ယနေ့မနက် ၀၆: ၀၀ ကျော်တွင်သျှမ်းပြည်တပ်မ တော်ပူးပေါင်းတပ်ဖွဲ့က မြန်မာစစ်ကြောင်း တ ကြောင်း အား ခြုံခိုတိုက်ခိုက်ခဲ့ရာ၁၀ယောက် ထက် မနည်းသေကြေဒဏ်ရာရသည်ဟု ကျေးသီးမြို့ခံများ ကပြော ပါသည်။
“ကျေးသီးကနေ မိုင်းနောင် မိုင်းနန်းဘက်သွားတဲ့ မြန်မာအစိုးရ စစ်တပ် ယဉ်တန်းတခုကို သျှမ်းတပ် (တောင်/ မြောက်) နှစ်ဖွဲ့ပေါင်းပြီး ခြုံခိုတိုက်ခိုက်တယ် ။ ဗမာဘက်က ၁၀ ထက်မနည်း ဒေသကြေ ဒဏ်ရာ တယ်” ဟု ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါသည်။
ယနေ့မနက်(10/8/2011) မနက် ၆:၂၀ နာရီတွင် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ရ၂တပ်ရင်း ၁ လက်အောက်ခံ နယ်လှည့်စစ်ကြောင်းတကြောင်းက မြန်မာတပ်စစ်ကြောင်းတခုအား ကျေးသီးမြို့ အရှေ့တောင် ဘက် နောင်ဆွမ်းရွာနှင့် ဝမ့်ဖိုင်ရွာအကြား (ခိုမိုင့်လျဲန်တံတား/လွယ်စောင့်တောင်အနီး) ခြုံခိုတိုက် ခိုက်ခဲ့ကြောင်း အမည်မဖေါ်လိုသည့် SSPP/SSA အရာရှိတဦးက ပြောပါသည်။
“ပြည်သူ ပြောသလိုဖြစ်နိုင်ပါတယ်။ အဲဒေသ ကျနော်တို့လှုပ်ရှားတဲ့နယ်မြေဘဲ။ ကျနော်တို့နဲ့ SSPP/SSA ပူးပေါင်း လှုပ်ရှားနေတာကြာပါပြီ။ ဒီတိုက်ပွဲနဲ့ပတ်သက်လို့တော့ ဒေသအတွင်းသတင်းမရောက်သေးတော့ ဘာမှ မပြောလိုပါဘူး” - ဟု RCSS/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။
ထို့အတူ ပြီးခဲ့ တနင်္လာ (၈/၈/၂၀၁၁) ကလည်း မိုင်းရှူးမြို့နယ် (ကျေးသီး - မိုင်းရှူးလမ်းပေါ် ) ဝမ့်ဆော့ရွာ အရှေ့ဘက် ဟိုင်းပါအုပ်စုသို့လမ်းခွဲအနီး မြန်မာစစ်တပ်စစ်ကြောင်းတခုအား သျှမ်းပြည်တပ်မတော် SSPP/ SSA တပ်မဟာ ရ၂ လက်အောက်ခံ တပ်ရင်းအမှတ် ၂၄ မှ စစ်ကြောင်းတခုက ဆွဲမိုင်းဖြင့် ခြုံခို တိုက်ခိုက်ခဲ့ ကြောင့် မြန်မာစစ်တပ်ဘက် ၈ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရှိသည်ဟု သျှမ်းပြည်တပ်မတော် အသိုင်း အဝိုင်းကပြောသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။