ်စားလှယ် တွေက အနီးကပ်  အကူအညီပေးနိုင်ဖို့ပေါ့”ဟုကျားဖြူ ပါတီမှ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီ ကပြောပါသည်။

သြဂတ်စ် ၂၃ ရက် နံနက် ၁၀:ဝဝ နာရီခန့်၌ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီ ၁၇ ပါတီမှလွှတ်တော်ကိုယ်စား လှယ် ၁၉ ဦး နှင့် မစ္စတာကင်တားနားတို့ တွေ့ဆုံခဲ့ကြရာ ကျားဖြူပါတီမှ စစ်ပြေးဒုက္ခသည်စခန်းဖွင့် လှစ် နိုင်ရေးကိစ္စနှင့် ဒီမိုကရေစီ နည်းကျ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးကိစ္စ - အချက် ၂ ချက် တင်ပြကြောင် သိရှိရပါသည်။

“ဥပဒေမူကြမ်းလဲ ကျနော်တို့ လက်ထဲရောက်လာပြီ။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဒီမိုကရေစီနည်းကျ ရွေး ချယ်ဖို့ မူကြမ်း ပေါ့။ မူကြမ်းကို လေ့လာကြည့်ရင် စစ်မှန်တဲ့ ဒီမိုကရေစီက လူထုဘက်တဖြည်းဖြည်းဦး လှည့် လာနေပြီလို့ ပြောလို့ရတယ်။ ဒါကြောင့်ကောင်းတဲ့လက္ခဏာလို့ ဆိုရမှာဘဲ” ဟု၎င်းကဆက်လက် ပြော ပါသည်။

အရွေးကောက်ခံရ ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ် ကျားဖြူပါတီ ဒုဥက္ကဋ္ဌလည်းဖြစ်သည့်စိုင်းဆောင်ဆီ ၏ စစ်ပြေး ဒုက္ခသည်ဆိုင်ရာတင်ပြချက်အား မစ္စတာကင်တားနားက စိတ်ဝင်တစားမှတ်သားထားကြောင်း၊ ၎င်းအနေ ဖြင့် ကူညီပေး နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ သို့သော် မစ္စတာကင်တားနားက မိမိတို့သည် ပြည်သူလူထုက ရွေးချယ်တင်မြောက် ထားသည့် ကိုယ်စားလှယ်များဖြစ်သည့်အတွက်ပြည်သူတို့၏အသံ ကို နားထောင်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူတို့၏ဆန္ဒသဘောထားတောင်းဆိုချက်များအားဥပဒေ မူကြမ်းရေး ဆွဲ ပေးသင့်ကြောင်း၊ ၎င်းအနေဖြင့် တတ်စွမ်းသမျှ ကူညီသွားမည်ဖြစ်ကြောင်းပြန်လည် ဖြေကြား ခဲ့သည်ဟုဆို၏။

ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာကိုယ်စားလှယ် မစ္စတာကင်တာနားနှင့်လွှတ်တော်ကိုယ်စား လှယ်များ တွေ့ဆုံနေစဉ် တဖက်၌လည်း သျှမ်းပြည်တွင်း မြန်မာစစ်တပ်များအင်အားဖြည့်တင်းကာ ကျေးသီးမြို့ နယ် ဝမ့်ဖွီးကျေး ရွာအုပ်စုရှိ ဝမ့်နားပိန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးလိုက်သည့်သတင်းရောက် ရှိလာခဲ့သည်။