တရုတ် - မြန်မာနှစ်နိုင်ငံ နယ်စပ်အနီးရှိ မြန်မာ အစိုးရ ဝန်ထမ်းပေါင်းစုံ စစ်ဆေးရေးဂိတ်အားယမန် နေ့ ညနေ ၅ နာရီ ခန့်က KIA နှင့် SSA ပူးပေါင်း တပ်များ ဝင်ရောက်စီးနင်းခဲ့ရာ တာဝန်ကျဝန်ထမ်း များတရုတ်ဘက်ခြမ်း သို့ ထွက်ပြေးလာကြောင်း သိရသည်။
ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီးရွာအနီး နမ့်မွန်းတံတား၌ ဖွင့်လှစ်ထားသောနယ်စပ်စစ်ဆေးရေး ဂိတ်ကို လက်နက်ကိုင် နှစ်ဖွဲ့ ပူးပေါင်း စီးနင်းခဲ့ကြောင်း၊ ၎င်းလက်နက်ကိုင်များနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ အတည် ပြုပြောသည်။
အဆိုပါစီးနင်းမှု၌ ဂိတ်တာဝန်ကျ လဝကဝန်ထမ်းတစ်ဦး သေနတ်ထိမှန်သေဆုံးသည်ဟု ဒေသခံများက ဆိုသော် လည်း သျှမ်းသံ တော်ဆင့်မှ သီးခြားစုံစမ်း၍မရသေးပေ။
“ရဲ ၊ လဝက ၊ စရဖ စုပေါင်း ထိုင်တဲ့ဂိတ်ပေါ့။ ဝင်စီးတယ် ဆိုတာက နှစ်ဘက်ပစ်ခတ်မှုတော့မရှိဘူး။ လက်နက် ကိုင် တွေဝင်လာ တော့ ဝန်ထမ်းတွေ အကုန်လုံး တရုတ်ဘက်ကမ်း ထွက်ပြေးလာတယ်။ ဂိတ်ကိုလည်း ရိုက်ချိုး ဖျက်ဆီးသွား တာ ပေါ့။ လဝက တစ်ယောက် ရုံးထဲဝင်ပုန်းတာသေသွားတယ်လို့ ကြားတယ် ” ဟုနယ်စပ်ဒေသ ခံတစ်ဦး က ဆိုသည်။
ကချင်ပြည်နယ်အတွင်း KIO နှင့် မြန်မာအစိုးရကိုယ်စားလှယ်များ အပစ်ရပ်ရေးညှိနှိုင်းနေစဉ်အတွင်းနှစ် ဘက် စစ်ရေး ပြင်ဆင်မှု များ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။