စဝ်ယွတ်စစ် ဦးဆောင်သောသျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်RCSS/ SSA (လွယ်တိုင်းလျဲန်း)နှင့်နေပြည်တော်ကငြိမ်း ချမ်း ရေးအတွက် တွေ့ဆုံဆွေးနွေးလိုသည့်ဆန္ဒရှိ ကြောင်း သိရှိရပါသည်။
“လွယ်တိုင်းလျဲန်းနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ထိုင်းအာဏာပိုင်တွေ ဝင်ရောက်ကူညီစေချင်တယ်ဆိုတာ မြန်မာ စစ်တပ်က ပြောလာတယ်လို့ ထိုင်းအာဏာပိုင်တွေ ကျနော်တို့ကို ပြန်လာပြောပြတယ်။ ဒါပေမဲ့အခုထက် ထိတော့ အကောင် အထည်ဖော်နိုင်တာ ဘာမှမရှိသေးပါဘူး” ဟု RCSS/SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယွတ်စစ် က ပြောပါသည်။
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ လွယ်တိုင်းလျဲန်းမှ အမြဲတမ်း တံခါးဖွင့် လက်ကမ်းကြိုဆိုလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးခြင်းသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသဖြင့် စာဖြင့် တရားဝင်အကြောင်း ကြားသင့်ကြောင်း ၎င်းက ဆက်လက်ပြောပါသည်။
နအဖအစိုးရနှင့် SSA လွယ်တိုင်းလျဲန်းတို့သည် ၂၀၀၇ မေ ၂၃ ရက်နေ့၌ ထိုင်းနယ်စပ် မယ်ဆိုင်မြို့တွင်တွေ့ဆုံ ဆွေး နွေးရန် စီစဉ်ထားခဲ့သော်လည်း စစ်အစိုးရဖက်က တာချီလိတ်သို့ သွားရောက်တွေ့ဆုံရန်ဖိအားပေးခဲ့ သည်။ နေရာ ပြောင်းရွှေ့မှုကို လွယ်တိုင်းလျဲန်းက လက်မခံဘဲ နှစ်ဖက်စလုံးနစ်နာမှု မရှိသောပထမခြေလှမ်း အဖြစ် ယုံကြည်မှု တည် ဆောက်သင့်သည့် တတိယနေရာ မယ်ဆိုင်တွင်သာတွေ့ဆုံနိုင်သည်ဟုအကြောင်း ပြန်ခဲ့သည် ကို နအဖက ပယ်ချလိုက် သောကြောင့် ယနေ့တိုင် တွေ့ဆုံဆွေးနွေးခြင်း တကြိမ်တခါမျှမရှိခဲ့သေး ပေ။