မြန်မာစစ်တပ် တိုက်လေယာဉ် ၄ စင်း SSPP/SSA ထိန်းချုပ်နယ်မြေအထက် ပျံဝဲ

မြန်မာစစ်တပ် တိုက်လေယာဉ် ၄ စင်း SSPP/SSA ထိန်းချုပ်နယ်မြေအထက် ပျံဝဲ
by -
မွေခေါဝ်

မြန်မာစစ်တပ်မှ တိုက်လေယာဉ် ၄ စင်းသျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော်(SSPP/ SSA) ထိန်းချုပ် နယ်မြေအထက်သန်းခေါင်ယံကျော် အချိန် လာရောက်ပျံဝဲကြောင်း သိရှိရပါသည်။

“ပြီးခဲ့တဲ့လက နမ့်ပုတ်မှာ ပျံဖူးတဲ့ လေယာဉ်လိုဘဲ။ ၄ စင်းစလုံး နိမ့်နိမ့်လေးဘဲ ပျံတယ်။ တစင်းက အရမ်းနိမ့်လို့ သစ်ပင်ဖျား တွေတောင် ထိတော့မယ်။ နှစ်စင်းက မီးထွန်းတယ်။ နှစ်စင်းက မီးမထွန်းဘူး။ ကျနော်တို့ရွာသား တွေလဲ သူတို့ဗုံးလာကြဲမှာ စိုးလို့ ကျင်းတွေထဲမှာ ချက်ချင်း သွားပုန်းနေကြတယ်။ တနေကုန် ကျင်းထဲမှာဘဲ ပုန်းအောင်းနေကြတယ်။ အပြင်မထွက်ရဲ ဘူး” ဟု ကျေးသီးမြို့နယ် ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါသည်။
planeသြဂတ်လ ၉ ရက် နံနက် ၁း၁၆ နာရီခန့် မြန်မာစစ်တပ်မှ တိုက်လေယာဉ် ၄ စင်း မိုင်းနောင်မြို့နယ်ကို ဖြတ်ကျော်ကာ SSPP/SSA ထိန်းချုပ်နယ်မြေဖြစ်သော ကျေးသီးမြို့နယ် ဝမ့်ဝ၊ ဝမ့်မိတ်၊ ဝမ့်ဝပ်ကျေးရွာအုပ်စု (မိုင်းရှူး-မိုင်းရယ် ကားလမ်း အနောက်ဘက်)၊ နမ့်ပုတ်တပ်စခန်းနှင့် လွယ်ကုန်-လွယ်ကဲန်း(အနီး) ပျံဝဲကြောင်း၊ တောင်ဘက်စူးစူးမှလာ၍ လာသည့် လမ်းကြောင်းအတိုင်း ပြန်သွားကြောင်း ဆို၏။

“အမှန်တော့ သျှမ်းပြည်တပ်မတော် ကြောက်အောင် လာခြောက်တဲ့ သဘောပါ။ ပြည်သူကတော့ ကြောက်လို့ အိမ်ပြင် မထွက်ရဲကြဘူး။ လယ်ထဲမဆင်းရဲ၊ အလုပ်လဲ သွားမလုပ်ရဲကြဘူးပေါ့” ဟု သျှမ်းပြည်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှ က ပြောပါသည်။

ဂျူလိုင် ၁၃ ရက် ကျေးသီးမြို့နယ်အတွင်းရှိ နမ့်ပုတ်တပ်စခန်း၌ မြန်မာစစ်တပ်နှင့်သျှမ်းပြည်တပ်မတော်တို့ အကြား တိုက် ပွဲပြင်းထန်းနေစဉ် နမ့်ဇန်လေယာဉ်ကွင်းမှ ရှရှားလုပ် MIG 29 တိုက်လေယာဉ်တစ်စင်းနမ့်ပုတ် တပ်စခန်း အထက် ၃ ခေါက်ခန့် ပျံဝဲခဲ့ဖူးသည်။

Most read this week